ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)
ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ စကားဝှက် ဟာ မျက်ရည်လို့ ငါမပြောခဲ့ဘဲ စစ်မြေပြင်ထဲ မင်း ဆင်းသွားပြီ ငါးလေးတွေ ခုန်တာ လွတ်မြောက်ချင်လို့လား ငါ မသိဘူး အသက်ရှင်ခြင်း အတွက် ပလက်ဖေါင်း ပေါ် လုတက်နေရတဲ့ အခန်းအချို့လည်း ငါ့မှာ ရှိခဲ့ မိဝေရေ သဲလွန်စ ချန်ထားခဲ့မယ် ကမ္ဘာမှာ အသက်ရှူပေမယ့် စိတ်သေနေတဲ့ လူလည်း ရှိတယ် ဆိုတာ တစ်နေ့က ကဗျာရေးထားတဲ့ စာအုပ်လေး မိုးမိလို့ ဖျားတယ် ဟို တစ်ရက်က အနာတွေ များနေတဲ့ ပန်းသီးတစ်လုံး ကို အံဆွဲထဲ သိမ်းထားလိုက်တယ် နေရတာလည်း တထိတ်ထိတ်ပါပဲ မိဝေရယ် မိုးများပြိုလာမလား ကလေးအတွေးနဲ့ ဓါတ်ပုံတွေ လိုက်သိမ်းနေမိတယ် ညလေးတွေကို ရေတွက်တယ် ကြယ်လေးတွေ ကို နေရာပြန်ချတယ် မီးပုံးပျံတို့ မိုးပျံပူဖေါင်းတို့ ဆိုတာ အချိန်တန် မြေကြီးပေါ် ပြန်ရောက်မယ်ဆိုတာ သိထဲက အဲဒါတွေကို မြင်ရင် စိတ်ထဲ အားမကျတော့ဘူး မိဝေ နေ့စဉ် ဘဝ ဆိုတာ ကိုယ့် ရူးသွပ်မှူ နဲ့ ကိုယ်နေပါ ဟာ သံလိုက်ကြီး လက်ထဲကိုင်ပြီး သစ်သား အိမ်ကြီးထဲ ငါရောက်နေတာ မိဝေ ဒါပါပဲ တောနင်းရှာသူတွေပါ ထပ်ပျောက်သွားတဲ့ တောနက်ထဲ အခိုက်အတန့် ဆိုတဲ့ စာတန်းလေး ခုချိန်...