Posts

Showing posts with the label ကဗ်ာဆရာႀကီးမ်ား၏ကဗ်ာမ်ား

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ စကားဝှက် ဟာ မျက်ရည်လို့ ငါမပြောခဲ့ဘဲ စစ်မြေပြင်ထဲ မင်း ဆင်းသွားပြီ ငါးလေးတွေ ခုန်တာ လွတ်မြောက်ချင်လို့လား ငါ မသိဘူး အသက်ရှင်ခြင်း အတွက် ပလက်ဖေါင်း ပေါ် လုတက်နေရတဲ့ အခန်းအချို့လည်း ငါ့မှာ ရှိခဲ့ မိဝေရေ သဲလွန်စ ချန်ထားခဲ့မယ် ကမ္ဘာမှာ အသက်ရှူပေမယ့် စိတ်သေနေတဲ့ လူလည်း ရှိတယ် ဆိုတာ တစ်နေ့က ကဗျာရေးထားတဲ့ စာအုပ်လေး မိုးမိလို့ ဖျားတယ် ဟို တစ်ရက်က အနာတွေ များနေတဲ့ ပန်းသီးတစ်လုံး ကို အံဆွဲထဲ သိမ်းထားလိုက်တယ် နေရတာလည်း တထိတ်ထိတ်ပါပဲ မိဝေရယ် မိုးများပြိုလာမလား ကလေးအတွေးနဲ့ ဓါတ်ပုံတွေ လိုက်သိမ်းနေမိတယ် ညလေးတွေကို ရေတွက်တယ် ကြယ်လေးတွေ ကို နေရာပြန်ချတယ် မီးပုံးပျံတို့ မိုးပျံပူဖေါင်းတို့ ဆိုတာ အချိန်တန် မြေကြီးပေါ် ပြန်ရောက်မယ်ဆိုတာ သိထဲက အဲဒါတွေကို မြင်ရင် စိတ်ထဲ အားမကျတော့ဘူး မိဝေ နေ့စဉ် ဘဝ ဆိုတာ ကိုယ့် ရူးသွပ်မှူ နဲ့ ကိုယ်နေပါ ဟာ သံလိုက်ကြီး လက်ထဲကိုင်ပြီး သစ်သား အိမ်ကြီးထဲ ငါရောက်နေတာ မိဝေ ဒါပါပဲ တောနင်းရှာသူတွေပါ ထပ်ပျောက်သွားတဲ့ တောနက်ထဲ အခိုက်အတန့် ဆိုတဲ့ စာတန်းလေး ခုချိန်...

ငါဟာ ကာတွန်းကားထဲကလို အမြဲ ရှုံးနေတဲ့ ကြောင်ပါ မင်းလည်း နိုင်ပါ မိဝေ (ထွဏ်းသွေးအိမ်)

Image
ငါဟာ ကာတွန်းကားထဲကလို အမြဲ ရှုံးနေတဲ့ ကြောင်ပါ  မင်းလည်း နိုင်ပါ မိဝေ ————————————— ရေတံခွန် ရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ စမ်းချောင်းလိုပါပဲ သိမ်ငယ်မှုတွေ နဲ့ ပဲ စီးဆင်းလို့ နီးမလိုလိုနဲ့ ဝေးဝေးသွားတဲ့ လမ်းပေါ် မင်းခြေသံကို အလွတ်မှတ်မိနေတဲ့ ပိုးစုန်းကြူးလေး တွေ က ညကျ စကားတွေ လာလာပြောရဲ့ တစ်ခါက ဒီတနင်္ဂနွေတွေ အသက်ဝင်ခဲ့တာ ကို သမိုင်းစာအုပ်ထဲ အတိအကျ ရှိခဲ့ပါတယ် မင်း မျက်မှန်ကိုင်းဟောင်းလေး မှာ သေချာရှာကြည့်ရင် တွဲလဲခိုနေတဲ့ အလွမ်းတွေ မြင်ရမှာ မျက်နှာကြက်က အိမ်မြှောင် လက်ပေါ်ပြုတ်ကျတဲ့ နေ့က ငါ အကောင်းပဲ တွေး ခဲ့တာ ပါ မိဝေ တရားဓမ္မ က နေ လည်း ငါ့ကို ဆုံးမပါ ငါ လိမ္မာပါ့မယ် ဘဝထဲ ကိုယ့်ဘူတာလေး နဲ့ ကိုယ် ဖြစ်တော့မှ မင်း ရထား လာ မရပ်တော့ဘူး ဆို သံသရာဆိုတာကြီး ထဲ ကိုယ် ခုန်ချနေခဲ့တော့မယ်  မိဝေ စတိုး ဆိုင်ထဲ ဝင်ကြည့်တော့ မင်း ရယ်သံ တွေ က ဝယ်လို့မရဘူး လှေခါးထစ် တစ်ခု ကျန်အုံးမယ် ဆို ချန်ထားပေးပါ့လား မိဝေ “ ကံ ” ဆိုတာကြီး က မျက်နှာသာပေးခဲ့ ရင် မင်း ဘုံ နား လာချင်လို့ပါ ထွဏ်းသွေးအိမ် ၂၄-၂-၂၀၁၉

ရန်သူတွေကို အားနာတယ် မိဝေ (ထွဏ်းသွေးအိမ်)

Image
ရန်သူတွေကို အားနာတယ် မိဝေ မျက်စိမလည်ပါဘူး မင်း အနားနေချင်လို့  လမ်းတွေမှားနေတဲ့ပုံစံနဲ့ ဘယ်မှမသွားဘဲ မန္တလေး နဲ့ မင်းကို သိပ်ချစ်တာ မိဝေရ ငါ့မှာ ငါးရာတန်တစ်ရွက်ထဲ ရှိတောင် သုံးရာဖိုး မင်း ဘာစားစား ငါ့မှာ အသက်ကယ် အင်္ကျီ တစ်ခုထဲ ရှိနေရတောင် မင်း ပေးခဲ့မယ် ပင်လယ်နဲ့အတူ ငါနေခဲ့မယ် မေတ္တာသုတ် ပဲ ထပ်ရွတ် မိဝေ ရန်သူတွေ  သူ့ဟာသူ အမြင်မှန်ရလာ လိမ့်မယ် အဆိုးမြင် ဝါဒ မရှိသူ မင်း အတွက် ကမ္ဘာကြီးကလည်း ငြိမ်းချမ်းသော မေတ္တာတရား ပဲ ပြန်ပေးလိမ့်မယ် မိဝေ လှေခါးထစ်လေးတွေကို  ဖြည်းဖြည်း တက်ပါ  သစ်ပင်လေးတွေ ရေလောင်းပါ ခွေးလေးတွေကို အစာကျွေးပါ အားမှ ကိုယ့်ကို သတိရပါ တောတွေ တောင်တွေ  လမ်းတွေကလည်း အမှန်တရားကို သိတယ် မိဝေ မင်းကို စောင့်ရှောက်ပါလိမ့်မယ် စိမ်းနေတဲ့ မီးပွိုင့်တွေ ကို  မင်း ဖြတ်မောင်းသွားရမှာ ပါ တစ်နေ့ ဗီယက်နမ် မှာရှိတဲ့ ဘုရားသခင် လက်ထဲက တံတားပေါ် မင်းလက်ကလေး ကိုင်ပြီး အတူတူ တွဲလျောက်မယ် ဒီ ကဗျာကို အကျယ်ကြီး ရွတ်ပြမယ် ...

မွန် မြတ် ခြင်း မှာ (မောင်သိန်းဇော်)

မွန် မြတ် ခြင်း မှာ ငါတို့ရဲ့ရန်သူဟာ ငါတို့ ကိုယ်တိုင် ဖြစ်တယ် ၊ ကောက်ကျစ်တဲ့ အချစ် ရိုးဖြောင့်တဲ့ အမုန်း ဘယ်ဟာမှ သုံးမရဘူး ။ ကမ္ဘာပေါ်က တစ်ချို့ ဂုဏ်သရေရှိလူကြီးမင်းတွေ "ယုတ်မာပြီဟေ့" ဆိုရင် လူကို လက်ဖျားနဲ့တောင်မထိဘူး ၊ နိုင်ငံသမိုင်းကိုဘဲ မထနိုင်အောင်ရိုက်တာ အမှန်တရားကိုယ်စီနဲ့ ငါတို့အားလုံး ရှုံးနေကြရတယ် ၊ ကဲ ဘယ်သူက စ, အရှုံးပေးမလဲ? အားလုံး အရှူံးပေးနိုင်တဲ့နေ့ဟာ အားလုံးအနိုင်ရတဲ့ နေ့ ။ ။ မောင်သိန်းဇော်     ( ၂၀၁၈ )

စစ်ပွဲတွေ မရှိတော့တာ ကြာပြီ (မောင်​မြတ်​သူ)

Image
စစ်ပွဲတွေ မရှိတော့တာ ကြာပြီ သေနတ်လွယ်ထားတဲ့ စစ်သားတွေ နိုင်ငံမြေပုံကို နင်းသွားတာတွေ့တော့ အသုဘသီချင်းသံကိုပဲ ငါကြားနေရတယ်။ . ငါသိတာတော့ သူတို့က စစ်တိုက်နေတာမဟုတ်ဘူး၊ ထမင်းကြမ်းခဲစားရင်း အသေခံနေတာ။ ငှက်ဖျားဒဏ်ခံပြီး အသေခံနေတာ။ . နိုင်ငံတော်လူကြီးမင်းတွေ ချမ်းသာပြီးတည်းက စစ်ပြီးသွားတာကြာပြီ။ . ဒါကို သူတို့ တကယ်မသိကြဘူး။ . ရေဒီယိုတွေ နားမထောင်ဘူးလား၊ သတင်းစာတွေ မဖတ်ရဘူးလား မသိ၊ ဒါကို သူတို့ တကယ်မသိကြတာ။ . အိမ်နီးချင်းတွေလည်း စီးပွားရေးပဲ လုပ်နေတာ၊ အစိုးရလူကြီးတွေလည်း စီးပွားရေးပဲလုပ်နေတာ၊ စာသင်ကျောင်း မဆောက်ချင်တဲ့ လူကြီးတွေ ဘန်ကာ ဆောက်နေကြတာဟာ စစ်တိုက်တယ်လို့ လုံးစေ့ပတ်စေ့ မခေါ်ဘူး။ . ငါ့မျက်စိရှေ့မှာ သေနေတဲ့အလောင်းတွေက စစ်တိုက်လို့ သေနေတာတွေ မဟုတ်ဘူး။ . ဟိုခြေပြတ်၊ လက်ပြတ် ယောင်္ကျားများဟာလည်း စစ်တိုက်လို့ ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူး။ . တကယ်တော့ စစ်တိုက်တယ်ဆိုတာ ဘယ်မှာမှ မရှိတော့တာ ။ အီရတ်မှာ အမေရိကန်တွေ ရေနံတူးတာကို စစ်တိုက်တယ်မခေါ်ဘူး။ ကင်ဂျုံအန်က နန်းတော်ကို နယူးကလီးယားနဲ့ဆောက်နေတာကို စစ်တိုက်တယ်မခေါ်ဘူး။ . စစ်ပွဲရှိတယ်လို့ အလိမ်ခံရတဲ့ စစ်သားတွေ...

မာန် (ဒေါင်းနွယ်ဆွေ)

Image
  မာန်  အပွင့်ကိုခူး အဖူး ငါ့မှာ ကျန်သေးတယ် ။ အဖူးကို ဖျက် အခက် ငါ့မှာ ကျန်သေးတယ် ။ အခက်ကို ချိုး အရိုး ငါ့မှာ ကျန်သေးတယ် ။ အရိုးကို နှုတ် အငုတ် ငါ့မှာ ကျန်သေးတယ် ။ အငုတ်ကို ပယ်ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် ။ မနက်ဖြန်ဆို ငါပင်ပျိုသည် ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ မြေကမ္ဘာမှာ သာယာဝင့်လန်း မေတ္တာဖျန်းပြီး ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။ ဒေါင်းနွယ်ဆွေ

"ငါတို့မြို့က လူငယ်ခြေပျက်လေးအချို့" (ဆန်းကျော်စွာဝင်း)

Image
"ငါတို့မြို့က လူငယ်ခြေပျက်လေးအချို့" ငွေ၂၀၀ရှိရင် ကွမ်းယာသည်မလေးကို ရိသဲ့သဲ့လုပ်ခွင့်ရတဲ့ခေတ်မှာ.. တရုတ်ဆိုင်ကယ် အိတ်ဇောဖြဲစီးတဲ့ကောင် ဂေါင်ပဲ လူကြားထဲ ဆိုင်ကယ် မကြွတကြွထောင်ရင် အကောင်ပဲ… မျက်လုံးနဲ့ကြည့်ရင် ငြိ ချင်တယ် လမ်းမပေါ် ဆိုင်ကယ်ကျော်မတက်နဲ့ အသက်အသေခံပြီး ပြန်ကျော်လိမ့်မယ်… စီနီယာကျော်ပြီး ကွမ်းယာမဝယ်နဲ့ ဆိုင်ရှေ့တင် အသက်ထွက်သွားမယ်… ဂါရဝတရားကို အချင်းချင်းအော်ဆဲရတာလောက် ဒီကောင်တွေ မကြိုက်ဘူး… ဒီကောင်တွေ စာမတတ်ဘူး.. ဒီကောင်တွေ စာမဖတ်ဘူး.. ဒီကောင်တွေ စာတတ်လည်း စာမဖတ်ဘူး… လက်ဖက်ရည်ဆိုင်မှာ ဆူညံခွင့်ရတာကိုက သူတို့ရဲ့ လစ်ဘရယ်ဝါဒ… လူစုံရင် အရက်သောက်မယ် လူမစုံရင် လိုက်စုမယ်.. လမ်းထောင့်မှာ ပုလင်းထောင်ဝိုင်းဖွဲ့ဖြစ်ရင် အခမ်းနားဆုံး သုခ… ကမ္ဘာကိုကယ်တင်ချင်တဲ့ လူငယ်လေးတွေ သူတို့အမေ ခေါင်းမှာ ဈေးဗန်းကြီး မနိုင်မနင်းနဲ့… ပတ်ဝန်းကျင်ကို ဂရုမစိုက်ဟန်နဲ့ ပစ်ခနဲ ထွေးထုတ်လိုက်တဲ့ကွမ်းသွေးလို အသုံးမကျတဲ့ သွေးဟာရဲရဲနီထွေး.. လွဲနေတဲ့ သတ္တိတွေ လွဲနေတဲ့ လွတ်လပ်မှုတွေ ပျော်စရာကို အပျက်ထဲရှာနေတဲ့ ငါတို့မြို့က လူငယ်ခြေပျက်လေးတွေ…။ ။ _________________...

အာဆီယံကြောင် (ဆန်းကျော်စွာဝင်း) translated by Dr.Soe Than

Image
အာဆီယံကြောင် (ဆန်းကျော်စွာဝင်း) ASEAN cat                                  Idea မဂ္ဂဇင်း                                  စက်တင်ဘာလ ၂၀၁၇ ကြွေးကြော်သံက အာရှကျားဆိုပေမယ့် တကယ့်တကယ်ကျ အာဆီယံကြောင်… though the slogan says "ASEAN tiger" in fact it's an ASEAN cat. အိမ်နီးချင်းတွေ အပျင်းပြေမိတ်လိုက်တာ ခံရတဲ့ကြောင် " မြီးညောင် "လို့ ဟိန်းတဲ့အသံကို နဂါးကြီးက ရယ်တယ်… ဆင်တွေ ရယ်သလို ဆိတ်တွေလည်း ရယ်တယ်… the cat that's been mated for fun by her neighbors. her growl "meow...." is laughed at by the giant dragon and by elephants and goats, too. ကြောင်တောင်တောင်နဲ့ အာဆီယံကြောင် " စစ်ပွဲနဲ့ ဆန္ဒပြပွဲ "ဟာ တိုင်းပြည်ရဲ့အဓိက ထုတ်ကုန် တန်ဘိုးနည်းလုပ်သားဟာ တိုင်းပြည်ရဲ့အဓိက ပို့ကုန် ဝှိုက်ကဒ်ဆိုတာ တိုင်းပြည်ရဲ့ အဓိက သွင်းကုန် what an oddball, the ASEAN cat! "war and strikes" are the land's main products, cheap ...

နှစ်သစ်မင်္ဂလာ (ငွေတာရီ)

Image
နှစ်သစ်မင်္ဂလာ ပင်အပေါင်းလည်း ရွက်ညောင်းချွေလှစ် ညှာနုသစ်နှင့် ဥသြပျို လည်း တေးချို ခွန်းလှစ် လင်္ကာသစ်နှင့် အချိန်မှာလည်း အတာကူးလှစ် အခါသစ်တည့် ပြည်သစ် စိတ်သစ် ဗမာသစ်တို့ အသစ်သည်ချိန် သစ် အရှိန်နှင့် တည်ငြိမ်ဖို့တွေး လွတ်လပ်ရေးကို ကူပေး ထူကြ ဝိုင်းဝန်းကြမှ ပြည်မ အောင်ချာ မင်္ဂလာနှင့် ဖြာဖြာငြိမ့်ရွှန်း သရေထွန်း၍ မော်ကွန်းတည်လိမ့်မည်တကား  ။                                                          ငွေတာရီ credit : ကဗျာလမ်း Facebook page

ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ (တင်မိုး)

Image
ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ကဗျာတခွက်​၊ နံ့သာလက်​ဖြင့်​ စက်​​တော်​ဗုဒ္ဓ၊ မိနှင့်​ဖကို ကြည်​မြသဒ္ဓါ၊ ပူ​ဇော်​ပါသည်​ ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။ ပိ​တောက်​ဝင်းဝင်း၊ တမာသင်းခိုက်​ ယမင်းသွယ်​လျ၊ မယ်​နှမကို အေးမြသီတာ၊ သွန်း​လောင်းပါသည်​ ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။ မြူ ခိုး​ဝေ၍ သည်​​နွေမဆုံး၊ တ​ပြည်​လုံးကို ကြည်​ပြုံး​စေ​အောင်​၊ မိုးလက်​​ဆောင်​ဖြင့်​ ​တောင်​​ပေါ်ကလာ၊ ငြိမ်းမိုးရွာသည်​ ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။  ။                              ဆရာကြီးတင်​မိုး ( ရှုမဝ၊ ၁၉၇၇)

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

Image
ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် မြန်မာ့ရိုးရာသင်္ကြန်ဆိုတာကတော့ ရှေးအစဉ်အဆက်ကတည်းက ရိုးရာမပျက်ကျင်းပခဲ့ကြတာ ပုဂံခေတ်ကစလို့ နှစ်ထောင်ချီနေပါပြီ။ ခေတ်တွေပြောင်းနေကြလို့ တချို့တလေကတော့ ရိုးရာယဉ်ကျေးမှုကို ကျော်လွန်ပြီး သရုပ်ပျက်တာတွေရှိခဲ့ကြပေမယ့် မြန်မာနိုင်ငံသား အများစုကတော့ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုကိုထိန်းသိမ်းပြီး ခေတ်နဲ့အညီ ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲနေကြတာ နှစ်စဉ်အမြဲတွေ့နေကြမြဲပါ။ မြန်မာပြက္ခဒိန်နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးရက်တို့ရောက်ပြီး နှစ်သစ်ကူးတော့မည်။ မြန်မာ့ရိုးရာ ၁၂လရာသီပြက္ခဒိန်ရဲ့ ကုန်ဆုံးလက တပေါင်းလဖြစ်ပြီး နှစ်စလကတော့ တန်ခူးလဖြစ် ပါတယ်။ တန်ခူးလကို ရှေးတုန်းကတော့တန်းခူးလလို့ခေါ် တတ်ကြပြီး အချို့သောပျို့ကဗျာတို့မှာတော့ တာကူးလလို့ လည်း ရေးတတ်ကြပါတယ်။ ဝေါဟာရလိနတ္တိဒီပနီကျမ်း မှာတော့ မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် ကူးပြောင်း သည်ကိုအစွဲပြုပြီး ရေးသားတယ်လို့ဆိုထားပါတယ်။ ဒါကြောင့် တာကူးမှ တန်ခူးသို့ ရွေ့လျားခေါ်ဝေါ်သုံးစွဲကြတယ်လို့ပြော ကြပါတယ်။ ဆရာကြီး ဦးဖိုးလတ်ကတော့ တာကူးဟူသော အသုံးအနှုန်းနဲ့ တန်ခူးဆိုတဲ့ အသုံးအနှုန်းက အဓိပ္ပာယ်တခြားစီဖြစ်ပြီး ‘တာ’ဆိုတာက အချိန်အခါ ...

ချစ်လို့ရေးတဲ့ကဗျာ(၁) အောင်ဝေး

Image
ချစ်လို့ရေးတဲ့ကဗျာ(၁)                               ဒီတစ်ခါ သေပြီးရင် နောက်ထပ် မသေတော့ဘူး မြစ်က။ အချစ်လည်း ဒီလိုပဲ ဘယ်လိုလဲဆိုတော့ကာ ဟိုလေ … ။ မြစ်ကို သေအောင်သတ်ပြီးမှ ရေလည်း မစီးဘူး လှိုင်းလည်း မခွပ်ဘူး ကမ်းပါးလည်း မညွှတ်ဘူး မပြောနဲ့။ အချစ်က တစ်သက်မှာ တစ်ခါပဲ ရှင်ရတာ။ မြစ်ကလည်း တစ်ခေတ်မှာ တစ်ခါပဲ ဖြတ်သန်းရတာ။ ” ခေတ်ကြီးက မစွံပါဘူးရှင် ” မတရား မပြောပါနဲ့ ခင်ရယ်။ သတ္တိရှိရင် ရဲရဲချစ်လိုက်ပါ ခင်ဖြတ်သန်းနေတဲ့ ခေတ်ကို ချစ်လိုက်ပေါ့ ။ ဗမာပြည်မှာ ချစ်လို့သေတဲ့မသာ မရှိပါဘူး။ ။ အောင်ဝေး

သူစိမ်း ကိုယ်စိမ်း (နေအိမ်ဝန်း)

Image
သူစိမ်း ကိုယ်စိမ်း  နေကောင်းလားလို့ မမေးဖြစ်တော့သလို ကျန်းမာရေးဂရုစိုက်ပါလို့ မပြောဖြစ်တော့ဘူး အိပ်ရေးဝဝအိပ်ပါလို့မပြောဖြစ်တော့ အိပ်ရာစောစောဝင်ပါဆိုပြီး သတိမပေး ဖြစ်ပြန်ဘူး ဒီနေ့ ဘာလုပ်တယ်လို့ မပြောတော့ ဒီနေ့ ဘာဖြစ်တယ်ဆိုတာ မသိကြတော့ဘူး သေနေတဲ့ ဖုန်းနံပါတ်ကလေးလို သေနေတဲ့ သတိရခြင်းဟာ သေနေသလို ။ ။ နေအိမ်ဝန်း ၂၈. ၉ .၂၀၁၆ ကဗျာလမ်း Facebook Page မှ ကူးယူဖော်ပြသည်။

အချစ် (မောင်စိန်ဝင်း - ပုတီးကုန်း)

Image
" အချစ် " ဘယ်မှာ ရှိရှိ ကြည့်တိုင်းမြင်တယ် . . . ဘယ်လောက် ကြာကြာ ထာဝရသစ် ရင်ခုန်ဖြစ်တယ် . . . နှစ်ကာလများ  နှလုံးသားကို တိုက်စား ပွန်းပဲ့ မဖြို နိုင်  ။ မောင်စိန်ဝင်း(ပုတီးကုန်း) "love" wherever you may be i see you when i take a look. no matter how long it's been, ours is eternally pristine - faster my heart beats. those long years are incapable of  eroding my heart at all. Translation: Dr. Soe Than

လျော်ကြေး (တာရာမင်းဝေ)

Image
လျော်ကြေး  အသင်၌ ပျိုးမကြဲသော လက်တို့သည် ရှိကြကုန်၏  ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့ အိပ်မက်ထဲ၌ပင် သင် … လာရန်မလို ….။ ။ တာရာမင်းဝေ

ရည်းစားစာ (တာရာမင်းဝေ)

Image
ရည်းစားစာ  စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့ ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ မပျံသန်းနိုင်တဲ့ငှက်လို့ပြောတိုင်း ပင်ကွင်းငှက်ကိုပြေးမြင်ရင် နင့်ကိုငါ မခေါ်ချင်ဘူး ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့ ကျောင်းသွားဖော်လေး ဖတ်စေချင်တာ ငါ့စေတနာပါ ..။ နင့်နှလုံးသားကိုဖုန်းခေါ်ပါ ပြီးမှငါ့ကိုစာပြန်ပါ …။ တာရာမင်းဝေ 

သားချစ် (ခိုင်မြဲကျော်စွာ)

Image
သားချစ် ======= မင်းကြိမ်လုံးယူလာ ဒီမှာ ဒူးထောက် ! မတ်တပ်ရပ်စမ်း ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့ ငါတို့အမျိုးတွေပြောတယ် ။ မဟုတ်ဘူး . . . ။ ငါဒီလိုမလုပ်နိုင်ဘူး လူဆိုတာ ရတနာပဲ ဒုလ္လဘတရားနဲ့လူဖြစ်လာတဲ့ သားချစ်ဟာ ငါ့အတွက် ရတနာပဲ ။ ကျောပိုးအိတ်ထဲ ခါးကျိုးအောင် စာအုပ်တွေ အပြည့်အသိပ်ထည့် ခေါင်းငိုက်စိုက်ချ စာချည်းပဲ ကျက်မနေနဲ့ ကွန်ပျူတာတစ်ဂျောက်ဂျောက်  ကြိုက်သလောက် နှိပ်လိုက်စမ်း ပြတင်းပေါက်မှန်ကွဲအောင်  ဘောလုံးကန်ချင် ကန်လိုက်စမ်း ။ ကလေးဘ၀ရဲ့စိမ်းလန်းခြင်းများ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်မောင်းသမား ဖမ်းသလို ငါလက်လှမ်းတားမှာ မဟုတ်ဘူး ။ မင်းကြီးလာရင် ဆရာဝန်ကြီးလုပ်မှာလား စစ်ဗိုလ်ကြီး လုပ်မှာလား တစ်ဘ၀တာ ကြိုက်သလောက်စံပြီး သံသရာမှာ ကျသလောက်ခံမယ့်လူ မဖြစ်စေချင်ဘူး ။ မင်းအစ်ကိုကြီးက ချစ်လို့ပါပြောပြီး ကံမကောင်းတဲ့ ရွှေငါးလေးတွေ လှောင်ကန်ထဲထည့်ထားတာ မင်းမြင်တယ်မဟုတ်လား ရွှေငါးလေးတွေ ဒုက္ခစာနာတတ်ဖို့ မင်းစာများများ ဖတ်စေချင်တယ် ။ ကမ္ဘာ့မြေပုံကြီး ရှေ့ချပြီး တူအောင် အဆွဲကျင့်နေတာနဲ့ မင်းနဲ့ ကမ္ဘာကြီး နီးလာမှာ မဟုတ်ဘူး အဲဒီမြေပုံပေါ်မှာနေတဲ့ လူတွေကို ချစ်တတ်အောင် မင်း စာများများ ဖတ်စေချင်တယ် ။ ဘ၀...

ပန်းပွင့်များ (မိုးသွေး)

Image
" ပန်းပွင့်များ " အလွမ်းဆိုတာ ပန်းတပွင့်ဖြစ်ရင် ဒီပန်းကို မင်း မပန်စေချင်ဘူး ။ ကိုယ့်ချစ်သူဟာ ပန်းတပွင့်ဖြစ်ရင် ဒီပန်းဟာ ထာဝရ တပွင့်တည်းပါ ။ သတိရခြင်းဟာ ပန်းတပွင့်ဆိုရင် အမြဲ ကိုယ် မင်းအတွက် သိမ်းထားမယ် ။ ဆုံဆည်းမှုဟာ ပန်းတပွင့်ဖြစ်ရင် ဒီပန်းဟာ ကိုယ်တို့အတွက် ဖြစ်ပါစေ ။ ခွဲခွာခြင်းဟာ ပန်းတပွင့်ဆိုရင် နွမ်းသွားမယ့် အချိန်ကို စောင့်နေမိတယ် ။ မိုးသွေး Credit - ကဗျာလမ်း Facebook Page မှကူးယူဖော်ပြသည်။

သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍

Image
သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍ ''ကဗျာမှာ အချက်(၄)ချက်ရှိတယ်'' ၁။ Choice of words (စကားလုံး ရွေးချယ်မှု)၊ ၂။ Thought (အတွေး)၊ ၃။ Sensibility (အာရုံခံစားမှု)၊ ၄။ အလင်္ကာ၊ ကဗျာကောင်းတစ်ပုဒ်က အဲဒီလေးချက် တစ်ခုခုနဲ့ ငြိနေရတယ်။ ကဗျာကောင်းတစ်ပုဒ်က ဥပမာပြောရရင် ကြိမ်လုံး(၄)လုံးပူးပြီး ရိုက်သလိုပေါ့။ ဘယ်ကြိမ်လုံးနဲ့ထိသလဲတော့ မသိဘူး။ Choice of words ဆိုတဲ့ စကားလုံးရွေးချယ်မှု ကြိမ်လုံးလား၊ Thought (အတွေး) ကြိမ်လုံးလား၊ တစ်ခုခုနဲ့ပေါ့။ ငြိကို ငြိနေတယ်။ ကိုလေး(အင်းဝဂုဏ်ရည်) ------------------------------------------------ ကဗျာကို ချစ်မြတ်နိုးသည်ဟု ယနေ့ခေတ် ပြောနေကြသည်။ ကိုယ့်ကဗျာကိုယ် ကိုယ်မြတ်နိုးရုံနှင့် မလုံလောက်ပါ။ သူတပါး၏ ကဗျာများကို ချစ်မြတ်နိုးတတ်ဖို့ အလွန်အရေးကြီးသည်။ ယနေ့အထိ ကမ္ဘာလောကကြီး၌ ကဗျာဟူ၍ တင့်တင့်တယ်တယ် ရှိနေခြင်းကား သူတပါး၏ကဗျာများကို ချစ်မြတ်နိုးသူတို့ ရှိနေသော ကြောင့်သာဖြစ်လေသည်။ နှိုင်းယှဉ်သစ္စာစကားနှင့်ပြောရလျှင် ကမ္ဘာပေါ်၌ ကဗျာဆရာဆိုသည်က လက်တစ်ဆုပ်စာသာရှိသည်။ ကဗျာဆရာမဟုတ်ဘဲ ကဗျာကိုချစ်မြတ်နိုး နေသူတွေက မရေမတွက်နိုင်အောင် ရှိနေသည်။ ကဗျာသာမက အနုပညာအားလုံ...

မီးတောက်ရမ်သမ် (တာရာမင်းဝေ)

Image
မီးတောက်ရမ်သမ် ~~~~~~~~~ {1} အခုလို … လှပအေးစက်နေတဲ့ညမှာပဲ ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ … ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ် တိမ်လွှာမျဉ်းကောက်တွေကလည်း ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ ရွှေမျက်ရည်တွေ စိုလက်လာပြီလို့ မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို တီးတိုးပြောကြားလိုက်တယ် “ချစ်ခြင်းမေတ္တာဟာ”… ဟာ မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို နောက်ဆုံးမှာ … မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့ နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ် လူငယ်တစ်ယောက်ကို ပြုစားဖို့ ဘယ်နတ်ဘုရားထံမှာ နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ … ငါ့ရာဇဝင် ခပ်ကျဲကျဲကို ငရဲမီးထဲ တွန်းချလိုက်ချင်တယ် သံယောဇဉ်…ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ … လောကဓံဦးတုန်းက … အလွန်းအကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက် ခုမှ…စံပယ်ရွက်ပေါ်မူးလဲ… အသည်းကွဲတယ်…ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက … ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ… သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့ နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက ငါ့ကို…ဆီးမိုးထားတယ်… စက်ရုပ်ကို ဒူးထောက်ကျစေတဲ့ နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ… ငါ…ဘယ်လိုမှ မေ့မရတဲ့ မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေေ...