မျက်နှာဖုံးတွေရဲ့အောက် (မအိသဉ္ဇာကျော်) Translated by HZH
မျက်နှာဖုံးတွေရဲ့အောက် မျက်နှာဖုံးတွေအောက်က အတ္တပါးပါးလေးကို မြင်တဲ့အခါ...... ကိုယ် ပြုံးမိတယ် လူတွေဟာ ကိုယ့်ကိုကိုယ် အတ္တတွေနဲ့ထုံမွှမ်းပြီး ဟန်ဆောင်မျက်နှာဖုံးတပ်ထားကြတဲ့သတ္တဝါတွေပဲ လောကဓံဆိုတာကို ကြားတဲ့အခါ ခပ်သောသောရယ်ဖြစ်တယ် တကယ်တော့ လောကဓံဆိုတာ ကံဆိုးမသွားရာ မိုးလိုက်ရွာတတ်တဲ့အမျိုးပဲ...... အကောင်းအဆိုး အမှားအမှန် သေချာမသဲကွဲတဲ့အခါ ဝေဖန် အပြစ်တင်မှုတွေကို ခပ်ဆိတ်ဆိတ်ပဲ နားထောင်ပေးလိုက်တယ် အမှန်တရားကိုသိလာတဲ့အခါ အလိုလို တိတ်ဆိတ်သွားကြတာချည်းပဲ..... ကြောက်တယ်..... တဖြည်းဖြည်းကြောက်လာတယ် မျက်လုံးတွေကို ကြောက်တယ် နားတွေကို ကြောက်တယ် နှုတ်ခမ်းတွေကို ကြောက်တယ် တစ်ခါတစ်လေမှာ သူများတွေလင်းဖို့ ကိုယ့်ကိုကိုယ်မှောင်ပြလိုက်ရတာ ပိုအေးချမ်းတယ် ကိုယ့်အတွက် ကိုယ်ရှင်သန်နေတာမို့ ကိုယ့်ကို အကဲဖြတ်ဖို့ ကိုယ့်ကို ဝေဖန်ဖို့..... တစ်ခြားသူတွေမလိုဘူး ကိုယ် ကိုယ်တိုင်ပဲ လိုတယ်..... ကိုယ့်မျက်လုံးတွေကို မှိတ်လိုက်တယ် ကိုယ့်နားတွေကို ပိတ်လိုက်တယ် ကိုယ့်နှုတ်ခမ်းတွေကို ပိတ်လိုက်တယ် အေးချမ်းစွာ အနားယူပါရစေ...... ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်း မသိချင်ဘူး ရာသီဥတုတွေ ဖောက်ပြန်လာ...