Posts

Showing posts with the label မိုင္မ်ိဳးမ်ိဳးဆန္း

ဂွတ်နိုက် (မိုင်မျိုးမျိုးဆန်း))

Image
ဂွတ်နိုက် အချစ်ရေ . . ဝေးရမယ့် ရာသီမျိုးမှာမှ  ကိုယ်တို့ တွေ ပျိုးကြဲမိခဲ့တာလား ပြိုမှာစိုးတဲ့ ကိုယ်တို့ ရဲ့ ကောင်းကင်ကြီးကို  လက်ဗလာနဲ့ဖြစ်ဖြစ် ကာထားကြစို့ရဲ့ . . ဟိုးဝေးဝေးမှာ "အနာဂါတ်သို့". .ဆိုတဲ့ လမ်းညွှန်မြှားလေးရှိတယ်  အချစ်ရေ . . တစ်ယောက်တစ်ကမ္ဘာစီခြားနေရင်တောင် လှမ်းမျှော်ရာအရပ်တူကြစို့ ရဲ့ . . စိတ်မညစ်ပါနဲ့ကွယ် . . ခြားနားခြင်းတွေက ဘာအရေးလဲ  ကိုယ့်ကိုချစ်တဲ့စိတ်ကလေးကိုပဲ  ငြိမ်းမသွားအောင် ကာထားပေးပါ  ယူဇနာတစ်သောင်းဆိုရင်လဲ  စိတ်စိတ်ချင်း ခရီးနှင်ဖို့ အတွက်ဆိုရင်  ဝေးလွန်းလှတဲ့အရပ်တော့ မဟုတ်ပါဘူးကွယ် . . မှတ်ထားနော် . . တမ်းတခြင်းတွေ ကြီးစိုးလာတဲ့အခါ . . ကိုယ်ရှိရာ အရပ်ကိုတည့်တည့်မှန်းပြီး သတိရနေတဲ့စိတ်ကို လေးညှို့ကလွှတ်ပါ  တဟုန်ထိုးပြေးလာတဲ့ ကိုယ့်ရဲ့ စိတ်နဲ့ အလွမ်းရဲ့ ဆုံမှတ်မှာ တွေ့ကြမယ် . . စိတ်မပူပါနဲ့ အချစ်ရယ် . . . . မနက်မိုးသောက်တဲ့အခါ ကိုယ်တို့ မျှော်လင့်နေတဲ့ကမ္ဘာ  ရောက်ချင်လဲ ရောက်လာမှာပေါ့   အခုညတော့ . . မင်းရဲ့ မျက်လွှာလေးကိုပိတ်  က...

သို့ . .(မိုင်မျိုးမျိုးဆန်း)

သို့ . . (၁) အသိုက်အမြုံမတူတဲ့ ငှက်ကလေးနှစ်ကောင်လို အိမ်ပြန်ချိန်တွေက သူစိမ်းဆန်လွန်းတယ်  အလွမ်းတွေကလဲ  အဖန်တစ်ရာတေနေပါပြီ အချစ်ရယ် . . (၂) ကိုယ်စိတ်ညစ်နေတဲ့အချိန် မျှဝေပေးရတာမင်းမဟုတ်သလို မင်းစိတ်ညစ်နေတဲ့အချိန် မျှဝေယူခွင့်ရတာ ကိုယ်မဟုတ်ပြန်ဘူး  တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ကိုသိမ်းလို့  တစ်ယောက်တစ်ကမ္ဘာစီခြားပြီး အနာဂါတ်တစ်ခုစီဖြစ်နေရတာသိပ်မောတယ် . . (၃) မင်း ကိုယ့်ကို တကယ်​ချစ်​ရဲ့လား ကိုယ်သေချာမသိဘူး . . မင်းစိတ်ထဲမှာ ကိုယ်တစ်ကယ်ရှိနေရဲ့လား ကိုယ်သေချာမသိဘူး . . မင်းကိုယ့်ကို သတိရနေလေ့ရှိလား ကိုယ်သေချာ မသိနိုင်ပြန်ဘူး . . (၄) ကိုယ်က မသေချာ မရေရာခြင်းတွေကို သိပ်မုန်းတယ် အချစ်ရယ် . . မသိခြင်းတွေကိုလဲ သိပ်မုန်းနေရတာပါပဲ  ဒါပေမယ့် တစ်ခါတစ်ခါကျ သေချာခြင်းတွေက ပိုမုန်းဖို့ကောင်းနေတတ်တယ် . . ဥပမာ . . ကိုယ်သိပ်လွမ်းနေတဲ့အချိန် မင်းဘယ်သူနဲ့ရှိနေမယ်ဆိုတာ သိပ်သေချာနေတဲ့အခါမျိုးမှာပေါ့ . . ရင်ကွဲရတာပါပဲ . . (၅) ကိုယ်က အချစ်အကြောင...

အိပ်မက်အသေနဲ့လူ (မိုင်မျိုးမျိုးဆန်း)

Image
အိပ်မက်အသေနဲ့လူ စိတ်ကိုချုပ်တီးပြီးကြေကွဲရတာနဲ့  စိတ်လွတ်လက်လွတ်ကြေကွဲရတာ  ဘယ်အရာက ပိုနာကျင်စေမလဲကိုယ်မသိဘူး . . တစ်ကယ်ပါ  ဘာဆုမှမပန်ဖြစ်ခဲ့ဘူး  မျက်နှာလေးကိုစိတ်လွတ်ကိုယ်လွတ်ငေးခွင့်ရရုံနဲ့ကိုယ်ကျေနပ်ပြီ အင်းးး ကျေနပ်တတ်ခဲ့ရတယ်ပေါ့ . . လွမ်းဆွတ်စရာပါပဲ . . ဝေးနေကျပေါ့  ခရီးအကွာအဝေး မိုင်တိုင်တွေနဲ့ပဲတွက်တွက် မဆုံနိုင်တဲ့သံသရာနဲ့ပဲတွက်တွက်  အနာဂါတ်ခြင်းမတူညီမှုနဲ့ပဲတွက်တွက်ပေါ့  မငိုဖြစ်တော့ပါဘူး အနည်းဆုံးတော့ စိတ်ချင်းနီးစပ်နေသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ်ညာထားတယ်လေ . . မနက်မိုးလင်းရင်သူအရင်ဆုံးသတိရသူကိုယ်ဖြစ်ပါစေလို့ အတ္တမကြီးတတ်တော့ဘူး . . လက်ချင်းတွဲလို့လမ်းလျှောက်ရတာ ဒါနောက်ဆုံးမဖြစ်ပါစေနဲ့လို့ ဆုမတောင်းဖြစ်တော့ဘူး . . ကောင်မလေးတွေနဲ့ ကင်းကင်းနေနော်လို့ သဝန်မတိုတော့ဘူး. . မဆိုးပါဘူး . . အနာဂါတ်ပျောက်တယ်ဆိုတာ အရေးမပါတဲ့အတော်များများကို  စွန့်လွှတ်ပစ်လိုက်ရလို့ပေါ့ပါးသားပဲ . . အနာဂါတ်ကိုလောဘမတက်ရလို့ ဆို့နင့်နေရတာကလွဲလို့ပေါ့ . . .   နေသားလဲကျနေပါပြီ . . အချစ်ရေ . . . ကိုယ်က  ဝမ်းနည်းခြင်းရော ပျော်ရွှင...

နင့်ကိုမေ့ရမယ်ဆိုရင်

နင့်ကိုမေ့ရမယ်ဆိုရင်  နင့်ကိုမေ့ရမယ်ဆိုရင်  စတွေ့ခဲ့တဲ့အချိန်တွေကိုမလွမ်းမိဖို့  နှင်းတွေကျတတ်တဲ့ မနက်ခင်းတွေမရှိတော့မှဖြစ်မယ် . . နင့်ကိုမေ့ရမယ်ဆိုရင်  နင်နဲ့ဆုံနေကျနေရာလိုမျိုး မြေနီလမ်းလေးတွေ ကမ္ဘာမှာမရှိဖို့လိုတယ် . . နင့်ကိုမေ့ရမယ်ဆိုရင် ငါ့လက်ကိုဆုပ်ကိုင်ပေးဖူးတဲ့ နွေးထွေးတဲ့လက်တစ်စုံကို သတိမရဖြစ်ဖို့လိုတယ် . . နင့်ကိုမေ့ရမယ်ဆိုရင်  နင်ဆိုပြဖူးတဲ့ သီချင်းတစ်ချို့  ဟောဒီ လောကကြီးကနေ ပျောက်ကွယ်သွားမှဖြစ်မယ် . . နင့်ကိုမေ့ရမယ်ဆိုရင်  နင့်မွေးနေ့နဲ့တူတဲ့ ရက်တွေ လတွေကို နှစ်တိုင်း  ပြက္ခဒိန်ထဲက ထုတ်ပစ်ထားဖို့လိုတယ် . . နင့်ကိုမေ့ရမယ်ဆိုရင် နောက်ဆုံးနှုတ်ဆက်ခဲ့တဲ့အချိန်တွေကိုမေ့နိုင်ဖို့ မိုးစက်တွေ ထပ်မရွာကျမှဖြစ်မယ် . . နင့်ကိုမေ့ရမယ်ဆိုရင်  ရုပ်ရှင်ရုံတွေ မရှိတော့ဖို့လိုတယ် . . ထီးမဆောင်းဖြစ်တော့ဖို့လိုတယ် . . ဖုန်းနံပါတ်တွေ မမှတ်မိတော့ဖို့လိုတယ် . . . နင့်အကြောင်းတွေ မတွေးဖြစ်တော့ဖို့လိုတယ် . . . ပြီးတော့ .   င...

ချယ်ရီမြင်တိုင်းလွမ်းတယ် (မိုင်မျိုးမျိုးဆန်း)

Image
ချယ်ရီမြင်တိုင်းလွမ်းတယ် ချယ်ရီမြင်တိုင်းလွမ်းတယ် ဆယ်ကျော်သက်ဆိုတာ ပုရစ်ဖူး မြေးဦးရတဲ့ထိမမေ့မယ့်သူကိုရူးတယ် . . ပြောတဲ့သူကတော့မေ့နေမှာပါ နားထောင်ခဲ့ဖူးသူသာ တစ်ထောင့်တစ်ညချယ်ရီပုံပြင်တွေနဲ့ အိပ်ယာဝင်တိုင်း အတွေးတွေလွန့် လူး  မပြယ်မယ့်သစ္စာတွေ အဆက်မပြတ်ဖူးခဲ့တယ်. . ညီမလေးရေ . . . တဲ့  ခေါ်သံလေးက တစ်ဝက်တစ်ပျက် အေးပေါ့လေ  ဆယ်စုနှစ်တစ်ခုစာအလွန်မှာ ဆေးသားလေးတွေ မှိန်သင့်ပြီပေါ့  တယူသန်တဲ့ငါ့မှာသာ မပြယ်သေးတဲ့အဆွေးတစ်ချို့ နဲ့  ချယ်ရီပွင့်တဲ့မြို့ တွေရောက်တိုင်းလွမ်းတယ်. . ရေစက်ဆိုတာ  ရှားပါးလွန်းခဲ့တယ် အချစ်ဦးရယ်  မျက်ဝန်းတချို့ ဆိုတာတောင်  မမေ့နိုင်လွန်းလို့ လက်ချိုးရေမိခဲ့တာပါ  နင်သိရဲ့ လား  (ငါလေ. . .) ချယ်ရီမြင်တိုင်း လွမ်းတတ်တုန်းပဲ . .။                                မိုင်မျိုးမျိုးဆန်း

ရင်ခတ်တေး (မိုင်မျိုးမျိုးဆန်း)

 ရင်ခတ်တေး (၁) "ဘယ်တုန်းက ချစ်ခဲ့ဖူးလို့လဲ" တဲ့လား အေးလေ . . ကိုယ့်လက်ဖမိုးနဲ့ သုတ်ပစ်ခဲ့တဲ့ မျက်ရည်တွေက သူ့ပုခုံးပေါ်မှာမှ မစိုစွတ်ဖူးတာပဲ . . ခေါင်းအုံးလေးပေါ်က ကိုယ့်ရဲ့အိပ်ရေးပျက်အလွမ်းညတွေကို သူ့အိပ်မက်ထဲမှာတောင်မှ မရိပ်မိစေခဲ့တာပဲ . . လက်ညိုးလေးနဲ့ရွယ်ခဲ့ဖူးတဲ့ နံပါတ်လေးဟာ သူ့ဖုန်းထဲမှာ missed call အဖြစ်နဲ့တောင်မှ ရောက်မသွားခဲ့ဖူးတာပဲ . . . လွမ်းတိုင်းရေးဖြစ်တဲ့ ကဗျာတွေကို ယောင်လို့တောင်မှ သူမမြင်ဖူးတာပဲကွယ် . . (၂) အိပ်မက်တွေ မက်တယ် နိုးလာတိုင်း ရင်နာရတယ် . . လက်တွေ့မှာတော့ သူရှိရာအရောက်သွားချင်တဲ့ ခြေလှမ်းတိုင်းက ထုံကျင်နေပြီး ကိုယ်ရှိရာအရပ်ကိုကမ်းပေးချင်တဲ့ လက်ကလေးတွေ ရပ်တန့်နေတယ် . . ခပ်ဟဟ လှောင်ရယ်သံတွေကို ဆိတ်ငြိမ်ရင်း နားထောင်ရုံသက်သက် နားထောင်မိခဲ့တယ် . . သတ္တိတွေမဲ့နေခဲ့တာကိုတော့ တစ်နေ့နေ့မှာ ဝန်ခံရင်း တောင်းပန်ရပါဦးမယ် . . (၃) အရေးမကြီးပါဘူး . . morning လို့ နှုတ်ဆက်သံမကြားရတော့ပေမယ့် တစ်ရက်ပြီးတစ်ရက် နေထွက်နေဆဲပဲ . . good ni...

Old Flame (မိုင်မျိုးမျိုးဆန်း)

Image
Old flame အမှတ်တမဲ့တွေ့ဆုံခြင်းမှာ အမှတ်တရ ရနံ့သင်းနေပေမယ့်  မျှော်လင့်ခြင်းတွေ ထမတောက်တော့ဘူး သူက . . ငြိမ်းသွားဖူးတဲ့ မီးတောက်လေးတစ်ခု . . . အသေအကြေကြိုးစားခဲ့ရတဲ့ရိုးသားခြင်းတွေ ခုချိန်မှာတော့ နေသားတကျ  မျက်ဝန်းခြင်းထပ်ဆုံဖြစ်ရင်တောင် ကိုယ်ဖြူစင်နေမှာ အသေအချာ  ရင်ထဲကလောင်ခဲ့ဖူးတဲ့ ဒဏ်ရာတောင်  သဘောထားကြီးစွာ ငြိမ်တတ်နေပြီ  အချိန်ကာလရယ် အသိတရားတစ်ခုရယ်က ကိုယ်ရိုကျိုးခဲ့ရတဲ့ ဆရာသမားတွေလေ . . ပြောင်းလဲခဲ့ပါတယ်  စည်းတစ်ခုရဲ့ အောက်မှာငြိမ်သက်ရင်း နေကောင်းလား အဆင်ပြေလား  ဒီစကားတွေ အစားထိုးတတ်ပြီ အရင်က အချစ်စကားဆိုဖူးတဲ့နေရာမှာလေ . . တည်ငြိမ်စွာပြုံးတတ်ခြင်းဟာ ထိရှမှုတွေများခဲ့ခြင်းရဲ့ သင်္ကေတ အပေါ်ယံတွေကြည့်ပြီးဆုံးဖြတ်နိုင်ရင် ကိုယ့်အချစ်ကို ခပ်တိမ်တိမ်လို့ ထင်မိလိမ့်မယ်  ဒီတစ်ကြိမ်မှာတော့  ကိုယ်ဖြေရှင်းချက်မပေးတော့ဘူးနော်. . . ပေါင်းစည်းခွင့်ပါမလာခြင်းဟာ ကိုယ်တို့ အတွက် ဘုရားသခင်ပေးတဲ့ဇာတ်သိမ်း ဒီမီးတောက်လေး ငြိမ်းမသွားဖို့...

ဖြောင့်ချက်( ၇ ) (မိုင်မျိုးမျိုးဆန်း)

Image
ဖြောင့်ချက်( ၇ ) အရက်က  နည်းနည်းသောက်ရင် ဆေးဖက်ဝင်သတဲ့ . . များများသောက်ရင် ဘေးဖြစ်တတ်ပြန်ရော . . . အရက်က အပြောင်းအလဲများတာလား. . ပမာဏကပဲ လူကိုလှည့်စားတာလား . . ဘီယာကျပြန်တော့ . . နည်းနည်းသောက်ရင် ခါးသက်ပြီး များများသောက်ရင် ချိုလာတတ်ပါသတဲ့ . . ဘီယာက အပြောင်းအလဲများတာလား ပမာဏကပဲ လူကိုလှည့်စားလိုက်တာလား. . တကယ်ကတော့ . . အရက်ပဲဖြစ်ဖြစ် ဘီယာပဲဖြစ်ဖြစ် ပကတိအတိုင်းပဲ တည်ရှိနေကြတာပါ . . . ဆေးဖြစ်ခြင်း ဘေးသင့်ခြင်း ချိုခြင်း ခါးခြင်းဆိုတာ သင်ကိုယ်တိုင်ပေါ်မှာပဲမူတည်ပါတယ် . . ဒါကြောင့် . . လူတစ်ယောက်ကို ချစ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ ကိုယ်ရွေးချယ်လိုက်တဲ့လူဟာ  အရက်နဲ့တူတဲ့လူလား  ဘီယာနဲ့တူတဲ့ လူလား ဆိုတာကို သေချာအကဲခတ်သင့်တယ် . . ဒါမှ . . ကိုယ်ရွေးချယ်ရမယ့် အချစ်ရဲ့ ပမာဏကို ကိုယ်ကိုယ်တိုင် ချိန်ဆနိုင်မယ်လေ . . လူတစ်ချို့ က အချစ်များများပေးရင် ပေးနိုင်သလောက် သင့်ဘဝကို ချိုမြိန်စေတယ် ဆိုပေမယ့် . . လူတစ်ချို့ ကတော့  သင့်အချစ်တွေ များများပေးရင...

မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ (မိုင်မျိုးမျိုးဆန်း)

Image
မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ  ( ၁ ) ဆုမတောင်းဖြစ်တာကြာပြီ . . အလွမ်းတွေကလဲ  အရင်လို တသသပြောလို့ မကောင်းတော့ဘူး . . သြော် . . ခွဲခွါခြင်းဆိုတာ အဲ့ဒီလောက်ရင်နာရတယ်ပေါ့ . . . (နာနာကျင်ကျင် ရယ်မောမိပြန်တယ်. . ) ( ၂ ) မောင့်ကိုလွမ်းလား . . လို့  ခဏ ခဏ သူမေးခဲ့ဖူးတယ် အဲ့ဒီတုန်းကတော့ . . တကယ်လွမ်းလို့ တကယ်ငိုတဲ့အခါ သူ့ ကမ္ဘာကနေ ကိုယ့်ဆီအရောက်လာမယ်ထင်တာပေါ့  နုံအလွန်းတဲ့ ကိုယ့်ကိုကြည့်ပြီး သူရယ်မောလို့ နေခဲ့မှာသေချာတယ်. . ( ၃ ) ဒဏ်ရာဆိုတာ  တိုက်ဆိုင်မှုမရှိရင် အနာရွတ်တစ်ခုပါပဲ . . ခက်တာက . . အမှတ်တရဆိုတာ နေရာတိုင်းမှာရှိနေတတ်တယ် . .  သေရာပါမယ့် ဒီဒဏ်ရာနဲ့ ( ကိုယ့်မှာ . .) သွေးစိမ်းရှင်ရှင်ကျနေရတုန်းပဲ . . . . ( ၄ ) ဝေးရတာကြာတဲ့အခါ ဟန်ဆောင်ခြင်းပညာဆိုတာ အလိုလိုတတ်လာတယ် . . အမှန်တရားက မုသားလိုလို မုသားကပဲ အမှန်တရားလိုလိုလေ . . မေ့နိုင်ပြီလဲ ကိုယ်ပြောဖူးတယ် မမေ့နိုင်ဘူးလဲ ကိုယ်ပြောဖူးတယ် . . ကဲ . .  ဘယ်တစ်ခွန်းကို မင်းယုံမ...

သစ္စာတရားနဲ့ငါ့ကိုနှစ်သိမ့်ပါ (မိုင်မျိုးမျိုးဆန်း)

Image
သစ္စာတရားနဲ့ငါ့ကိုနှစ်သိမ့်ပါ ကောင်းကင်တစ်ခုထဲအောက်မှာ ခိုလှုံရရုံ မြေကြီးတစ်ခုထဲပေါ် အတူရပ်နေရရုံနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေရသူပါကွဲ့  ဒဏ်ရာအပိုတွေ မပေးစမ်းပါနဲ့ . . နွေဆိုလဲနွေ မိုးဆိုလဲမိုး   ဆောင်းဆိုလဲဆောင်းလိုက်ရရုံ  နင်မပါတဲ့ရာသီတွေမှာ  ငါဟာတစ်ယောက်ထဲ  သစ်ရွက်လိုကြွေလိုက် မိုးစက်လိုကြွေလိုက် နှင်းပွင့်လိုကြွေလိုက်ပါပဲ . . နင့်ကိုလွမ်းတဲ့ နာရီတွေဟာ စက္ကန့် တစ်ခုစာတောင် မရပ်တန့် ဘူး ဒီလူမှ မရူးရင်  ဘယ်သူမှ လွမ်းလို့ ရူးမှာမဟုတ်တော့ဘူး အလွမ်းဆိုတာမျိုးကလဲ လွမ်းလေ လွမ်းလေ လွမ်းမပြေတာခက်တယ်. . ငါ့ရဲ့ လမင်းလေးရေ. . နင်မပါမချင်း ငါ့ကမ္ဘာမှောင်နေဦးမှာသေချာတယ် ဘယ်လိုဖြေဖြေ မပြေတဲ့တမ်းတခြင်းတွေက ကြယ်တွေလို အသင်္ချေ  အပေအတေတစ်ယောက်ရဲ့ မှတ်တမ်းတွေပါ  အသိအမှတ်တစ်ချက်လောက်ပြုမယ်ဆိုရင် သစ္စာတရားနဲ့ နှစ်သိမ့်ပေးပါလေ . .။          ။                                                   ...

သစ္စာ (မိုင်မျိုးမျိုးဆန်း)

Image
သစ္စာ သစ္စာဟာ ရောဂါထူလာတယ် သစ္စာဟာ သေကောင်ပေါင်းလဲ  သစ္စာဟာ နေရာတကျ မြဲနေဖို့ ခက်ခဲသွားတယ် . . သစ္စာဟာ မျိုးသုန်းလု သတ္တဝါ သစ္စာဟာ ဒီနေ့ ခေတ်ရဲ့ မျက်နှာမွဲ  သစ္စာဟာ ပွဲတိုင်းမှာ အနိုင်ရခဲလာတယ် . . . သစ္စာဟာ အဆိပ် သစ္စာဟာ ဆုပ်ကိုင်သူတိုင်းကိုရူးစေတယ် . . သစ္စာဟာ ဆူးအထပ်ထပ် သစ္စာဟာ ဖက်တွယ်ထားသူကိုနာကျင်စေပြန်ရော. . သစ္စာဟာ အရယ်မောရဆုံး ပျက်လုံးတစ်ခု သစ္စာဟာ ပြောလို့ ကောင်းရုံပုံပြင်တစ်ပုဒ် သစ္စာဟာ အရူးတွေရဲ့ မျှော်လင့်ချက်  သစ္စာဟာ ဂုဏ်ဒြပ်တွေအတွက်  ခပ်ညံ့ညံ့ပြိုင်ဘက်တစ်ခုသာဖြစ်တယ် . . သစ္စာဟာ ဓါးစာခံ သစ္စာဟာ ရေလဲသုံးပြီးစွန့် ပစ်ခံရတဲ့ ကစားစရာ သစ္စာဟာ အပြောသက်သက်အတွက် ဖန်တီးခံ  သစ္စာဟာ လူသုံးနည်းတဲ့ ဖိနပ်တစ်ရံသာသာပဲဖြစ်တယ်. . . သစ္စာကို ရှာတဲ့သူဟာ အရူးဖြစ်တယ်  ဒါမှမဟုတ်  အရူးတွေသာ သစ္စာကို ရှာဖွေကြတယ် . . မည်သို့ ပင်ဆိုစေကာမူ  သစ္စာမျှော်ဖူးသူ ငါသည်လဲ  သူရူးတစ်ယောက်သာ ဖြစ်တယ် . .။                                      မိုင်မျိုးမျိုးဆန်...

အချိန်တစ်ခုကုန်လွန်သွားတဲ့အခါ.... (မိုင်မျိုးမျိုးဆန်း)

Image
အချိန်တစ်ခုလွန်သွားတဲ့အခါ . . တစ်ခါချော့လိုက်ရုံနဲ့ မကျေနပ်တာမှန်သမျှ မေ့ထားတတ်တဲ့  မိန်းကလေးဟာ ကိုယ်မဟုတ်တော့ဘူး. . အလွမ်းတွေကို တခမ်းတနား ဖွဲ့ ဆိုတတ်တာ ကိုယ်မဟုတ်တော့ဘူး. . အသေးအဖွဲကအစ တွေးရင်းနဲ့ ဝမ်းနည်းတတ်တာ ကိုယ်မဟုတ်တော့ဘူး. . ကတိစကားတစ်ခွန်းကိုယုံစားလို့  ဖြစ်မလာသမျှ ခံစားတတ်တာ  ကိုယ်မဟုတ်တော့ဘူး. . အဲ့ဒီအခါမှာ . . အချစ်ဆိုတဲ့ အရာဟာလေ ရင်ခွင်ထဲ ပိုက်ထားခဲ့ဖူးတဲ့ ဝက်ဝံရုပ်ကလေးလို  ချောင်တစ်ချောင်မှာ ငြိမ်သက်နေကောင်းပါရဲ့ . . . စွဲလန်းဖူးတဲ့ အတုအယောင်အကြင်နာတွေဟာလဲ  ဆောင်းဦးရဲ့ သစ်ရွက်လေးတွေလို လေအဝေ့မှာ  လွင့်မြောသွားလိမ့်မယ် . . ထုထည်ကြီးလှတဲ့ အလွမ်းဆိုတာလဲ  တစ်ခါပြောဖြစ်မှ တစ်ခါပဲသတိရမိတော့မယ်ထင်ပါရဲ့ . . ကိုယ်ခေါ်ဖူးတဲ့ နာမ်စားလေးတစ်ခုဟာလဲ  မတော်တဆ ကြားမိတဲ့အခါမျိုးမှာ ပြုံးရုံလေးပဲ ပြုံးမိသွားလောက်တဲ့အထိ ဟောင်းနွမ်းသွားလိမ့်မယ် . . အဲ့ဒီအခါ အေးစက်စက် ဥပေက္ခာတွေနဲ့  ဖန်တရာတေနေတဲ့ နာကျင်မှုတွေကိ...

တံခါးနှစ်ချပ်ပုံပြင် (မိုင်မျိုးမျိုးဆန်း)

Image
တံခါးနှစ်ချပ်ပုံပြင် မာနကိုယ်စီ ရင်မှာချိတ် မျိုသိပ်လို့ နာကြည်းကြတဲ့အခါ နှလုံးသားတံခါးနှစ်ချပ်လဲ တိတ်တဆိတ် ပိတ်သွားကြလေတယ်. . ဘေးစကားတွေကို အဆိပ်ငွေ့လို  ကိုယ်စီမျိုချ ညဥ့်နက်နက်တိုင်း ငိုကြွေးဖို့  အမှတ်တရတွေကို ပိုးလိုမွေးထားပေမယ့် အပြင်ကမ္ဘာမှာတော့ သူစိမ်းဆန်ဆန် ခါးနေလေ့ရှိကြတယ်. . ရင်ထဲမှာ နွေတစ်ရာဆိုပေမယ့် အပြင်မှာတော့ ခပ်ဟဟ ရယ်မောလို့  တိတ်တဆိတ်လွမ်းတာလူမသိအောင် မေ့နိုင်ပြီဆိုတဲ့ဆိုင်းဘုတ်ကိုယ်စီ ချိတ်ထားကြလေရဲ့ . . အတ္တအဆိပ်သင့်သူနှစ်ဦးအတွက် လုံလောက်တဲ့ဖြေဆေးက သံယောဇဉ်ဆိုပေမယ့် အနိုင်လိုသူနှစ်ဦးကတော့ အလံဖြူကိုယ်စီ ရိုက်ချိုးထားနေဆဲ. . ဒီလိုနဲ့ပဲ. . ရက်စွဲတွေတစ်ခါသစ်တိုင်း မျှော် လင့်ခြင်းကို တစ်ခါသတယ် တစ်ယောက်ကတစ်ယောက်ထက်ပိုချစ်ခဲ့ရင် ဖြေရှင်းဖို့ လွယ်တဲ့ ပုစ္စာဆိုပေမယ့်. . . မာနကိုယ်စီ ရင်မှာချိတ်လို့  သူတို့ . . နှလုံးသားတံခါး ပိတ်ထားကြလေတယ်. . .။                                       ...

ကိုယ်..ဒီကဗျာကို ခေါင်းစဉ်မတပ်ပါရစေနဲ့ (မိုင်မျိုးမျိုးဆန်း)

Image
ကိုယ်..ဒီကဗျာကို ခေါင်းစဉ်မတပ်ပါရစေနဲ့ ဒဏ်ရာပေါ် ဒဏ်ရာထပ်တော့  ဒဏ်ရာတွေ အဆက်မပြတ်  ဒဏ်ခတ်ခံရတယ်  လူပြောများကြတာတော့  ဝဋ်ကြွေးဆိုတာ ဆပ်ဖို့ မလွယ်ဘူးတဲ့  ချစ်မိတာကိုက ဝဋ်နာ ကံနာ ထင်ပါရဲ့  . . အရှုံးလို့ အမည်မပေးရက်တဲ့ အရှုံးတွေနဲ့  တဖြည်းဖြည်း အချစ်က နိဂုံးဆန်လာတယ်  မေးထူးခေါ်ပြောအဆင့်နဲ့ပဲ  အကြင်နာတွေက လေတိုက်တိုင်းလွင့်ပါးသွားကြတယ်  ငါက မာနကြီးတယ်ဆိုရင်  မင်းကိုယ်မင်း ရက်စက်ခြင်းလို့ ခေါင်းစဉ်တပ်ပါလေ . . ညဥ့်နက်တိုင်း မျက်စိကိုစုံမှိတ်လို့  အိပ်မပျော်ပဲ အလွမ်းအိပ်မက်တွေမက်မက်နေတာခက်တယ်  သတိရခြင်း ၁ သတိရခြင်း ၂  သတိရခြင်း ၃  အိပ်စက်ခြင်းကတော့ လုံးလုံးရောက်မလာခဲ့ဘူး ရေတွက်ဖို့ ခက်တဲ့ သတိရခြင်းတွေနဲ့လေ . . အမှောင်ကမ္ဘာမှာ ပုန်းကွယ်ရမလား လွမ်းရတာတောင် တိုးတိုးတိတ်တိတ်  ဆိတ်ငြိမ်ရာအရပ်က ဆုတောင်းခွင့်ပြုပါ  နီးစပ်ဖို့ မလုံလောက်ခဲ့ရင်  လုံလောက်စွာ ဝေးပါရစေသား. . . အလားတူ တေးသွားမျိုးနဲ့ ငြီးတွားလို့ နာကျင်ရခြင်းမှ ဝေးပါစေ . . . သံသရာ အဆက်ဆက် . . သံသရာ အဆက်ဆက်အထိပေါ့ . . .။...

ရွာသူဖြစ်ချင်တယ် (မိုင်မျိုးမျိုးဆန်း)

Image
ရွာသူဖြစ်ချင်တယ် ဘယ်သူတွေ ဘယ်လိုလက်ညှိုးထိုးထိုး ရွာသူတစ်ယောက်ဖြစ်ချင်တယ်. . . ဆယ့်နှစ်ကြိုးအတတ်တွေနဲ့ ရင်ခွင်ကိုထွင်းဖောက်လို့  အတွေးထဲကို မွှေနှောက်ကြည့်မယ်. . ပညာတွေ အစွမ်းကုန်သုံးလို့  နှလုံးသားကို ပြုစားကြည့်မယ်. . တစ်ခါ တစ်ခါ တော့ နူးညံ့ခြင်းရဲ့ သမီးပျို. . တစ်ခါ တစ်ခါတော့ အကျည်းတန်တဲ့ဒေါသတွေနဲ့ တစ်ခါ တစ်ခါတော့လဲ စိတ်ကူးယဉ်နန်းတော်ထဲကို အလည်အပတ်ခေါ်လိုက်မှာပေါ့. . မျက်ရည်တွေပုလဲဖြစ်စေ ရယ်မောခြင်းတွေ ရွဲဖြစ်စေသား ငါမုန်းတဲ့ကောင်မလေးတွေတော့ လေလို ပြာလို ခပ်ဝေးဝေးဆီမျှောပစ်လိုက်မယ် . . အပ်ချလောင်း သူ့ နှလုံးသားမှာ ကိုယ်သာရှိစေသား။       ။                      မိုင်မျိုးမျိုးဆန်း

ငါ၏ရိုမီယိုသို့...... (မိုင်မျိုးမျိုးဆန်း)

Image
ငါ၏ရိုမီယိုသို့...... ( ၁ ) ချစ်တယ်လို့ နောက်တစ်ခါပြောဖို့ မာနဘယ်လောက်များများ ချခင်းရမလဲ . . . မဆုံနိုင်တာသိရဲ့ နဲ့ ကျောချင်းကပ်ထားခဲ့မိတာ မှားတယ် . . ငါဆိုတဲ့ အမိုက်အမဲက နောင်တရဖူးတယ်ဆိုလဲ ဒီထက်ပို လက်မဆွဲထားခဲ့မိလို့ ပဲဖြစ်မှာပါ ငါ့ရဲ့ ရိုမီယို . . ငါ့အချစ်ကို နင်မယုံကြည်တာ ရင်အနာရဆုံးပါပဲ . . . ( ၂ ) ရန်ဖြစ်တယ် ပြန်ချစ်တယ် လူပြောများတဲ့ ဖြစ်စဉ်တစ်ခုပါပဲ နင်နဲ့ငါကျမှ ရန်ဖြစ်ချိန်က ပြန်ချစ်ချိန်ထက် ဘာလို့ ပိုပိုများနေရတာလဲ တစ်ခုခုတော့ မှားနေပြီ . . ( ၃ ) မျက်ရည်တွေမိုးလိုရွာချလိုက်ရုံနဲ့ ရင်တစ်ခုလုံးပေါ့သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ ဝဋ်ကြွေးဆိုတာ ဘယ်လောက်ဆပ်ဆပ်မကုန်ဘူးထင်ပါရဲ့. . . . ( ၄ ) ဝေးကြပြီဆိုမှတော့ လွမ်းနေလိုက်ရုံပေါ့ နှစ်ဦးနှစ်ဘက်ချစ်မှ အချစ်လို့ခေါ်သလား ငါတစ်ယောက်ထဲချစ်နေလဲ ဒီအချစ်က လျော့ နည်းသွားမှာမှ မဟုတ်တာဘဲကွယ် . . . ( ၅ ) သတိရတယ်ဆိုတာ ဆံပင်တိုတို ညှပ်ရမလားလို့ တိုင်ပင်ချင်တာမျိုး . . . ကောင်မလေးတွေနဲ့ ဝေးဝေးနေနော်လို့ သတိပေးချင်တာမျိုး. . . နင့်ငါ့ကို မချစ်ဘူးလို့ အရင်လိုဂျစ်တိုက်ချင...

ငါ (မိုင်မျိုးမျိုးဆန်း)

ငါ ဘယ်တုန်းကမှ မနီးဖူးတာကို ဝေးလှပါချည်ရဲ့ ဆိုပြီး တမျှော်တခေါ်လွမ်းသတဲ့  ငါဆိုတဲ့ကောင်က အဲ့လို ဗရမ်းဗတာ . . လွမ်းလှပါပြီအော်လဲမကြားနိုင်သူကို တိတ်တခိုး စိတ်တွေကောက်လိုကောက် ပြီးတော့လဲ . . ကိုယ့်အချစ်နဲ့ကိုယ်ပဲ အာပတ်ဖြေရတယ်  အဲ့လို မရေမရာနဲ့ ငါ . . . ဟာတာတာ ရင်ဘတ်ကိုပိုက်ထားပြီး မညှာမတာ ရက်စက်ရက်သူလို့   လက်ညိုးတွေထိုးလိုထိုး  မျက်ရည်မိုးဆိုတာလဲ  ကိုယ်ပဲရွာ ကိုယ်ပဲတိတ်လိုက်နဲ့  ငါ့အရိပ်နဲ့ ငါပဲ ရူးနေသူ . . ထားခဲ့မယ်ဆိုတော့ လက်ကိုဆွဲ  နေခဲ့မယ်ဆိုတော့လဲ ဘာသိဘာသာ  မရေမရာနဲ့ ဒီလမ်းကိုလျှောက်ဖို့  ငါပဲ မတွန့် မဆုတ် ရွေးချယ်ခဲ့တာ . . ရင်နာလိုက်စမ်း အဖန်တရာတေတဲ့ ဒီလိုအချိုးတွေနဲ့  သေသေရှင်ရှင် လှည့်မကြည့်စတမ်းဆိုရင်  လွတ်လမ်းက လက်တစ်ကမ်းမှာပဲလေ . . ဒါပေမယ့် . . ငါဆိုတဲ့ အမိုက်အမဲကလဲ  ကြိုသူမဲ့တဲ့ ဒီကမ်းမှာပဲ ကပ်ချင်သူ မငြူ စူစတမ်းပေါ့လေ  ကျွတ်တမ်းမှ မဝင်ချင်တာ . .။        ...

လမ်းခွဲ (မိုင်မျိုးမျိုးဆန်း)

Image
လမ်းခွဲ  တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ရတာထက်  တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်နားမလည်တာခံရခက်တယ် . . ဝေးသွားလို့ ရတဲ့ဝေဒနာဆိုတာ စိတ်စိတ်ချင်းအပေါ်မှာမူတည်တာပါကွဲ့  နင်မလိုဘူးလို့ ပြောပြထားဖူးရင် ငါဘယ်နှစ်ခါထပ်ပေးမိလို့ လဲ  စေတနာပဲဖြစ်ဖြစ် အကြင်နာပဲဖြစ်ဖြစ်လေ . . ရန်တစ်ခါဖြစ်တိုင်း ငါတို့ တစ်ခါဝေးကြရမယ်ဆို  နားလည်မှုတွေကို ငါတို့ ဘာလို့ ခဲရာခဲဆစ်စုဆောင်းနေကြမလဲ  အချစ်ဆိုတာ သဲနဲ့ရေးတဲ့စာလေးပါပဲ  ပျောက်လွယ် ပျက်လွယ်ရှိလွန်းလိုက်တာ . . နား နား ပြီးမုန်းပါ  တစ်နေ့ ထက်တစ်နေ့ ပိုပြီးမုန်းပါ  ချစ်စရာကောင်းတာ မမြင်နိုင်ဘူးဆိုရင်  မုန်းစရာကောင်းတာ ရှာတွေးကြည့်လေ  ချစ်တာပဲဖြစ်ဖြစ် မုန်းတာပဲဖြစ်ဖြစ် သတိမရဘဲ လုပ်ယူလို့ မှမရတာ  ငါကတော့ မင်းကို နေ့ တိုင်းမုန်းတယ် . . ဟောဒီမှာ ငါ့အချစ်တွေ  သဲထဲရေသွန်သလို အောချလိုက်တယ် . . ဟောဒီမှာ ငါ့အချစ်တွေ  ရောက်ချင်ရာရောက် မျှောလွှတ်လိုက်တယ် . . ဟောဒီမှာ ငါ့အချစ်တွေ  အမှိုက်တွေလို သွန်ချလိုက်တယ် . . နောက်ဆုံးအနေနဲ့ မြင်အောင်ကြည့်ထား  ငါ့လွမ်းဆွတ်ခြင်း သက...

ကဗျာဆရာကို လွမ်းတဲ့ည (မိုင်မျိုးမျိုးဆန်း)

Image
ကဗျာဆရာကို လွမ်းတဲ့ည အမှောင်တွေနဲ့အတူ အလွမ်းတွေ တအိအိပြိုကျ ပြေးမလွတ်မယ့်အတူတူ မျက်စိစုံမှိတ် လွမ်းပစ်လိုက်တယ် ကဗျာဆရာရေ . . ရှင်ကတော့ အိပ်လို့ ပျော်နေမှာပါ . . ကျွန်မက လမင်းဆိုရင် ကဗျာဆရာက နေတစ်စင်းပဲ ရှင်သာ အလျှင်းမရှိတော့ရင် ကျွန်မဘဝလဲ အလင်းပျောက်သွားတော့မှာ ဒါကို ရှင် သိပါလေစ . . လွမ်းလိုက်တာလို့ တဖွဖွရေရွတ်မိရင် "သြော် . . အဲ့သလို " လို့  ဂွကျကျ ရှင်ပြန်ပြောဦးမှာမို့ လား ကျွန်မ ထမ်းပိုးထားတဲ့ အလွမ်းလေး ခဏငှားပြီး ကျွန်မလွမ်းသလိုလေး ရှင်လွမ်းကြည့်ပါလားလို့  ရန်တွေ့မိရင် တဟားဟား အော်ရယ် လိမ့်ဦးမယ် . . ကဗျာဆရာဟာလေ အဲ့ဒီလို အမြင်ကပ်စရာ ကောင်းနေတတ်သေးတယ် . . ခုနေ လွမ်းလို့ သေသွားရင် ရှင့်ကဗျာလေးတွေထဲမှာ ပြန်ဝင်စားချင်မိပါရဲ့  ကဗျာဆရာရေ . . ရှင်ချစ်တဲ့ ကဗျာလေးတွေကို ကျွန်မ အားကျလိုက်တာလေ . . ဇွတ်အတင်းအိပ်ဖို့ မျက်လုံးတွေပိတ်လိုက်တိုင်း ရှင့်အကြောင်းတွေ ခေါင်းထဲရောက်ရောက်လာတယ် အိပ်မက်ထဲ ဆုံတွေ့ကြဖို့ လဲ လွမ်းတဲ့ စိတ်နဲ့ အိပ်လို့ မရတာ ခက်တယ် . . ကဗျာဆရာရေ . . လမင်းကြီးကို ကြည့်လိုက်စမ်းလို့  အရင်လို စိတ်လိုလက်ရ ပြောပါဦးလားကွယ် . . ...

ငါ့ကို မချစ်တော့ဘူးဆိုရင် (မိုင်မျိုးမျိုးဆန်း)

Image
ငါ့ကို မချစ်တော့ဘူးဆိုရင် တစ်နေ့ ရွှေ တစ်နေ့ ငွေနဲ့ ငါ့ရဲ့ နေ့ တွေ ညတွေ အသက်မဲ့နေပြီ  ခပ်မြန်မြန်ပဲ အဆုံးသတ်ပါတော့......  မျက်ရည်တွေမှာ အက်ဆစ်ဓါတ်ပါရင် ငါပျော်မိမှာ....  လူမသိ သူမသိ  ငါ့ကိုယ်ငါ ကျွမ်းလောင်သွားချင်လို့ .....  အစမကောင်းတော့ အနှောင်းလဲ မသေချာလှပါဘူး  လျော့တိလျော့ရဲ ချစ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ပဲ သတ်သေချင်တယ်......  စီးဆင်းသွားတဲ့ ချောင်းတွေ မြစ်တွေနဲ့အတူ မျှော်လင့်ခြင်းတွေ မျှောလွှတ်လိုက်တယ်  ပင်လယ်ရေ......  ငါ့မျက်ရည်တွေလဲ မင်းလိုပဲငန်တယ် ......  အတိတ်မှာ ဘာပဲဖြစ်ဖြစ်ခဲ့ ဒီအချိန်မှာ အကျုံးမဝင်တော့ဘူး အားလုံးက  ဖြစ်ပြီးရင်း ပျက်ခဲ့ကြပြီပဲလေ  အမှတ်တရတွေ တော်ပါတော့......  လွမ်းလို့ သေသွားခဲ့ရင် ယောင်လို့ တောင် မင်းမငိုပါနဲ့  မင်းမျက်ရည်တစ်စက်အတွက်နဲ့  သံသရာတစ်ပတ်လည်ရမှာ ငါကြောက်လို့ ပါ.....  မင်းငါ့ကို မချစ်တော့ဘူးဆိုရင် ဇာတ်သိမ်းခမ်း လှလှလေးမှာ မင်းနာမည်ကို ချရေးပေးပါ..........