နာမည်ခေါ်ပေးပါလား (ထွဏ်းသွေးအိမ်) Call My Name မင်း ခရီးသွားတိုင်း ဘုရားစင်ရှေ့ ပုံမှန်ထက် (၂) ခေါက် ပိုရောက်တယ် ဖုန်းထဲလည်း ဘေလ် လုံလုံလောက်လောက် ထည့်ရ ဘယ်နား ရောက်ပြီလဲ ဆက်ရ ဂရုစိုက်ပါလို့ စာတွေပို့ရ ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ Whenever you travel, I find myself before the shrine twice more than usual. I top up my phone sufficiently, and call to find out where you are, send you messages, asking you to take care. Well, that's what love is all about. အခုအနေထားထက် မင်း ငါ့ကို ပိုမြင်လာရင် ကော်ဖီတူတူသောက်မယ် ကဗျာတွေ ရွတ်ပြမယ် မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ သူတွေရဲ့ အိမ်ရှေ့ လက်ချင်းချိတ်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်မယ် ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ If you could consider me more favorably, we would have coffee together, and I would recite you poems. We would walk hand in hand many times in front of the houses of those who said you would never love me. Well, that's what ...