မျှော်နေသူတစ်ယောက်ရဲ့နေ့ - အမုံ (မရမ်းမြေ)
 မျှော်နေသူတစ်ေယာက်ရဲ့နေ့ မွန်းမတည့်သေးဘူး သတိရခြင်းတွေက တလိမ့်လိမ့်တက်လာပြီ ဒီနေ့ ဘယ်လိုနေဝင်ရမလဲ ဆည်းဆာက ပုပ်အဲ့နေဦးမှာသေချာတယ် အရုပ်ဆိုးနေတဲ့ ညရယ် လွမ်းနေတဲ့ ငါရယ် အရာရာဟာ အလာ့ဂျစ်ဆန်နေတယ် စိတ်ကိုတင်းတယ် ငါပြုံးနေတယ် မနက်ဖြန်များစွာအတွက် ဒီနေ့များစွာကိုအံတုရဦးမယ် မှောင်နေတဲ့တောင်ကုန်း ဘယ်တော့များအလင်းတွေဖြာမလဲ အချစ်ဟာအတော်ဈေးကြီးသလား ပေးဆပ်ခဲ့သမျှ ရေပေါ်ရေးတဲ့ အရုပ်လို ခေါက်သိမ်းထားတဲ့စာမျက်နှာတွေကိုမှ တမေ့တမောဖတ်ချင်နေမိတယ် ဆောင်းတွေသာနွေဆန်သွားရဲ့ ပြန်မလာသူတစ်ယောက်ရဲ့အလွမ်းဟာ ကိုယ်နဲ့ဝေးရာဆီ ။ အမုံ(မရမ်းမြေ))