မာန် (ဒေါင်းနွယ်ဆွေ)

 

မာန် 



အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် ။

အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် ။

အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် ။

အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် ။

အငုတ်ကို ပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ် ။

မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။

ဒေါင်းနွယ်ဆွေ


Comments

Popular posts from this blog

ခရီးဖော် (မောင်မိုးအိမ်)

အချစ်လို့တွေးမိတာနဲ့ (စုယဉ်ယဉ်စိန်)

ချစ်ခြင်း (ဖြိုးဝေအောင်) translated by HZH