ပန်းပွင့်များ (မိုးသွေး)
" ပန်းပွင့်များ "
အလွမ်းဆိုတာ
ပန်းတပွင့်ဖြစ်ရင်
ဒီပန်းကို မင်း မပန်စေချင်ဘူး ။
ကိုယ့်ချစ်သူဟာ
ပန်းတပွင့်ဖြစ်ရင်
ဒီပန်းဟာ ထာဝရ တပွင့်တည်းပါ ။
သတိရခြင်းဟာ
ပန်းတပွင့်ဆိုရင်
အမြဲ ကိုယ် မင်းအတွက် သိမ်းထားမယ် ။
ဆုံဆည်းမှုဟာ
ပန်းတပွင့်ဖြစ်ရင်
ဒီပန်းဟာ ကိုယ်တို့အတွက် ဖြစ်ပါစေ ။
ခွဲခွာခြင်းဟာ
ပန်းတပွင့်ဆိုရင်
နွမ်းသွားမယ့် အချိန်ကို စောင့်နေမိတယ် ။
မိုးသွေး
Credit - ကဗျာလမ်း Facebook Page မှကူးယူဖော်ပြသည်။
Comments
Post a Comment