ရည်းစားစာ (တာရာမင်းဝေ)


ရည်းစားစာ 


စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

မပျံသန်းနိုင်တဲ့ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကိုပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး

ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ ..။

နင့်နှလုံးသားကိုဖုန်းခေါ်ပါ
ပြီးမှငါ့ကိုစာပြန်ပါ …။

တာရာမင်းဝေ 

Comments

Popular posts from this blog

တပည့်ဆရာမလောင်းသို့ (၂) (မိုင်မျိုးမျိုးဆန်း)

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)