Posts

Showing posts from April, 2018

တန်ဖိုးရှိတဲ့မိန်းမဆိုတာ (မင်းလူ) translated by Dr.Soe Than

Image
  တန်ဖိုးရှိတဲ့မိန်းမဆိုတာ.... မင်းလူ ပွဲသိမ်းခရာမမှုတ်သေးခင် ရှုံးပြီလို့မပြောပါနဲ့ဦး .... ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ တကယ်သေပြီလို့ အတည်ပြုနိုင်တယ် .... ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့ ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ .... အသက်ရှူ ရပ်သွားတာတောင် ဦးနှောက်အလုပ်လုပ်နေရင် သေပြီလို့ မဆိုနိုင်သေးဘူး .... ငါ့နှလုံးခုန် သဲ့သဲ့လေးပဲကျန်တော့လို့ မင်းသိပ်ပျော်နေလား ဟင် .... စိတ်ချ….. နောင်ဘဝကျရင်လည်း ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ .... ဒီလိုပဲ.... တန်ဖိုးရှိတဲ့ မိန်းမဆိုတာ စာအုပ်ကောင်းတစ်အုပ်လိုပဲ ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ ပြန်ဖတ်တိုင်း အရသာရှိတယ်လေ .... A precious lady Before the last whistle goes off don't declare defeat. A leopard can be announced dead only after it's been skinned. They say a cockroach can survive for days without its head. Though breathing has stopped if the brain is still at work, you can't claim he is deceased. Do you take great delight in knowing that my heart faintly beats? Rest assured... even in my next life

နှစ်သစ်မင်္ဂလာ (ငွေတာရီ)

Image
နှစ်သစ်မင်္ဂလာ ပင်အပေါင်းလည်း ရွက်ညောင်းချွေလှစ် ညှာနုသစ်နှင့် ဥသြပျို လည်း တေးချို ခွန်းလှစ် လင်္ကာသစ်နှင့် အချိန်မှာလည်း အတာကူးလှစ် အခါသစ်တည့် ပြည်သစ် စိတ်သစ် ဗမာသစ်တို့ အသစ်သည်ချိန် သစ် အရှိန်နှင့် တည်ငြိမ်ဖို့တွေး လွတ်လပ်ရေးကို ကူပေး ထူကြ ဝိုင်းဝန်းကြမှ ပြည်မ အောင်ချာ မင်္ဂလာနှင့် ဖြာဖြာငြိမ့်ရွှန်း သရေထွန်း၍ မော်ကွန်းတည်လိမ့်မည်တကား  ။                                                          ငွေတာရီ credit : ကဗျာလမ်း Facebook page

ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ (တင်မိုး)

Image
ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ကဗျာတခွက်​၊ နံ့သာလက်​ဖြင့်​ စက်​​တော်​ဗုဒ္ဓ၊ မိနှင့်​ဖကို ကြည်​မြသဒ္ဓါ၊ ပူ​ဇော်​ပါသည်​ ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။ ပိ​တောက်​ဝင်းဝင်း၊ တမာသင်းခိုက်​ ယမင်းသွယ်​လျ၊ မယ်​နှမကို အေးမြသီတာ၊ သွန်း​လောင်းပါသည်​ ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။ မြူ ခိုး​ဝေ၍ သည်​​နွေမဆုံး၊ တ​ပြည်​လုံးကို ကြည်​ပြုံး​စေ​အောင်​၊ မိုးလက်​​ဆောင်​ဖြင့်​ ​တောင်​​ပေါ်ကလာ၊ ငြိမ်းမိုးရွာသည်​ ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။  ။                              ဆရာကြီးတင်​မိုး ( ရှုမဝ၊ ၁၉၇၇)

MEd ( Master of Education ) (မိုင်မျိုးမျိုးဆန်း)

Image
MEd ( Master of Education ) အမြင်မှာနီးသလိုနဲ့ လှမ်းဖူးတဲ့ သူမှသိမယ် အဝင်ဝရောက်ဖို့ တောင် မှန်းမျှော်ရင်းဝေးနေသူတွေ တောင်ပုံရာပုံ. . . ဆန့် ကျင်ဘက်တွေဆုံတဲ့အရပ် မျက်ရည်တွေ အသင်္ချေကြားမှာ အပြုံးတစ်ချို့ တစ်ဝက်ရော ငိုသူတစ်ရာကြား ပြုံးသူတစ်ယောက် MEd ဆိုတာ အဲ့လောက်ထိ ဇကာတင်ခဲတယ်. . တက်ခဲရသလောက် တက်ဆဲတစ်လျှောက်မှာ ခေါင်းမော့ရဲမယ် ဒါပေမယ့်မေးကြည့် လူတိုင်းနီးပါး တစ်ခါမက ရုန်းခဲ့ဖူးတယ်. . လွယ်လွယ်အားလျှော့သူတွေ မရှိတဲ့အရပ်  လဲကျလို့ ပြန်မထရဲသူ  ဒီသရဖူကို ဆောင်းဖို့ မတန်ဘူး. . . အပြင်လောကအမြင်ထည့်မတွက်နဲ့  ပညာရေးလောကရဲ့ အကယ်ဒမီ တစ်ကြိမ်တစ်ခါ ပိုင်ဆိုင်ပြီးရင် တစ်သက်စာ နာမည်ရွှေရောင်လက်တယ်  လူတိုင်းမက်တဲ့ အိပ်မက် အကောင်အထည်ဖော်ဖို့ ခက်တာ မဆန်းဘူး. . MEd ဆိုတာ တောင်တစ်ခု. . တက်ခွင့်ရပြီလား  မောပန်းခြင်းအဆုံးမှာ ရွှေစင်ရုပ်ထုစောင့်နေတယ် . . . တက်ခွင့်မရသေးဘူးလား သက်လုံကောင်းအောင် ပြန်လေ့ကျင့်ထား . . သူထွက်မပြေးဘူး. . သူ မပြောင်းလဲဘူး. . . . ရင်ခွင်နဲ့ဆန့် သလောက်  တစ်နှစ်တစ်ခါ ဆီးကြိုနေတယ်. . ဇွဲ လုံ့ လနဲ့ဝီရိယ ရှိသူတွေအတွက် ဇွဲ လုံ့ လနဲ့ဝီရိယ ရှိသူတေ

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

Image
ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် မြန်မာ့ရိုးရာသင်္ကြန်ဆိုတာကတော့ ရှေးအစဉ်အဆက်ကတည်းက ရိုးရာမပျက်ကျင်းပခဲ့ကြတာ ပုဂံခေတ်ကစလို့ နှစ်ထောင်ချီနေပါပြီ။ ခေတ်တွေပြောင်းနေကြလို့ တချို့တလေကတော့ ရိုးရာယဉ်ကျေးမှုကို ကျော်လွန်ပြီး သရုပ်ပျက်တာတွေရှိခဲ့ကြပေမယ့် မြန်မာနိုင်ငံသား အများစုကတော့ ရိုးရာအစဉ်အလာ ယဉ်ကျေးမှုကိုထိန်းသိမ်းပြီး ခေတ်နဲ့အညီ ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲနေကြတာ နှစ်စဉ်အမြဲတွေ့နေကြမြဲပါ။ မြန်မာပြက္ခဒိန်နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးရက်တို့ရောက်ပြီး နှစ်သစ်ကူးတော့မည်။ မြန်မာ့ရိုးရာ ၁၂လရာသီပြက္ခဒိန်ရဲ့ ကုန်ဆုံးလက တပေါင်းလဖြစ်ပြီး နှစ်စလကတော့ တန်ခူးလဖြစ် ပါတယ်။ တန်ခူးလကို ရှေးတုန်းကတော့တန်းခူးလလို့ခေါ် တတ်ကြပြီး အချို့သောပျို့ကဗျာတို့မှာတော့ တာကူးလလို့ လည်း ရေးတတ်ကြပါတယ်။ ဝေါဟာရလိနတ္တိဒီပနီကျမ်း မှာတော့ မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် ကူးပြောင်း သည်ကိုအစွဲပြုပြီး ရေးသားတယ်လို့ဆိုထားပါတယ်။ ဒါကြောင့် တာကူးမှ တန်ခူးသို့ ရွေ့လျားခေါ်ဝေါ်သုံးစွဲကြတယ်လို့ပြော ကြပါတယ်။ ဆရာကြီး ဦးဖိုးလတ်ကတော့ တာကူးဟူသော အသုံးအနှုန်းနဲ့ တန်ခူးဆိုတဲ့ အသုံးအနှုန်းက အဓိပ္ပာယ်တခြားစီဖြစ်ပြီး ‘တာ’ဆိုတာက အချိန်အခါ

ဖြောင့်ချက်( ၇ ) (မိုင်မျိုးမျိုးဆန်း)

Image
ဖြောင့်ချက်( ၇ ) အရက်က  နည်းနည်းသောက်ရင် ဆေးဖက်ဝင်သတဲ့ . . များများသောက်ရင် ဘေးဖြစ်တတ်ပြန်ရော . . . အရက်က အပြောင်းအလဲများတာလား. . ပမာဏကပဲ လူကိုလှည့်စားတာလား . . ဘီယာကျပြန်တော့ . . နည်းနည်းသောက်ရင် ခါးသက်ပြီး များများသောက်ရင် ချိုလာတတ်ပါသတဲ့ . . ဘီယာက အပြောင်းအလဲများတာလား ပမာဏကပဲ လူကိုလှည့်စားလိုက်တာလား. . တကယ်ကတော့ . . အရက်ပဲဖြစ်ဖြစ် ဘီယာပဲဖြစ်ဖြစ် ပကတိအတိုင်းပဲ တည်ရှိနေကြတာပါ . . . ဆေးဖြစ်ခြင်း ဘေးသင့်ခြင်း ချိုခြင်း ခါးခြင်းဆိုတာ သင်ကိုယ်တိုင်ပေါ်မှာပဲမူတည်ပါတယ် . . ဒါကြောင့် . . လူတစ်ယောက်ကို ချစ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ ကိုယ်ရွေးချယ်လိုက်တဲ့လူဟာ  အရက်နဲ့တူတဲ့လူလား  ဘီယာနဲ့တူတဲ့ လူလား ဆိုတာကို သေချာအကဲခတ်သင့်တယ် . . ဒါမှ . . ကိုယ်ရွေးချယ်ရမယ့် အချစ်ရဲ့ ပမာဏကို ကိုယ်ကိုယ်တိုင် ချိန်ဆနိုင်မယ်လေ . . လူတစ်ချို့ က အချစ်များများပေးရင် ပေးနိုင်သလောက် သင့်ဘဝကို ချိုမြိန်စေတယ် ဆိုပေမယ့် . . လူတစ်ချို့ ကတော့  သင့်အချစ်တွေ များများပေးရင် ပေးသလောက်  သင

မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ (မိုင်မျိုးမျိုးဆန်း)

Image
မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ  ( ၁ ) ဆုမတောင်းဖြစ်တာကြာပြီ . . အလွမ်းတွေကလဲ  အရင်လို တသသပြောလို့ မကောင်းတော့ဘူး . . သြော် . . ခွဲခွါခြင်းဆိုတာ အဲ့ဒီလောက်ရင်နာရတယ်ပေါ့ . . . (နာနာကျင်ကျင် ရယ်မောမိပြန်တယ်. . ) ( ၂ ) မောင့်ကိုလွမ်းလား . . လို့  ခဏ ခဏ သူမေးခဲ့ဖူးတယ် အဲ့ဒီတုန်းကတော့ . . တကယ်လွမ်းလို့ တကယ်ငိုတဲ့အခါ သူ့ ကမ္ဘာကနေ ကိုယ့်ဆီအရောက်လာမယ်ထင်တာပေါ့  နုံအလွန်းတဲ့ ကိုယ့်ကိုကြည့်ပြီး သူရယ်မောလို့ နေခဲ့မှာသေချာတယ်. . ( ၃ ) ဒဏ်ရာဆိုတာ  တိုက်ဆိုင်မှုမရှိရင် အနာရွတ်တစ်ခုပါပဲ . . ခက်တာက . . အမှတ်တရဆိုတာ နေရာတိုင်းမှာရှိနေတတ်တယ် . .  သေရာပါမယ့် ဒီဒဏ်ရာနဲ့ ( ကိုယ့်မှာ . .) သွေးစိမ်းရှင်ရှင်ကျနေရတုန်းပဲ . . . . ( ၄ ) ဝေးရတာကြာတဲ့အခါ ဟန်ဆောင်ခြင်းပညာဆိုတာ အလိုလိုတတ်လာတယ် . . အမှန်တရားက မုသားလိုလို မုသားကပဲ အမှန်တရားလိုလိုလေ . . မေ့နိုင်ပြီလဲ ကိုယ်ပြောဖူးတယ် မမေ့နိုင်ဘူးလဲ ကိုယ်ပြောဖူးတယ် . . ကဲ . .  ဘယ်တစ်ခွန်းကို မင်းယုံမလဲကွယ် . . ( ကိုယ်သိပ်သိချင်ပါ

ကျောင်းဆရာ (မောင်မိုးအိမ်)

Image
ကျောင်းဆရာ သူ့ပုဆိုး I သူ့အင်္ကျီကို ကုန်စည် လို့ သူပြောတယ်။ သူ စာသင်နေတာကို  ဝန်ဆောင်မှု ပေးနေတာလို့ ဆိုတယ်။ တောအရပ်က ဆူးပင်တွေက အစ သူက အရေးတယူ ရှိလှတယ်။ သူ့အလိုလို ချွန်တဲ့ ဆူးတွေလို သူ့တပည့်တွေကို ချွန်စေလို ထက်စေလိုသတဲ့။ သူ့ကိုယ်ရေးကိုယ်ရာ ဘဝကလည်း သူ့တပည့်တွေအတွက် စံပြဖြစ်လေရဲ့။ သူ့လက်ထဲက နိုင်ငံတော်ကို လူကောင်း လူတော်တွေနဲ့ ဖွဲ့စည်း သူ့နိုင်ငံတော်မှာ  ဗလငါးတန် ပွင့်တယ် သီးတယ်။ စစ်ပွဲတွေကို စာအုပ်တွေထဲပဲ ထားခဲ့မယ် တဲ့။ သူ့နိုင်ငံတော်ဟာ ချိုးကူသံတွေ သာသာယာယာ။     ။                                                      မောင်မိုးအိမ်

စ စသတ်စစ် (ဖြိုးဝေအောင်)

Image
စ စသတ်စစ် အာဃာတတွေရဲ့ကြား ငြိမ်းချမ်းရေးအကြောင်း မကြားမိဘူးလားမေမေ ကျည်သံဗုံးသံတွေ တဖွဲဖွဲ သားမနေရဲဘူးမေမေ ယမ်းငွေ့ယမ်းနံ့တွေတထောင်းထောင်း လုံခြုံတဲ့နေရာပြောင်းရအောင်မေမေ သားတို့ကျောင်းမှာလည်း ခေါင်းလောင်းသံတွေအ ကျောင်းမနေရတော့ဘူးလားမေမေ ဖေဖေသေခဲ့ရတဲ့စစ် မေမေကြေကွဲရတဲ့စစ် စကိုစသတ်တဲ့စစ် စစ်ဖူးစစ်မြစ်တွေကန်း ငြိမ်းချမ်းရေးပန်းတွေလန်းပါစေ စစ်ရွက်စစ်ခက်တွေသေ ငြိမ်းချမ်းရေးပန်းတွေဝေပါစေ။       ။                                                              ဖြိုးဝေအောင်

ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)

Image
ကျွန်တော့်စာသင်ခန်းထဲ၌ မင်္ဂလာပါဆရာတဲ့ နှုတ်ဆက်သံတစ်ပွင့် ငွားငွားစွင့်စွင့်ပဲဟေ့ စာအုပ်ကိုလှန် စာတွေအံပြမနေနဲ့ စာအုပ်ကိုလှပ် စာတွေဖတ်ပြမနေနဲ့ နားမလည်ခြင်းတွေ ဖက် အလွတ်တွေကျက်မနေကြနဲ့ ဖက်ကျူရယ်တွေချ ကွန်ဆက်ကျူရယ်တွေပြမယ် ဖက်ကျူရယ်တွေထုတ် ကွန်ဆက်ကျူရယ်တွေလုပ်မယ် မသိသူကျော်သွား သိသူဖော်စားတဲ့ မသိရင်မေး မစင်ရင်ဆေးပေါ့ ပါးစပ်ကိုပိတ် နှုတ်ဆိတ်မနေနဲ့ကလေး မျက်စိကိုဖွင့် နားစွင့်စမ်းကလေး မေးစမ်းမြန်းစမ်း ဆွေးနွေးစမ်းကလေး တွေးစမ်းကြံစမ်း တိုင်ပင်စမ်းကလေး ဆရာ မင်းတို့ကို ဒီမိုကရေစီပေးပြီးသားနော်။    ။                                                                                        ဖြိုးဝေအောင်

သစ္စာတရားနဲ့ငါ့ကိုနှစ်သိမ့်ပါ (မိုင်မျိုးမျိုးဆန်း)

Image
သစ္စာတရားနဲ့ငါ့ကိုနှစ်သိမ့်ပါ ကောင်းကင်တစ်ခုထဲအောက်မှာ ခိုလှုံရရုံ မြေကြီးတစ်ခုထဲပေါ် အတူရပ်နေရရုံနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေရသူပါကွဲ့  ဒဏ်ရာအပိုတွေ မပေးစမ်းပါနဲ့ . . နွေဆိုလဲနွေ မိုးဆိုလဲမိုး   ဆောင်းဆိုလဲဆောင်းလိုက်ရရုံ  နင်မပါတဲ့ရာသီတွေမှာ  ငါဟာတစ်ယောက်ထဲ  သစ်ရွက်လိုကြွေလိုက် မိုးစက်လိုကြွေလိုက် နှင်းပွင့်လိုကြွေလိုက်ပါပဲ . . နင့်ကိုလွမ်းတဲ့ နာရီတွေဟာ စက္ကန့် တစ်ခုစာတောင် မရပ်တန့် ဘူး ဒီလူမှ မရူးရင်  ဘယ်သူမှ လွမ်းလို့ ရူးမှာမဟုတ်တော့ဘူး အလွမ်းဆိုတာမျိုးကလဲ လွမ်းလေ လွမ်းလေ လွမ်းမပြေတာခက်တယ်. . ငါ့ရဲ့ လမင်းလေးရေ. . နင်မပါမချင်း ငါ့ကမ္ဘာမှောင်နေဦးမှာသေချာတယ် ဘယ်လိုဖြေဖြေ မပြေတဲ့တမ်းတခြင်းတွေက ကြယ်တွေလို အသင်္ချေ  အပေအတေတစ်ယောက်ရဲ့ မှတ်တမ်းတွေပါ  အသိအမှတ်တစ်ချက်လောက်ပြုမယ်ဆိုရင် သစ္စာတရားနဲ့ နှစ်သိမ့်ပေးပါလေ . .။          ။                                                       မိုင်မျိုးမျိုးဆန်း

ချစ်ခြင်း (ဖြိုးဝေအောင်) translated by HZH

Image
ချစ်ခြင်း နင်ကငါ့လက်ကိုတွဲ ငါကနင့်လက်ကိုဆွဲလို့ တိမ်တိုက်တွေထဲထိသွားချင်တယ် လရောင်တွေရဲ့ကြား ငါ့အနမ်းတွေ နင့်ဆီသွားတဲအခါ ရှက်သွေးဖြာနေတဲ့ကောင်းကင်ထဲ ကြယ်ကလေးတွေကျဲခဲ့မယ် တစ်လောကလုံးလင်းနေမှာပါ။ ။                               ဖြိုးဝေအောင်(SUOE) Being in love You hold my hand I hold yours back;  and walking hand in hand  up to the clouds floating I ever wish for that.  Among the rays of the moon,  When my lovely kiss flies to you,  Over the sky looking shamefaced  I scatter twinkling stars.  Wishing the whole world shining brightly ever.                             HZH