နှစ်သစ်မင်္ဂလာ (ငွေတာရီ)
နှစ်သစ်မင်္ဂလာ
ပင်အပေါင်းလည်း
ရွက်ညောင်းချွေလှစ် ညှာနုသစ်နှင့်
ဥသြပျို လည်း
တေးချို ခွန်းလှစ် လင်္ကာသစ်နှင့်
အချိန်မှာလည်း
အတာကူးလှစ် အခါသစ်တည့်
ပြည်သစ် စိတ်သစ် ဗမာသစ်တို့
အသစ်သည်ချိန် သစ် အရှိန်နှင့်
တည်ငြိမ်ဖို့တွေး လွတ်လပ်ရေးကို
ကူပေး ထူကြ ဝိုင်းဝန်းကြမှ
ပြည်မ အောင်ချာ မင်္ဂလာနှင့်
ဖြာဖြာငြိမ့်ရွှန်း သရေထွန်း၍
မော်ကွန်းတည်လိမ့်မည်တကား ။
ငွေတာရီ
credit : ကဗျာလမ်း Facebook page
Comments
Post a Comment