တပည့်ဆရာမလောင်းသို့ (၂) (မိုင်မျိုးမျိုးဆန်း)

တပည့်ဆရာမလောင်းသို့ (၂)


(Ideal)

သမီးရေ . . .

ဒီနေ့ တော့ Ideal ဆိုတဲ့စကားလုံးလေး အကြောင်းပြောပြချင်တယ်

တစ်ကယ်တော့ ပညာရေးလောကသားတိုင်း ဒီစကားလုံး လေးနဲ့ရင်းနှီးပြီးသားပါ . .

အဓိပ္ပါယ်ကတော့ စံနမူနာဖြစ်သောပေါ့ . . .

ထပ်ပြောရရင် ldeal ဆိုတာ အတုယူချင်လောက်အောင်ကို နှစ်သက်စရာကောင်းနေတာမျိုးပေါ့ . .

Ideal person ဆိုရင် စံပြပုဂ္ဂိုလ်လို့တို့ တွေ မြန်မာ မှုပြုလေ့ရှိကြတယ် . . .

တို့ တွေ စံပြပုဂ္ဂိုလ်တွေအများကြီးကို သိကြတယ်

ဥပမာ - ငြိမ်းချမ်းစွာ ဆန္နပြတဲ့နေရာမှာမဟတ္တမဂန္ဒီဟာ ideal person,မေတ္တာတရားကို အလေးထားတဲ့နေရာမှာ မာသာထရီဇာဟာ ideal person ,မိန်းကလေးတွေစာတတ်မြောက်ခွင့်ရရေးကြိုးပမ်းတဲ့နေရာမှာ "မာလာလာ" သည် ideal person ပေါ့ . .

ဒါပေမယ့် . .

တို့ တွေဟာ မဟတ္တမဂန္ဒီရဲ့ ငြိမ်းချမ်းမှုကို အတုယူကောင်းယူမယ် သူ့ ရဲ့ ဟန်ပန်ကို အတုယူလေ့မရှိဘူး....

မာသာထရီဇာကို နှစ်သက်ပေမယ့် သူ့ ရဲ့ ဝတ်စားဆင်ယဉ်မှုကို အတုမယူလေ့ဘူး. . .

မာလာလာရဲ့့စိတ်ဓါတ်ကိုလေးစားပေမယ့် သူ့ ရဲ့ လေယူလေသိမ်းကိုအတုမခိုးဘူး. .

ဒါပေမယ့် သမီးရေ . .

ဆရာ/မ ဆိုတာကတော့ကမ္ဘာမကျော်ပေမယ့်အပြုအမူ အပြောအဆို အနေအထိုင် ဝတ်စားဆင်ယဉ်မှု စိတ်နေစိတ်ထား ပြဿနာဖြေရှင်းပုံ ကစလို့ အားလုံး အားလုံးကို မသိမသာရော သိသိသာသာရော အတုယူသွားမယ့် တပည့်တွေရှိနေတယ်... ကလေးတစ်ယောက်ရဲ့ ရင်ထဲမှာ တို့ တွေဟာနေရာဘယ်လောက်များများရှိနေသလဲဆိုတာ မမြင်နိုင်ဘူးမို့ လား . .

အဇာတသတ်နဲ့ အင်္ဂုလိမာလဟာ ဆရာရဲ့ စကားတစ်ခွန်းအတွက် ဘာမဆိုလုပ်ပစ်လိုက်ဖို့ ဝန်မလေးတာ အဲ့ဒီဆရာကို ideal အဆင့်ကပိုလို့ God teacher ဆိုတဲ့ပုံစံမျိုးထိ ကိုးကွယ်ခဲ့ကြလို့ ဖြစ်လိမ့်မယ် . .

ideal ကနေတစ်ဆင့်တက်ရင် God teacher အဆင့်ထိရောက်သွားမှာပဲမဟုတ်လား..

ဒါကြောင့် ဆိုးသွမ်းတဲ့ကလေးတွေအတွက်ရော လိမ်မာတဲ့ကလေးတွေအတွက်ပါideal အနေနဲ့ရပ်တည်ရမယ့် တို့ တွေအတွက် အရာရာအသိနဲ့ယှဉ်ရမှာ ပဲပေါ့... ဆရာမဖြစ်စကတော့ တွေးဖူးတယ်ဘာကြောင့်များ တခြားဝန်ထမ်းတွေနဲ့စာရင် ကိုယ်တွေဘဝက မလွတ်လပ်တာလဲသူတို့ လုပ်တော့ အပြစ်မဖြစ်ပဲ ဆရာမလုပ်တော့ ဘာလို့ ဝေဖန်ခံရတာလဲ?????? စသဖြင့်ပေါ့ ....

ဒါပေမယ့် တပည့်ရေ...

ခြားနားရမှာပါပဲ တခြားဝန်ထမ်းတွေဆိုတာ အတုယူမယ့်လက်အောက်ငယ်သားရှိရင်တောင် သူ့ ကျွမ်းကျင်ရာနေရာမှာပဲ အတုယူမှာလေ . .

တို့ တွေကတော့ စဉ်းစားဆင်ခြင်မှုအားနည်းသေးတဲ့ ကျောင်းသား/သူတွေရဲ့ ရှေ့ မှာနေ့ စဉ်နဲ့အမျှ အကဲဖြတ်အတုယူခံနေရတယ် မဟုတ်လား . .

ဒီတော့ တို့ တွေရဲ့ အပြုအမူက တဆင့်ကလေးတွေအတွက် ကောင်းတဲ့ အလေ့အထလေးတွေ ရသွားစေမယ်ဆိုရင် . .

တို့ တွေကို အတုယူပြီး ကောင်းမွန်တဲ့ စိတ်ထားလေးတွေရသွားမယ်ဆိုရင် ..

တခြားသူတွေလို မဝတ်ရတော့ ဘာအရေးလဲ . .တခြားသူလို မလွပ်လပ်လဲ ဘာအရေးလဲ . .ကိုယ့်ကြောင့် ပန်းပေါင်းများစွာပွင့်သွားမယ်ဆိုရင် . . .

ပွင့်သောပန်းတိုင်း ရနံ့သင်းပျံ့သွားစေမယ်ဆိုရင် တပည့်ရေ... ပီတိဆိုတာ ဘယ်လောက်များ သန့်ရှင်းလတ်ဆတ်လိုက်သလဲဆိုတာတစ်နေ့ တော့ ငါ့တပည့် ကိုယ်တွေ့ကြုံရမှာပါလေ . . .ဆန္ဒမွန်ဖြင့်

Mai Myo Myo San

Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)

ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)