တန်ဖိုးရှိတဲ့မိန်းမဆိုတာ (မင်းလူ) translated by Dr.Soe Than




 တန်ဖိုးရှိတဲ့မိန်းမဆိုတာ....


မင်းလူ



ပွဲသိမ်းခရာမမှုတ်သေးခင်

ရှုံးပြီလို့မပြောပါနဲ့ဦး ....

ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ

တကယ်သေပြီလို့ အတည်ပြုနိုင်တယ် ....

ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့

ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ ....

အသက်ရှူ ရပ်သွားတာတောင်

ဦးနှောက်အလုပ်လုပ်နေရင်

သေပြီလို့ မဆိုနိုင်သေးဘူး ....

ငါ့နှလုံးခုန် သဲ့သဲ့လေးပဲကျန်တော့လို့

မင်းသိပ်ပျော်နေလား ဟင် ....

စိတ်ချ…..

နောင်ဘဝကျရင်လည်း

ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ ....

ဒီလိုပဲ....

တန်ဖိုးရှိတဲ့ မိန်းမဆိုတာ

စာအုပ်ကောင်းတစ်အုပ်လိုပဲ

ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ

ပြန်ဖတ်တိုင်း အရသာရှိတယ်လေ ....


A precious lady


Before the last whistle goes off
don't declare defeat.

A leopard can be announced dead
only after it's been skinned.

They say a cockroach can survive
for days without its head.

Though breathing has stopped
if the brain is still at work,
you can't claim he is deceased.

Do you take great delight in knowing
that my heart faintly beats?

Rest assured...
even in my next life
I will fall in love with you.

As such....
a lady of great virtues
is like a good book.
No matter how torn and dog-eared,
it never fails to bring joy
each time you read it again.

Translated by Dr.Soe Than

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ