ဖြောင့်ချက်( ၇ ) (မိုင်မျိုးမျိုးဆန်း)

ဖြောင့်ချက်( ၇ )


အရက်က 

နည်းနည်းသောက်ရင် ဆေးဖက်ဝင်သတဲ့ . .

များများသောက်ရင် ဘေးဖြစ်တတ်ပြန်ရော . . .

အရက်က အပြောင်းအလဲများတာလား. .

ပမာဏကပဲ လူကိုလှည့်စားတာလား . .


ဘီယာကျပြန်တော့ . .

နည်းနည်းသောက်ရင် ခါးသက်ပြီး

များများသောက်ရင် ချိုလာတတ်ပါသတဲ့ . .

ဘီယာက အပြောင်းအလဲများတာလား

ပမာဏကပဲ လူကိုလှည့်စားလိုက်တာလား. .


တကယ်ကတော့ . .

အရက်ပဲဖြစ်ဖြစ် ဘီယာပဲဖြစ်ဖြစ်

ပကတိအတိုင်းပဲ တည်ရှိနေကြတာပါ . . .


ဆေးဖြစ်ခြင်း ဘေးသင့်ခြင်း

ချိုခြင်း ခါးခြင်းဆိုတာ

သင်ကိုယ်တိုင်ပေါ်မှာပဲမူတည်ပါတယ် . .


ဒါကြောင့် . .

လူတစ်ယောက်ကို ချစ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ

ကိုယ်ရွေးချယ်လိုက်တဲ့လူဟာ 

အရက်နဲ့တူတဲ့လူလား 

ဘီယာနဲ့တူတဲ့ လူလား ဆိုတာကို

သေချာအကဲခတ်သင့်တယ် . .


ဒါမှ . .

ကိုယ်ရွေးချယ်ရမယ့် အချစ်ရဲ့ ပမာဏကို

ကိုယ်ကိုယ်တိုင် ချိန်ဆနိုင်မယ်လေ . .


လူတစ်ချို့ က

အချစ်များများပေးရင် ပေးနိုင်သလောက်

သင့်ဘဝကို ချိုမြိန်စေတယ် ဆိုပေမယ့် . .


လူတစ်ချို့ ကတော့ 

သင့်အချစ်တွေ များများပေးရင် ပေးသလောက် 

သင့်ကို နာကျင်ခံစားရအောင် လုပ်လိမ့်မယ် . .


ဒါပေမယ့် . .

လူတစ်ချို့ ကလဲ 

ပမာဏများရင် များသလောက် 

သေလောက်တဲ့ ဒဏ်ရာတွေရမှာ သိသိကြီးနဲ့

စွဲလမ်းခြင်းအောက်မှာ အသက်ပျောက်ဖို့ ကိုပဲ တမင်သက်သက် ရွေးချယ်လိုက်ကြတယ် . .


တကယ်တော့ . . လောကမှာ 

ဘယ်သူမှ စာနာမပေးချင်တဲ့ အမိုက်အမဲဆုံးလူသားနှစ်မျိုးရှိတယ် . .


အဲ့ဒါ. . .

အရက်သမားတွေရယ် . .

အချစ်ကြီးတဲ့ သူတွေရယ်ပေါ့. . .


သင်ရော . . ?

အရက်လို လူလား . . ? 

ဘီယာလို လူလား . . . . . ?


ဟုတ်ကဲ့ . . . 

ကျွန်မကတော့ . .

လူတွေစာနာမပေးချင်တဲ့ ဒုတိယတစ်မျိုးပါ . .။


                                                    မိုင်မျိုးမျိုးဆန်း



Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ