ကျောင်းဆရာ (မောင်မိုးအိမ်)


ကျောင်းဆရာ




သူ့ပုဆိုး I သူ့အင်္ကျီကို
ကုန်စည် လို့ သူပြောတယ်။

သူ စာသင်နေတာကို 
ဝန်ဆောင်မှု ပေးနေတာလို့ ဆိုတယ်။

တောအရပ်က
ဆူးပင်တွေက အစ
သူက အရေးတယူ ရှိလှတယ်။
သူ့အလိုလို ချွန်တဲ့ ဆူးတွေလို
သူ့တပည့်တွေကို ချွန်စေလို ထက်စေလိုသတဲ့။

သူ့ကိုယ်ရေးကိုယ်ရာ ဘဝကလည်း
သူ့တပည့်တွေအတွက် စံပြဖြစ်လေရဲ့။

သူ့လက်ထဲက နိုင်ငံတော်ကို
လူကောင်း လူတော်တွေနဲ့ ဖွဲ့စည်း
သူ့နိုင်ငံတော်မှာ 
ဗလငါးတန် ပွင့်တယ် သီးတယ်။

စစ်ပွဲတွေကို
စာအုပ်တွေထဲပဲ ထားခဲ့မယ် တဲ့။
သူ့နိုင်ငံတော်ဟာ
ချိုးကူသံတွေ သာသာယာယာ။     ။

                                                     မောင်မိုးအိမ်

Comments

Popular posts from this blog

ချစ်ခြင်း (ဖြိုးဝေအောင်) translated by HZH

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)