ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ (တင်မိုး)


ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ




ကဗျာတခွက်​၊ နံ့သာလက်​ဖြင့်
စက်​​တော်​ဗုဒ္ဓ၊ မိနှင့်​ဖကို
ကြည်​မြသဒ္ဓါ၊ ပူ​ဇော်​ပါသည်
ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။

ပိ​တောက်​ဝင်းဝင်း၊ တမာသင်းခိုက်
ယမင်းသွယ်​လျ၊ မယ်​နှမကို
အေးမြသီတာ၊ သွန်း​လောင်းပါသည်
ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။

မြူ ခိုး​ဝေ၍
သည်​​နွေမဆုံး၊ တ​ပြည်​လုံးကို
ကြည်​ပြုံး​စေ​အောင်​၊ မိုးလက်​​ဆောင်​ဖြင့်
တောင်​​ပေါ်ကလာ၊ ငြိမ်းမိုးရွာသည်
ခါ​တော်​သင်္ကြန်​ပွဲတည့်​​လေ ။  ။

                             ဆရာကြီးတင်​မိုး (ရှုမဝ၊ ၁၉၇၇)

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ

ခရီးဖော် (မောင်မိုးအိမ်)