ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)
ကျွန်တော့်စာသင်ခန်းထဲ၌
မင်္ဂလာပါဆရာတဲ့
နှုတ်ဆက်သံတစ်ပွင့်
ငွားငွားစွင့်စွင့်ပဲဟေ့
စာအုပ်ကိုလှန်
စာတွေအံပြမနေနဲ့
စာအုပ်ကိုလှပ်
စာတွေဖတ်ပြမနေနဲ့
နားမလည်ခြင်းတွေ ဖက်
အလွတ်တွေကျက်မနေကြနဲ့
ဖက်ကျူရယ်တွေချ ကွန်ဆက်ကျူရယ်တွေပြမယ်
ဖက်ကျူရယ်တွေထုတ် ကွန်ဆက်ကျူရယ်တွေလုပ်မယ်
မသိသူကျော်သွား
သိသူဖော်စားတဲ့
မသိရင်မေး
မစင်ရင်ဆေးပေါ့
ပါးစပ်ကိုပိတ်
နှုတ်ဆိတ်မနေနဲ့ကလေး
မျက်စိကိုဖွင့်
နားစွင့်စမ်းကလေး
မေးစမ်းမြန်းစမ်း
ဆွေးနွေးစမ်းကလေး
တွေးစမ်းကြံစမ်း
တိုင်ပင်စမ်းကလေး
ဆရာ မင်းတို့ကို ဒီမိုကရေစီပေးပြီးသားနော်။ ။
ဖြိုးဝေအောင်
Comments
Post a Comment