Posts

ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B (ဒေါက်တာဖြိုးသီဟ)

Image
“ ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B” ဒီမေးခွန်းကတော့မြန်မာနိုင်ငံက လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုပါ။ ‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ်တွေ၊ သိလည်း ကိုယ့်ဝါသနာကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ်တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။ ကျွန်တော်တို့ဆီမှာ မိဘတွေရဲ့ အုပ်ထိန်းမှု၊ ကျောင်းက ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုဟာ ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲမှာ အမှတ်များဖို့နဲ့ ဆယ်တန်းအောင်တဲ့အခါ တက္ကသိုလ်ကောင်းကောင်းတက်ရဖို့ပါပဲ။ ကလေး ဘာဝါသနာပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံးချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာမှာ အမှတ်နည်းမှာစိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။ အဲဒီရဲ့ အကျိုးဆက်ကတော့ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတော့ဘူး။ အိမ်က တက်ခိုင်းတဲ့ တက္ကသိုလ်၊ အမှတ်မီတဲ့ တက္ကသိုလ် တက်တယ်၊ နောက်တော့မှ ကိုယ့်ဝါသနာ ကိုယ်တွေ့ပြီး စီးပွါးရေးလုပ်ဖြစ်တာတို့၊ အနုပညာလိုင်းကို ကူးပြောင်းကုန်တာတို့ ဖြစ်ကုန...

“ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်"

Image
“ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်" ထီးမပါတဲ့ကလေး......ဟုတ်ပါတယ်၊ "ထီးမပါတဲ့ကလေးဟာ မိုးထဲလေထဲမှာ ပိုအပြေးမြန်တတ်ပါတယ်" ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန် ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့နေဖို့အတွက် ၄၃၃ ယွမ်သာကျန်ပါတော့မယ်။ ဘယ်လိုခရီးဆက်သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာနားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက်မပိုနိုင်တော့ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။ “ ဖေဖေ စိတ်ချပါ။ ကျွန်တော့်မှာ ခြေတွေလက်တွေ ရှိပါသေးတယ်။” အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ၀မ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီးနူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တစ်ချိုးတည်း ထွက်လာပါတော့တယ်။ ခန္ဓာကိုယ်ကို လှည့်ပြီး သူထွက်ခွာလာတဲ့အခိုက်မှာ မျက်ရည်တွေ မျက်နာတစ်ပြင်လုံး ယိုဆင်းလာပါတယ်။ သူငိုသွားပါတယ်။ ဖခင်ကို မခွဲရက်တာပါတယ်။ ရှေ့ ပညာသင်ရမဲ့ခရီးအတွက် ပူဆွေးတာလည်းပါပါတယ်။ ...

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ စကားဝှက် ဟာ မျက်ရည်လို့ ငါမပြောခဲ့ဘဲ စစ်မြေပြင်ထဲ မင်း ဆင်းသွားပြီ ငါးလေးတွေ ခုန်တာ လွတ်မြောက်ချင်လို့လား ငါ မသိဘူး အသက်ရှင်ခြင်း အတွက် ပလက်ဖေါင်း ပေါ် လုတက်နေရတဲ့ အခန်းအချို့လည်း ငါ့မှာ ရှိခဲ့ မိဝေရေ သဲလွန်စ ချန်ထားခဲ့မယ် ကမ္ဘာမှာ အသက်ရှူပေမယ့် စိတ်သေနေတဲ့ လူလည်း ရှိတယ် ဆိုတာ တစ်နေ့က ကဗျာရေးထားတဲ့ စာအုပ်လေး မိုးမိလို့ ဖျားတယ် ဟို တစ်ရက်က အနာတွေ များနေတဲ့ ပန်းသီးတစ်လုံး ကို အံဆွဲထဲ သိမ်းထားလိုက်တယ် နေရတာလည်း တထိတ်ထိတ်ပါပဲ မိဝေရယ် မိုးများပြိုလာမလား ကလေးအတွေးနဲ့ ဓါတ်ပုံတွေ လိုက်သိမ်းနေမိတယ် ညလေးတွေကို ရေတွက်တယ် ကြယ်လေးတွေ ကို နေရာပြန်ချတယ် မီးပုံးပျံတို့ မိုးပျံပူဖေါင်းတို့ ဆိုတာ အချိန်တန် မြေကြီးပေါ် ပြန်ရောက်မယ်ဆိုတာ သိထဲက အဲဒါတွေကို မြင်ရင် စိတ်ထဲ အားမကျတော့ဘူး မိဝေ နေ့စဉ် ဘဝ ဆိုတာ ကိုယ့် ရူးသွပ်မှူ နဲ့ ကိုယ်နေပါ ဟာ သံလိုက်ကြီး လက်ထဲကိုင်ပြီး သစ်သား အိမ်ကြီးထဲ ငါရောက်နေတာ မိဝေ ဒါပါပဲ တောနင်းရှာသူတွေပါ ထပ်ပျောက်သွားတဲ့ တောနက်ထဲ အခိုက်အတန့် ဆိုတဲ့ စာတန်းလေး ခုချိန်...

“လျှို့ဝှက်ချက်တွေကို ရင်ဖွင့်သင့်သလား” (ဒေါက်တာဖြိုးသီဟ)

Image
“လျှို့ဝှက်ချက်တွေကို ရင်ဖွင့်သင့်သလား” (၁) ဆရာမင်းလူရေးတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း စာအုပ် ဖတ်ဖူးပါတယ်။ ငယ်ငယ်က မပြည့်မစုံ နေခဲ့ရပေမယ့် စီးပွါးရေးအကွက်မြင်၊ ပေါင်းတတ်သင်းတတ်၊ Street smart ဖြစ်ခဲ့လို့ တဖြည်းဖြည်း ချမ်းသာလာတဲ့ သူ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းပါ။ တစ်ခါက သူတို့သူငယ်ချင်းတွေ ကျောင်းလစ်ပြီး ဘောလုံးပွဲသွားကြည့်ကြပါတယ်။ အဲဒီမှာ ကျောင်းက ဆရာတစ်ယောက်နဲ့ ဘောလုံးကွင်းထဲမှာတွေ့ပါလေရော။ တွေ့တော့ သူက လန့်သွားတာပေါ့။ ဒါပေမယ့် သူ့သူငယ်ချင်းက ခပ်အေးအေးပဲ ပြောတယ်။ မကြောက်ပါနဲ့၊ ဆရာတောင် ဘောလုံးပွဲလာကြည့်နေမှတော့ ငါတို့ကို သူဘယ်လိုတိုင်မလဲ တဲ့။ တစ်ဖက်သားရဲ့ အားနည်းချက်ကို ကိုင်ထားတတ်တဲ့ သူ့အကျင့်စရိုက်ကို ဒီငယ်ဘ၀အဖြစ်အပျက်လေးကတစ်ဆင့် ဆရာမင်းလူက ပုံဖော်ထားပါတယ်။ (၂) စိတ်ဖိစီးမှုတွေကို ကလေးဘ၀က ကျက်ရတဲ့ ရူပဗေဒဖော်မြူလာလေးနဲ့ ဖြေဖျောက်ကြည့်ပါ ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ် ဖတ်ဖူးတယ်။ Pressure (Stress) = Force / Area ဖိအားဆိုတာ သက်ရောက်မှုကို တည်၊ သက်ရောက်တဲ့ ဧရိယာနဲ့ စား။ စဉ်းစားကြည့်၊ ကိုယ့်ဆီရောက်လာတဲ့ စိတ်ဒုက္ခက ၁၀၀ ဆိုပါတော့၊ ကိုယ်တစ်ယောက်တည်းမှာပဲ သက်ရောက်...

တပည့်ဆရာမလောင်းသို့ (၂) (မိုင်မျိုးမျိုးဆန်း)

Image
တပည့်ဆရာမလောင်းသို့ (၂) (Ideal) သမီးရေ . . . ဒီနေ့ တော့ Ideal ဆိုတဲ့စကားလုံးလေး အကြောင်းပြောပြချင်တယ် တစ်ကယ်တော့ ပညာရေးလောကသားတိုင်း ဒီစကားလုံး လေးနဲ့ရင်းနှီးပြီးသားပါ . . အဓိပ္ပါယ်ကတော့ စံနမူနာဖြစ်သောပေါ့ . . . ထပ်ပြောရရင် ldeal ဆိုတာ အတုယူချင်လောက်အောင်ကို နှစ်သက်စရာကောင်းနေတာမျိုးပေါ့ . . Ideal person ဆိုရင် စံပြပုဂ္ဂိုလ်လို့တို့ တွေ မြန်မာ မှုပြုလေ့ရှိကြတယ် . . . တို့ တွေ စံပြပုဂ္ဂိုလ်တွေအများကြီးကို သိကြတယ် ဥပမာ - ငြိမ်းချမ်းစွာ ဆန္နပြတဲ့နေရာမှာမဟတ္တမဂန္ဒီဟာ ideal person,မေတ္တာတရားကို အလေးထားတဲ့နေရာမှာ မာသာထရီဇာဟာ ideal person ,မိန်းကလေးတွေစာတတ်မြောက်ခွင့်ရရေးကြိုးပမ်းတဲ့နေရာမှာ "မာလာလာ" သည် ideal person ပေါ့ . . ဒါပေမယ့် . . တို့ တွေဟာ မဟတ္တမဂန္ဒီရဲ့ ငြိမ်းချမ်းမှုကို အတုယူကောင်းယူမယ် သူ့ ရဲ့ ဟန်ပန်ကို အတုယူလေ့မရှိဘူး.... မာသာထရီဇာကို နှစ်သက်ပေမယ့် သူ့ ရဲ့ ဝတ်စားဆင်ယဉ်မှုကို အတုမယူလေ့ဘူး. . . မာလာလာရဲ့့စိတ်ဓါတ်ကိုလေးစားပေမယ့် သူ့ ရဲ့ လေယူလေသိမ်းကိုအတုမခိုးဘူး. . ဒါပေမယ့် သမီးရေ . . ဆရာ/မ ဆိုတာကတော့ကမ္ဘာမကျော်ပေမယ့်အပြုအမူ အပြောအဆို အနေအထ...

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

Image
နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်) (၁) ဘဝမှာ ကိုယ့်လောက် စာမေးပွဲ ဖြေဖူးသူ ရှိခဲ့လျှင်တောင် တော်တော်တော့ ရှားမည်ဟု ဒေါက်တာအောင်ကျော် တွေးမိသည်။ ကျခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ အောင်ခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ သည်လောက် စာမေးပွဲပါး ဝနေတာတောင် စာမေးပွဲတစ်ခု ဖြေဖို့ စောစောစီးစီး ကတည်းက လုံလောက်စွာ စနစ်တကျ ကြိုတင် ပြင်ဆင်ခဲ့သည်ဟု တစ်ခါမှ မရှိခဲ့စဖူး။ တကယ် ဖြေရတော့မည် ဆိုမှပဲ နေ့မီး ၊ ညမီးနှင့် ဝုန်းဒိုင်း ကျဲရတာချည်းသာ။ သူ့ကို စာမေးပွဲ ဖြေရတာ ပျော်နေသည်ဟု လူငယ်တွေက ထင်တတ်ကြသည်။ တကယ်တော့ စာမေးပွဲ ဖြေရတာ သူ တစ်ခါမှ မပျော်ပါ။ လုပ်စရာ အလုပ်တစ်ခုကို လုပ်ချိန်တန်လျှင် ရှောင်လွှဲ မသွားတတ်သော သူ့ဝသီကြောင့် စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေနေရခြင်း ဖြစ်ပါသည်။ တကယ်တော့ စာမေးပွဲ ဖြေတာက လွဲလျှင် သူ လုပ်ရတာ ပျော်သော အလုပ်တွေက အများကြီး။ ငယ်စဉ်ကဆိုလျှင် ရုပ်ရှင်ကို ရုံမှာ သွားတန်းစီ ကြည့်ရတာကိုလည်း သူ ပျော်သည်။ အပေါင်းအသင်းတွေနှင့် ခရီးသွားရတာကိုလည်း သူ ပျော်သည်။ အတန်းပညာနှင့် လုံးလုံးမသက်ဆိုင်လျှင် ဘာစာ ဖတ်ရဖတ်ရ သူ ပျော်သည်။ နည်းနည်း အရွယ်ရလာ တီဗွီ ပေါ်လာတော့ တီဗွီရှေ့ ထိုင်ရတာကိ...

အိန္ဒိယသမုဒ္ဒရာ ကို ဗဟိုပြု၍ (ထွဏ်းသွေးအိမ်)

Image
အိန္ဒိယသမုဒ္ဒရာ ကို ဗဟိုပြု၍  (၁) လက်ထဲက လွှတ်ချလိုက်တဲ့ သဲပွင့် အနည်းငယ် က တော့ ပျော်ရွှင်မှာပါ ဒီသံသရာ ဘယ်လိုလိုက်ရ လိုက်ရ မင်းဘေးနားက လိုက်ချင်တဲ့ ဆန္ဒကို လှိုင်းတွေက သွေးတိုးစမ်းတယ် ကိုယ် နိုင်တယ် သိလား (၂) စိုးရိမ်စိတ်နဲ့ အရင်က မော့ကြည့်ခဲ့ဖူးတဲ့ တိမ်တွေက ဒီမှာလည်း ကိုယ့်ကို မှတ်မိတယ် (၃) မျက်ရည်နဲ့လုပ်တဲ့ မုန့်တွေ လက်ထဲမှာ ကုန်သွားတဲ့ နောက်ပိုင်း အရာရာ မင်းအတွက်ပဲ အရင်တွေးပါတယ် (၄) ကံကြမ္မာ ဆိုတာ ချောက်ထဲ ကျသွားတဲ့ သစ်ရွက်ခြောက်လေး တောင် လေအပင့်မှာ ပြန်တက်လာသေးတာပဲ မင်း ရယ်သံ နဲ့ အပြုံး အနည်းငယ် သိမ်းထားတဲ့ ဟောဒီ နှလုံးသားထဲ ဘယ်တော့မှ မင်း ကို မနာကျင်ဘူး (၅) စာရွက်ဖြူဖြူလေး တစ်ရွက် ရှိလည်း ကိုယ် လေယာဉ်ပျံ ပုံ မခေါက်ဘူး ကိုယ် စက္ကူလှေ ပုံ မချိုးဘူး အဲဒီ စာရွက်ပေါ် မင်း နာမည်တွေ အပြည့်ရေးမယ် ပေးခွင့်ရတဲ့ တစ်နေ့ မင်းကို ပေးမယ် (၆) ပြိုလဲခဲ့ပြီလားလို့ သူငယ်ချင်း တစ်ချို့ က မေးတယ် ကိုယ် ရယ်မော ပြ လိုက်တယ် သူငယ်ချင်းတွေ က ပြောတယ် မင်း ငိုနေတာ တဲ့ လှိုင်းအပြန် ခေါ်သွားတဲ့ သဲပွင့်တွေလို ...

ဂွတ်နိုက် (မိုင်မျိုးမျိုးဆန်း))

Image
ဂွတ်နိုက် အချစ်ရေ . . ဝေးရမယ့် ရာသီမျိုးမှာမှ  ကိုယ်တို့ တွေ ပျိုးကြဲမိခဲ့တာလား ပြိုမှာစိုးတဲ့ ကိုယ်တို့ ရဲ့ ကောင်းကင်ကြီးကို  လက်ဗလာနဲ့ဖြစ်ဖြစ် ကာထားကြစို့ရဲ့ . . ဟိုးဝေးဝေးမှာ "အနာဂါတ်သို့". .ဆိုတဲ့ လမ်းညွှန်မြှားလေးရှိတယ်  အချစ်ရေ . . တစ်ယောက်တစ်ကမ္ဘာစီခြားနေရင်တောင် လှမ်းမျှော်ရာအရပ်တူကြစို့ ရဲ့ . . စိတ်မညစ်ပါနဲ့ကွယ် . . ခြားနားခြင်းတွေက ဘာအရေးလဲ  ကိုယ့်ကိုချစ်တဲ့စိတ်ကလေးကိုပဲ  ငြိမ်းမသွားအောင် ကာထားပေးပါ  ယူဇနာတစ်သောင်းဆိုရင်လဲ  စိတ်စိတ်ချင်း ခရီးနှင်ဖို့ အတွက်ဆိုရင်  ဝေးလွန်းလှတဲ့အရပ်တော့ မဟုတ်ပါဘူးကွယ် . . မှတ်ထားနော် . . တမ်းတခြင်းတွေ ကြီးစိုးလာတဲ့အခါ . . ကိုယ်ရှိရာ အရပ်ကိုတည့်တည့်မှန်းပြီး သတိရနေတဲ့စိတ်ကို လေးညှို့ကလွှတ်ပါ  တဟုန်ထိုးပြေးလာတဲ့ ကိုယ့်ရဲ့ စိတ်နဲ့ အလွမ်းရဲ့ ဆုံမှတ်မှာ တွေ့ကြမယ် . . စိတ်မပူပါနဲ့ အချစ်ရယ် . . . . မနက်မိုးသောက်တဲ့အခါ ကိုယ်တို့ မျှော်လင့်နေတဲ့ကမ္ဘာ  ရောက်ချင်လဲ ရောက်လာမှာပေါ့   အခုညတော့ . . မင်းရဲ့ မျက်လွှာလေးကိုပိတ်  က...

ငါဟာ ကာတွန်းကားထဲကလို အမြဲ ရှုံးနေတဲ့ ကြောင်ပါ မင်းလည်း နိုင်ပါ မိဝေ (ထွဏ်းသွေးအိမ်)

Image
ငါဟာ ကာတွန်းကားထဲကလို အမြဲ ရှုံးနေတဲ့ ကြောင်ပါ  မင်းလည်း နိုင်ပါ မိဝေ ————————————— ရေတံခွန် ရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ စမ်းချောင်းလိုပါပဲ သိမ်ငယ်မှုတွေ နဲ့ ပဲ စီးဆင်းလို့ နီးမလိုလိုနဲ့ ဝေးဝေးသွားတဲ့ လမ်းပေါ် မင်းခြေသံကို အလွတ်မှတ်မိနေတဲ့ ပိုးစုန်းကြူးလေး တွေ က ညကျ စကားတွေ လာလာပြောရဲ့ တစ်ခါက ဒီတနင်္ဂနွေတွေ အသက်ဝင်ခဲ့တာ ကို သမိုင်းစာအုပ်ထဲ အတိအကျ ရှိခဲ့ပါတယ် မင်း မျက်မှန်ကိုင်းဟောင်းလေး မှာ သေချာရှာကြည့်ရင် တွဲလဲခိုနေတဲ့ အလွမ်းတွေ မြင်ရမှာ မျက်နှာကြက်က အိမ်မြှောင် လက်ပေါ်ပြုတ်ကျတဲ့ နေ့က ငါ အကောင်းပဲ တွေး ခဲ့တာ ပါ မိဝေ တရားဓမ္မ က နေ လည်း ငါ့ကို ဆုံးမပါ ငါ လိမ္မာပါ့မယ် ဘဝထဲ ကိုယ့်ဘူတာလေး နဲ့ ကိုယ် ဖြစ်တော့မှ မင်း ရထား လာ မရပ်တော့ဘူး ဆို သံသရာဆိုတာကြီး ထဲ ကိုယ် ခုန်ချနေခဲ့တော့မယ်  မိဝေ စတိုး ဆိုင်ထဲ ဝင်ကြည့်တော့ မင်း ရယ်သံ တွေ က ဝယ်လို့မရဘူး လှေခါးထစ် တစ်ခု ကျန်အုံးမယ် ဆို ချန်ထားပေးပါ့လား မိဝေ “ ကံ ” ဆိုတာကြီး က မျက်နှာသာပေးခဲ့ ရင် မင်း ဘုံ နား လာချင်လို့ပါ ထွဏ်းသွေးအိမ် ၂၄-၂-၂၀၁၉

ခွင့်လွှတ်ပါ Emerald Mon translated by ဆရာ​ဒေါက်တာစိုးသန်း

ခွင့်လွှတ်ပါ။ အလွမ်း ဓါတ်ခံရှိတော့ မင်းဟိုဘက် ငေးနေရင်တောင် ကိုယ့်ကို ပစ်ပြေးဖို့တွေးတယ် လို့ ထင်နေမိတာ. . .။ Emerald Mon Forgive me. I'm such a hopeless emo! When you're gazing the other way, I even entertained the thought- You're going to dump me. translation: Dr. Soe Than

လင်းမာအိုရေးတဲ့ကဗျာများ

ပြတင်းပေါက်မှန်မှာ လာမှန်ပြီး  လိမ့်ဆင်းသွားတဲ့ မိုးစက်လေးတွေကို ငေးကြည့်နေမိတယ် ဒီလိုနေ့မျိုးမှာ  နင့်လက်ဖဝါးလေးကို ဖျစ်ညှစ်ဆုပ်ကိုင်ရင်း ငါတို့ကို မသိတဲ့ လူတွေကြားမှာ လျှောက်သွားချင်နေမိတယ် မုန့်စားနေတဲ့ နင့်ပုံရိပ်လေးတိုင်းဟာ ငါအကြိုက်ဆုံး ပန်းချီကားချပ်ဖြစ်တယ် အခုတော့ ငါတစ်ယောက်တည်း  အခန်းကျဉ်းလေးထဲ...။ လင်းမာအို

အိမ်ပြေး (လင်းယံမြတ်)

အိမ်ပြေး  မီးရထား​တွေ အိပ်​မက်​မက်​တဲ့ညမှာ ကျ​နော်​က နယ်​မြို့​လေးရဲ့ အ​ဝေးမှာ။ အညို​ရောင်​ကော်​ဖီကို​သောက်​၊ ဂီတတ​ဒေါင်​ဒေါင်​ခေါက်​ပြီး ​ယောင်​ချာချာ​ခြောက်​ကပ်​တဲ့ ညနက်​ရှည်​တွေ ဖြတ်​သန်းရင်း အ​မေ့အိမ်​ကို လွမ်း​ခဲ့ရ။ မာနကို​ဘေးချိတ်​၊ သိတတ်​မှု​တွေချပြရင်း အပြုံး​တုများရဲ့​နောက်​ကွယ်​မှာလည်း ရိုက်​ငိုခဲ့ရ။ ကျ​နော်​က နယ်​မြို့​လေးရဲ့အ​ဝေးမှာ စိတ်အစဉ်​က အ​မေ့အိမ်​မှာ။ ဘ၀ဆိုတာ ဘာများလဲ.... အတ္တကို​ခြေနင်းထားပြီး​ခေါင်းငုံ့ခဲ့ရခြင်း​တွေ ပကာသနအနံ့ကို ရှူ ရှိုက်​ကြတဲ့ ပတ်​၀န်းကျင်​ထဲ ကိုယ်​ရဲ့ရိုးသားမှုကို အ​ရောင်​မစွန်း​အောင်​ထုတ်​ပိုးထားခဲ့ရခြင်း​တွေ ​လေစိမ်း​တွေ တိုက်​တိုင်း ၊​လေ​ပြေလို ညင်​သာခဲ့ရခြင်း​တွေ။ ​အောင်​မြင်​မှုများရဲ့​နောက်​ကွယ်​က ရှုံးနိမ့်​မှု​တွေ အပြုံးတုများရဲ့ မျက်​ကွယ်​က အမုန်းထုထည်​တွေ သည်းခံခြင်းရဲ့​ကျောဘက်​က စာနာမှု​တွေ ချစ်​ခြင်း​မေတ္တာ​ရဲ့ အခြားတစ်​ဖက်​က​စောင့်​စည်းခြင်း​တွေ။ ဘ၀ဟာ ဟ၀ှက်​ဖဲတစ်​ချပ်​ဆိုရင်​တောင်​ သူတို့ဘက်​က မမြင်​နိုင်​တဲ့ အခြမ်း​တွေ။ ဘ၀ဟာ ဘယ်​လောက်​ကြမ်းနိုင်​မလ...

ဒုတိယမ္ပိ ​သေဆုံးခြင်း(လင်းယံမြတ်)

 ဒုတိယမ္ပိ ​ သေဆုံးခြင်း "မ ​ တွေ့တာ ကြာပြီ ​ နော် ​ "တဲ့ ။ တကယ် တော့ ကိုယ် ​ မညာသင့်ဘူး။ ဒါ ​ ပေမယ့် မင်း ​ ဘေးက လူတစ် ​​ ယောက် ​ ကို ကိုယ် ​ အားနာသင့်တယ် ​ ထင် ​ လို့။ အင်း ​ ပေါ့ ကိုယ် ​ ​ ဖြေလိုက် ​ ရပါတယ် ​ ။ ​ မင်းနဲ့ ​ ဝေးပြီးတဲ့ ​ နောက် ​ .. မဟုတ် ​ ဘူး.. မင်း ချန် ​ ထားခဲ့တဲ့ ​ နောက် ​ အခုချိန် ​ ထိ မင်းကို ​ မေ့ဖို့ ကြိုးစား ​ နေဆဲ ဆိုတာ မင်းသိဖို့ မလိုဘူး ​ လေ။ ကိုယ့်အတွက် ​​ တော့ အိပ် ​ မက် ​ ကောင်းမက် ​ တုန်း လှုပ် ​ နှိုးခံရသလို အဆင် ​ မ ​ ပြေလှဘူး။ ဒိုင် ​ ယာရီမှာ ​​ တောင် ​ မင်းနာမည် ​​ လေး မှင် ​​ ခြောက် ​ အုံးမယ် ​ မထင် ​ ဘူး ​ လေ။ "မ ​ တွေ့တာ ကြာပြီ ​ နော် ​ " တဲ့။ ကိုယ် ​ ဘယ် ​ လို ​ ပြောရမလဲ။ မင်း ​ ပြော ​ ပြော ​ နေတဲ့ အနာဂတ် ​ ခရီးလမ်းကို လက် ​ တွဲသွားချင် ​ သူက မင်း ​ ဘေးက အဲလိုလူတစ် ​​ ယောက် ​ လား။ တကယ်တမ်းကျေ ​ တာ့ ​ ကိုယ် ​ မနာလိုဘူး။ ပြီး ​ တော့ မင်းကို လက် ​ လွှတ် ​ ရမှာစိုးတဲ့စိတ် ​ နဲ့ နှုတ်ေ ​ တာင် ​ မဆက် ​ ချင် ​ ဘူး။ မင်းရဲ့ ဟိုအရင် ​ လို မဟု...