ဒုတိယမ္ပိ ​သေဆုံးခြင်း(လင်းယံမြတ်)



ဒုတိယမ္ပိ ​သေဆုံးခြင်း


"မ​တွေ့တာ ကြာပြီ​နော်​"တဲ့ ။ တကယ် တော့ ကိုယ်​ မညာသင့်​ဘူး။ ဒါ​ပေမယ့်​ မင်း ​ဘေးက လူတစ်​​ယောက်​ကို ကိုယ်​အားနာသင့်​တယ်​ ထင်​လို့။ အင်း ​ပေါ့ ကိုယ်​ ​ဖြေလိုက်​ရပါတယ်​။

မင်းနဲ့ ​ဝေးပြီးတဲ့​နောက်​ .. မဟုတ်​ဘူး.. မင်း ချန်​ထားခဲ့တဲ့​နောက်
အခုချိန်​ထိ မင်းကို ​မေ့ဖို့ ကြိုးစား​နေဆဲ ဆိုတာ မင်းသိဖို့ မလိုဘူး​လေ။ ကိုယ့်​အတွက်​​တော့ အိပ်​မက်​ကောင်းမက်​တုန်း လှုပ်​နှိုးခံရသလို အဆင်​မ​ပြေလှဘူး။ ဒိုင်​ယာရီမှာ​​တောင်​ မင်းနာမည်​​လေး မှင်​​ခြောက်​အုံးမယ်​မထင်​ဘူး​လေ။

"မ​တွေ့တာ ကြာပြီ​နော်​" တဲ့။ ကိုယ်​ ဘယ်​လို​ပြောရမလဲ။

မင်း ​ပြော​ပြော​နေတဲ့ အနာဂတ်​ ခရီးလမ်းကို လက်​တွဲသွားချင်​သူက မင်း​ဘေးက အဲလိုလူတစ်​​ယောက်​လား။ တကယ်တမ်းကျေ​တာ့ ​ကိုယ်​ မနာလိုဘူး။ ပြီး​တော့ မင်းကို လက်​လွှတ်​ရမှာစိုးတဲ့စိတ်​နဲ့ နှုတ်ေ​တာင်​ မဆက်​ချင်​ဘူး။ မင်းရဲ့ ဟိုအရင်​လို မဟုတ်​​တော့တဲ့ အကြည့်​​တွေနဲ့ ကြည့်​တာမျိုး၊ သူစိမ်းခပ်​ဆန်​ဆန်​ စကားလုံး​တွေနဲ့ မင်း​ပြောတာမျိုး ကိုယ်​တကယ်​ လက်​မခံနိုင်​​သေးဘူး။

ဒီလိုမကြည့်​ပါနဲ့။ ဘယ်​​တော့မှ မဆုံစည်းနိုင်​​တော့ဘူးဆိုတဲ့အသိနဲ့ မျက်​နှာ​တွေလွှဲခဲ့သမျှ ကိုယ့်​မှာ မင်းကို ပြုံးပြဖို့ အဲ​လောက်​အသည်းမမာဘူး။ မင်းရဲ့ ချစ်​လှစွာ​သော သက်​ဆိုင်​သူကြီး​ရှေ့မှာ တချိန်​က ဘယ်​လို အတိတ်​မှ မရှိခဲ့တဲ့ ပုံစံမျိုးနဲ့ ၊ မင်းအ​ပေါ် ကိုယ်​မ​ကောင်းခဲ့သမျှ​တွေကို ဘယ်​လို အမူအရာမျိုးနဲ့ ​အရှက်​မရှိ ပြုံးပြရက်​မှာလဲ။

မင်းရဲ့ သက်​ဆိုင်​သူနဲ့ အခုလို လက်​ဆွဲနှုတ်​မဆက်​ပါရ​စေနဲ့ ဆိုတဲ့ ဆု​တောင်းဟာ ကိုယ့်​အတွက်​​တော့ ​ကောင်း​ကောင်းကြီး ပြည့်​ခဲ့​တာပေါ့။ ကိုယ့်​မှာ မင်းရဲ့ အပြုံး​လေး​တွေ မညိုးရ​အောင်​ ကိုယ့်​ရင်​ဘတ်​ထဲ တိတ်​တိတ်​ငို မင်း ​ရှေ့မှာ ​ပျော်​ခဲ့ရတယ်​​။ ကိုယ့်​ကို ရှင်​ရက်​နဲ့ ​အ​သေသတ်​သွားခဲ့​လေသလား။

ကိုယ့်​မှာ ဒုတိယအကြိမ်​ ဆွံ့အစွာနဲ့ လမ်းမ​ပေါ်မှာ ​တွေ​တွေကြီး ​ငေးလို့....။



လင်းယံမြတ်

Comments

Popular posts from this blog

တပည့်ဆရာမလောင်းသို့ (၂) (မိုင်မျိုးမျိုးဆန်း)

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

“လျှို့ဝှက်ချက်တွေကို ရင်ဖွင့်သင့်သလား” (ဒေါက်တာဖြိုးသီဟ)