လင်းမာအိုရေးတဲ့ကဗျာများ
ပြတင်းပေါက်မှန်မှာ လာမှန်ပြီး
လိမ့်ဆင်းသွားတဲ့
မိုးစက်လေးတွေကို ငေးကြည့်နေမိတယ်
ဒီလိုနေ့မျိုးမှာ
နင့်လက်ဖဝါးလေးကို
ဖျစ်ညှစ်ဆုပ်ကိုင်ရင်း
ငါတို့ကို မသိတဲ့ လူတွေကြားမှာ
လျှောက်သွားချင်နေမိတယ်
မုန့်စားနေတဲ့ နင့်ပုံရိပ်လေးတိုင်းဟာ
ငါအကြိုက်ဆုံး ပန်းချီကားချပ်ဖြစ်တယ်
အခုတော့
ငါတစ်ယောက်တည်း
အခန်းကျဉ်းလေးထဲ...။
လင်းမာအို
Comments
Post a Comment