Posts

Showing posts from May, 2018

ဒါတို့ပြည် ဒါတို့မြေ (ဒေါက်တာစိုးသန်း)

 ဒါတို့ပြည် ဒါတို့မြေ အားလုံး  အသံထွက် ညီညီဖတ်ကြတဲ့ ဆရာကပြောတယ် တို့အားလုံး အသံကုန်ဟစ်တာ ကျယ်လွန်းလို့ ဘာမှမကြားရ ပျော်သလိုတော့ရှိသား ... ဒါပေမဲ့...ဒါပေမဲ့... နေအုန်း သူငယ်ချင်း ငါက စာမျက်နှာ ၆မှာ မင်းက စာမျက်နှာ ၉ အလို... ဆရာကတော့  စာအုပ်ကို ဇောက်ထိုးကြီး ကိုင်ထားတာကိုး။ that's our mother land " class,  read it out in unison" the teacher says. we all shout at the top of our lungs- too loud to hear anything, though. that seems like fun, anyway... but...but... hang on, my friend! i am on page 6 while you're on page 9. alas! the teacher's  holding the textbook  upside down! Dr.Soe Than

ရင်ခတ်တေး (မိုင်မျိုးမျိုးဆန်း)

 ရင်ခတ်တေး (၁) "ဘယ်တုန်းက ချစ်ခဲ့ဖူးလို့လဲ" တဲ့လား အေးလေ . . ကိုယ့်လက်ဖမိုးနဲ့ သုတ်ပစ်ခဲ့တဲ့ မျက်ရည်တွေက သူ့ပုခုံးပေါ်မှာမှ မစိုစွတ်ဖူးတာပဲ . . ခေါင်းအုံးလေးပေါ်က ကိုယ့်ရဲ့အိပ်ရေးပျက်အလွမ်းညတွေကို သူ့အိပ်မက်ထဲမှာတောင်မှ မရိပ်မိစေခဲ့တာပဲ . . လက်ညိုးလေးနဲ့ရွယ်ခဲ့ဖူးတဲ့ နံပါတ်လေးဟာ သူ့ဖုန်းထဲမှာ missed call အဖြစ်နဲ့တောင်မှ ရောက်မသွားခဲ့ဖူးတာပဲ . . . လွမ်းတိုင်းရေးဖြစ်တဲ့ ကဗျာတွေကို ယောင်လို့တောင်မှ သူမမြင်ဖူးတာပဲကွယ် . . (၂) အိပ်မက်တွေ မက်တယ် နိုးလာတိုင်း ရင်နာရတယ် . . လက်တွေ့မှာတော့ သူရှိရာအရောက်သွားချင်တဲ့ ခြေလှမ်းတိုင်းက ထုံကျင်နေပြီး ကိုယ်ရှိရာအရပ်ကိုကမ်းပေးချင်တဲ့ လက်ကလေးတွေ ရပ်တန့်နေတယ် . . ခပ်ဟဟ လှောင်ရယ်သံတွေကို ဆိတ်ငြိမ်ရင်း နားထောင်ရုံသက်သက် နားထောင်မိခဲ့တယ် . . သတ္တိတွေမဲ့နေခဲ့တာကိုတော့ တစ်နေ့နေ့မှာ ဝန်ခံရင်း တောင်းပန်ရပါဦးမယ် . . (၃) အရေးမကြီးပါဘူး . . morning လို့ နှုတ်ဆက်သံမကြားရတော့ပေမယ့် တစ်ရက်ပြီးတစ်ရက် နေထွက်နေဆဲပဲ . . good ni

ပန်းရောင်းသူများ (မင်းလူ) translated by Dr.Soe Than

Image
ပန်းရောင်းသူများ - မင်းလူ Art for art's sake ဆိုရိုးစကား တစ်ခုရှိတယ် လက်သမားတစ်ယောက်ရဲ့  အိမ်တံခါးတွေဟာ အပျက်တွေချည်းပဲတဲ့။ As a saying goes- the doors of  a carpenter's house are all broken. ပန်းရန်ဆရာတစ်ယောက်ရဲ့  ၀န်ခံချက်ကတော့ ဟိုတယ်မှာ တစ်ခါမှ မတည်းခိုဖူးတဲ့ အကြောင်း။ A manson has made  a confession that he has never put up at a hotel in his life. မိမိမှာ စေ့စပ်လက်စွပ် မရှိပါ လို့  ပန်းထိမ်ဆရာတစ်ယောက်က ထွက်ဆိုဖူးတယ်။ A goldsmith has made a statement that he has no engagement ring in his possession. လယ်သမားကြီးတစ်ယောက်ကတော့ ဒေါ်လာဆိုတာ ဘယ်လိုဟာမျိုးလဲလို့  မေးနေရှာလေရဲ့ ။ An old farmer  asked in bewilderment what in the world a dollar note was like! ကိုယ့်ပုံတူကို ကိုယ်ပြန်ဆွဲဖို့  တစ်သက်လုံး မေ့လျော့နေခဲ့တာ ပန်းချီဆရာတစ်ယောက်ပေါ့။ He has forgotten  all his life to draw his own self-portrait! Yes, he's that artist. ဘာပဲဖြစ်ဖြစ် ဖဲ့ထုတ်ခံရတဲ့ သစ်သားစတွေ မပါဘဲနဲ့ တော့ ပန်းပုရုပ်

အာဆီယံကြောင် (ဆန်းကျော်စွာဝင်း) translated by Dr.Soe Than

Image
အာဆီယံကြောင် (ဆန်းကျော်စွာဝင်း) ASEAN cat                                  Idea မဂ္ဂဇင်း                                  စက်တင်ဘာလ ၂၀၁၇ ကြွေးကြော်သံက အာရှကျားဆိုပေမယ့် တကယ့်တကယ်ကျ အာဆီယံကြောင်… though the slogan says "ASEAN tiger" in fact it's an ASEAN cat. အိမ်နီးချင်းတွေ အပျင်းပြေမိတ်လိုက်တာ ခံရတဲ့ကြောင် " မြီးညောင် "လို့ ဟိန်းတဲ့အသံကို နဂါးကြီးက ရယ်တယ်… ဆင်တွေ ရယ်သလို ဆိတ်တွေလည်း ရယ်တယ်… the cat that's been mated for fun by her neighbors. her growl "meow...." is laughed at by the giant dragon and by elephants and goats, too. ကြောင်တောင်တောင်နဲ့ အာဆီယံကြောင် " စစ်ပွဲနဲ့ ဆန္ဒပြပွဲ "ဟာ တိုင်းပြည်ရဲ့အဓိက ထုတ်ကုန် တန်ဘိုးနည်းလုပ်သားဟာ တိုင်းပြည်ရဲ့အဓိက ပို့ကုန် ဝှိုက်ကဒ်ဆိုတာ တိုင်းပြည်ရဲ့ အဓိက သွင်းကုန် what an oddball, the ASEAN cat! "war and strikes" are the land's main products, cheap labour is the land's main export, and white cards are the land's main import. အရည်သွေးမြင့် တန်ဘ

မီးရှို့သူ (ဒေါက်တာစိုးသန်း)

Image
မီးရှို့သူ သူလား စာသိပ်မတတ်ပေမဲ့ စာသိပ်ဖတ်တယ်ဆိုသူကြီးပေါ့ မီးသတ်ဗိုလ်ရာထူးယူပြီး မီးမလောင်ရင် သူ့ဖြစ်တည်မှု အကြုံးမဝင်တာသိလို့ အိမ်နောက်ဘက်မှာ သူကိုယ်တိုင် မီးတောက်ကလေးမွေး မီးရှုးမီးပန်းတွေ အနားချထားသေးရဲ့ အဲဒီမီးပုံမှထွက်လာတဲ့ ဆူညံသံတွေကိုတော့ သူ့လိုစာအုပ်မဖတ်ဖူးသူနားလည်မှာမဟုတ်။ ARSONIST he is not quite literate but claims to be an avid reader. while enjoying the rank of Fire Chief, if no fire breaks out he knows his role can't be justified. so he himself has kindled a flame in the backyard and kept it alive with a pile of firecrackers on the side! the noises coming from that blazing fire will be alien to those who are not schooled in his kind of books. Dr.Soe Than 

သတ္တမမြောက်သုဒ္ဓကိန်းတစ်လုံး ; လက်ရုံး ( Thant Htin Wai )

Image
၁၉.၅.၂၀၁၇ရက်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သော (ဗိုလ်သန့်ထင်ဝေ၊စစ်ကြောင်းဆေးမှူး/DSMA 17) ကိုယ်တိုင်ရေးကဗျာတစ်ပုဒ်အား. ပြန်လည်ဖော်ပြ၍ ဂုဏ်ပြုပါသည်။ သတ္တမမြောက်သုဒ္ဓကိန်းတစ်လုံး ခန္ဓာကိုယ်မှာ အရှက်လုံရုံ အဝတ်တစ်စုံ ဖုံးထားတယ် ကိုယ့်အသက်အတွက် လက်တစ်ဖက်မှာ သေနတ်တစ်လက်.... ကျောထက်မှာ အိုးစားဖက်တွေ အတွက် အသက်ရှင်ရေး မျှော်လင့်ချက်တွေ စုပြုံထမ်းပိုး ပြီး ခြေတစ်လှမ်း လှမ်းလိုက်တယ် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းများစွာ....... ဘယ်နေ့က ဆောင်းကုန်ပြီး ဘယ်လက နွေပေါက်ခဲ့သလဲ မြေခင်းတစ်ထည်နဲ့ ရှာကြံထားရတဲ့ အနွေးဓာတ်ဟာ နေထွက်သည့်တိုင် ခိုက်ခိုက်တုန်ဆဲ အအေးဓာတ်ကို မကျော်လွှားနိုင်ခဲ့....... မိုးရွာချိန်မှာ မြေခင်းဟာ မိုးကာဖြစ်ပြီး ညအိပ်ချိန်မှာ မြေခင်းဟာ အိပ်ရာဖြစ်သတဲ့ မိုးရွာတဲ့ ညတွေမှာ မြေခင်းဟာ........ ကျောတစ်ခင်းစာ အိပ်ရာအတွက် ကမ္ဗလာမြေကြီးကို ကျေးဇူးတင်မိသလို တသွင်သွင်စီးဆင်းနေတဲ့ သောက်ရေ အတွက် စိမ့်စမ်းလေးတွေကို ကျေးဇူးတင်မိပါရဲ့ ငှက်ပျောအူထမင်းနဲ့ ရေမုန့်ညင်း အကြောပေါင်းတစ်ထောင် နဲ့ ငါးဥသီး ဓားမခုတ်ရွက် နဲ့ ပဲပိစပ်ေ

တိုက်ဆိုင်မှု မရှိလျှင် (မင်းလူ) translated by Dr.Soe Than

Image
တိုက်ဆိုင်မှု မရှိလျှင် ကဗျာဆိုတာ တစ်ခါတစ်ခါ ပန်းတစ်ပွင့် ပွင့်ချိန်တန်မှ ပွင့်လိမ့်မယ်။ ကဗျာဆိုတာ တစ်ခါတစ်ခါ သစ်သီးတစ်လုံး ကြွေချိန်တန်ရင် ကြွေမှာပဲ။ ကဗျာဆိုတာ တစ်ခါတစ်ခါ ချိန်ကိုက်ဗုံးတစ်လုံး အချိန်စေ့ရင် ကွဲတတ်တယ်။ ကဗျာဆိုတာ တစ်ခါတစ်ခါ ကြေးနန်းတစ်စောင် ကျွန်တော့်နှလုံးသား သင်္ကေတတွေ ခင်ဗျားထံ အမြန်ပို့လိုက်တယ်။ မခံစားတတ်ရင် ကျွန်တော့်ရင်ခုန်သံတွေ ပြန်ပို့ ပေးလိုက်ပါ။ ။ မင်းလူ If there is no coincidence.... A poem is  at times, a flower that will bloom at the right moment. A poem is at times, a fruit that will fall off when it's time. A poem is  at times, a time-bomb that explodes as its timer goes off. A poem is at times, a telegram that carries my heart symbols swiftly to you. If you have no feelings, would you please return my heartbeats to me? Translation by Soe Than

Old Flame (မိုင်မျိုးမျိုးဆန်း)

Image
Old flame အမှတ်တမဲ့တွေ့ဆုံခြင်းမှာ အမှတ်တရ ရနံ့သင်းနေပေမယ့်  မျှော်လင့်ခြင်းတွေ ထမတောက်တော့ဘူး သူက . . ငြိမ်းသွားဖူးတဲ့ မီးတောက်လေးတစ်ခု . . . အသေအကြေကြိုးစားခဲ့ရတဲ့ရိုးသားခြင်းတွေ ခုချိန်မှာတော့ နေသားတကျ  မျက်ဝန်းခြင်းထပ်ဆုံဖြစ်ရင်တောင် ကိုယ်ဖြူစင်နေမှာ အသေအချာ  ရင်ထဲကလောင်ခဲ့ဖူးတဲ့ ဒဏ်ရာတောင်  သဘောထားကြီးစွာ ငြိမ်တတ်နေပြီ  အချိန်ကာလရယ် အသိတရားတစ်ခုရယ်က ကိုယ်ရိုကျိုးခဲ့ရတဲ့ ဆရာသမားတွေလေ . . ပြောင်းလဲခဲ့ပါတယ်  စည်းတစ်ခုရဲ့ အောက်မှာငြိမ်သက်ရင်း နေကောင်းလား အဆင်ပြေလား  ဒီစကားတွေ အစားထိုးတတ်ပြီ အရင်က အချစ်စကားဆိုဖူးတဲ့နေရာမှာလေ . . တည်ငြိမ်စွာပြုံးတတ်ခြင်းဟာ ထိရှမှုတွေများခဲ့ခြင်းရဲ့ သင်္ကေတ အပေါ်ယံတွေကြည့်ပြီးဆုံးဖြတ်နိုင်ရင် ကိုယ့်အချစ်ကို ခပ်တိမ်တိမ်လို့ ထင်မိလိမ့်မယ်  ဒီတစ်ကြိမ်မှာတော့  ကိုယ်ဖြေရှင်းချက်မပေးတော့ဘူးနော်. . . ပေါင်းစည်းခွင့်ပါမလာခြင်းဟာ ကိုယ်တို့ အတွက် ဘုရားသခင်ပေးတဲ့ဇာတ်သိမ်း ဒီမီးတောက်လေး ငြိမ်းမသွားဖို့  ဘာလို့ များ ထပ်ဆုတောင်းနေဦးမလဲကွယ် . .

ရှုခင်းလေးများ ( ဖြိုးဝေအောင်)

Image
ရှုခင်းလေးများ သွေးသားမရှိတဲ့ သူ့ကိုယ်ထဲဝင်ကြည့်မိတော့ သူအသက်ရှင်နေတယ် စီးဆင်းစရာ သွေးနီနီတွေမရှိပေမယ့် သူ့နှလုံးခုံသံတွေက ဟီး လို့ပါလား သူလှနေတယ်ဆိုတာ သိနေသ၍ ကိုယ်လည်းကျန်းမာ လန်းဖြာလျက်ပေါ့။    ။                                                                                       ဖြိုးဝေအောင် (SUOE)

စစ်ကိုင်း သို့မဟုတ် ချစ်သောမြို့ (ဖြိုးဝေအောင်)

Image
စစ်ကိုင်း သို့မဟုတ် ချစ်သောမြို့ အလွမ်းတွေကို စိပ်ချဖို့ ပုတီးမလိုပါဘူး တရုတ်စကားပန်းလေးတွေရှိတယ် စေတီအသွယ်သွယ်နား ငြိမ်းချမ်းခြင်းတွေချထားတယ် သတိတရားနဲ့ကောက်ယူပေါ့ ဧရာရဲ့ပါးပြင်ကိုကျော် အင်းဝခေတ်ဆီ လှမ်းမျှော်နိုင်တယ် ရှည်လျားသွယ်တန်း ကမ်းနားလမ်းမှာပေါ့။   ။                                                                                                 ဖြိုးဝေအောင် (SUOE)

ည (ဖြိုးဝေအောင်)

Image
ည လူသံတိတ်ဆိတ်တယ် ကားသံတိတ်ဆိတ်တယ်  စကားသံတိတ်ဆိတ်တယ် ဆူညံမှုတွေ တိတ်ဆိတ်တယ် ဒါပေမယ့် တိတ်ဆိတ်မှုတွေတော့ ဆူညံနေလေရဲ့ လူတွေရဲ့  အတ္တတွေ အိပ်မောကျချိန် ညဟာ တိတ်ဆိတ်မှုတစ်ခုကို ဟစ်ကြွေးရင်း လူတွေရဲ့ လောဘကြောင့် ညဟာ ကွယ်ပျောက်ရပြန်တယ် ဒါပေမယ့်  ညဟာ ညကိုပြန်ရဖို့ လူတွေရဲ့ အတ္တကို အိပ်ငွေ့ချလိုက်တယ် အတ္တတွေ အိပ်ပျော်ပါစေဆုတောင်းရင်း ညဟာ အမှောင်ထုနဲ့အတူ အိပ်ပျော်သွားတော့တယ်။                                                       ဖြိုးဝေအောင်