မီးရှို့သူ (ဒေါက်တာစိုးသန်း)



မီးရှို့သူ


သူလား
စာသိပ်မတတ်ပေမဲ့
စာသိပ်ဖတ်တယ်ဆိုသူကြီးပေါ့
မီးသတ်ဗိုလ်ရာထူးယူပြီး
မီးမလောင်ရင်
သူ့ဖြစ်တည်မှု အကြုံးမဝင်တာသိလို့
အိမ်နောက်ဘက်မှာ
သူကိုယ်တိုင် မီးတောက်ကလေးမွေး
မီးရှုးမီးပန်းတွေ အနားချထားသေးရဲ့
အဲဒီမီးပုံမှထွက်လာတဲ့
ဆူညံသံတွေကိုတော့
သူ့လိုစာအုပ်မဖတ်ဖူးသူနားလည်မှာမဟုတ်။

ARSONIST


he is
not quite literate
but claims to be an avid reader.
while enjoying the rank of Fire Chief,
if no fire breaks out
he knows his role can't be justified.
so he himself has kindled a flame
in the backyard and kept it alive
with a pile of firecrackers on the side!
the noises coming from that blazing fire
will be alien to
those who are not schooled in his kind of books.

Dr.Soe Than 

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

မှတ်ချက် - မျှော်လင့်ခြင်းမဟုတ်ပါ (မိုင်မျိုးမျိုးဆန်း)