Posts

အချိန်ပိုင်းချစ်သူ both by Dr.Soe Than

Image
အချိန်ပိုင်းချစ်သူ နေ့တိုင်း အချိန်တိုင်း နေရာတိုင်းမှာ မလုပ်ချင်တာတွေ လုပ်နေရပေမဲ့ သေချာတာက ညအိပ်တဲ့ခါ အိပ်မက်ထဲမှာ မင်းဆီ လာလည်မှာ။ part-time lovers any day any time any place though i'm doing what i dislike one thing's for sure: when i fall asleep in my dream i will call on you. Both by Dr.Soe Than

ကမ်းနားလမ်း (ဖြိုးဝေအောင်​) translated by Ah Mon

Image
ကမ်းနားလမ်း ရေစီးသံတွေကို နားနဲ့ဆတ်ဆတ်  ကြားလိုက်ရပြီ ။ ။ ဘာတွေ မျောပါလာဦးမလဲ ကျွန်တော်ဆက်၍ မသိလို ။ ။ ကမ်းနားဆိုတိုင်းလည်း ခမ်းနားနေတာမှမဟုတ်ဘဲ အမှိုက်တွေနဲ့ ဒိုက်တွေနဲ့ ။ ။                                   ဖြိုးဝေအောင် (SUOE)                                    22. 7. 2018 (Sun) Road by the Riverside Just plainly hear the flow in the river Wishless to know what are going to be set adrift next Nor is every riverside a grand one Garbages and wastes on the banks of some...                                                         Ah Mon

စစ်ပွဲတွေ မရှိတော့တာ ကြာပြီ (မောင်​မြတ်​သူ)

Image
စစ်ပွဲတွေ မရှိတော့တာ ကြာပြီ သေနတ်လွယ်ထားတဲ့ စစ်သားတွေ နိုင်ငံမြေပုံကို နင်းသွားတာတွေ့တော့ အသုဘသီချင်းသံကိုပဲ ငါကြားနေရတယ်။ . ငါသိတာတော့ သူတို့က စစ်တိုက်နေတာမဟုတ်ဘူး၊ ထမင်းကြမ်းခဲစားရင်း အသေခံနေတာ။ ငှက်ဖျားဒဏ်ခံပြီး အသေခံနေတာ။ . နိုင်ငံတော်လူကြီးမင်းတွေ ချမ်းသာပြီးတည်းက စစ်ပြီးသွားတာကြာပြီ။ . ဒါကို သူတို့ တကယ်မသိကြဘူး။ . ရေဒီယိုတွေ နားမထောင်ဘူးလား၊ သတင်းစာတွေ မဖတ်ရဘူးလား မသိ၊ ဒါကို သူတို့ တကယ်မသိကြတာ။ . အိမ်နီးချင်းတွေလည်း စီးပွားရေးပဲ လုပ်နေတာ၊ အစိုးရလူကြီးတွေလည်း စီးပွားရေးပဲလုပ်နေတာ၊ စာသင်ကျောင်း မဆောက်ချင်တဲ့ လူကြီးတွေ ဘန်ကာ ဆောက်နေကြတာဟာ စစ်တိုက်တယ်လို့ လုံးစေ့ပတ်စေ့ မခေါ်ဘူး။ . ငါ့မျက်စိရှေ့မှာ သေနေတဲ့အလောင်းတွေက စစ်တိုက်လို့ သေနေတာတွေ မဟုတ်ဘူး။ . ဟိုခြေပြတ်၊ လက်ပြတ် ယောင်္ကျားများဟာလည်း စစ်တိုက်လို့ ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူး။ . တကယ်တော့ စစ်တိုက်တယ်ဆိုတာ ဘယ်မှာမှ မရှိတော့တာ ။ အီရတ်မှာ အမေရိကန်တွေ ရေနံတူးတာကို စစ်တိုက်တယ်မခေါ်ဘူး။ ကင်ဂျုံအန်က နန်းတော်ကို နယူးကလီးယားနဲ့ဆောက်နေတာကို စစ်တိုက်တယ်မခေါ်ဘူး။ . စစ်ပွဲရှိတယ်လို့ အလိမ်ခံရတဲ့ စစ်သားတွေ...

မာန် (ဒေါင်းနွယ်ဆွေ)

Image
  မာန်  အပွင့်ကိုခူး အဖူး ငါ့မှာ ကျန်သေးတယ် ။ အဖူးကို ဖျက် အခက် ငါ့မှာ ကျန်သေးတယ် ။ အခက်ကို ချိုး အရိုး ငါ့မှာ ကျန်သေးတယ် ။ အရိုးကို နှုတ် အငုတ် ငါ့မှာ ကျန်သေးတယ် ။ အငုတ်ကို ပယ်ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် ။ မနက်ဖြန်ဆို ငါပင်ပျိုသည် ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ မြေကမ္ဘာမှာ သာယာဝင့်လန်း မေတ္တာဖျန်းပြီး ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။ ဒေါင်းနွယ်ဆွေ

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ

Image
လူတိုင်းမှာ ဘယ်တော့မှမဆုံနိုင်ပေမယ့် ဘယ်လိုမှမေ့မရတဲ့လူတစ်ယောက်တော့ ရှိခဲ့ကြမယ်… နှစ်တွေကြာတဲ့အခါ ပြင်းပြင်းရှရှ မလွမ်းတော့ပေမယ့် ပြန်တွေးတိုင်း မျက်ရည်ဝဲစေမယ့် အမှတ်တရတွေ… " အတူပျော်ဖူးတဲ့လူထက်   အတူငိုဖူးတဲ့လူကို ပိုသတိရတယ် "ဆိုလား ငါတို့နှစ်ဦးသား တစ်ယောက်မျက်ရည်တစ်ယောက်သုတ်ခဲ့တာ ပေါင်မုန့်တစ်ခုကို တစ်ယောက်တစ်ဝက်ဖဲ့စားခဲ့တာ ၂၀၀တန်တစ်ရွက်ကို တစ်ယောက်အိပ်ကပ်ထဲတစ်ယောက်တစ်လှည့်စီ ပြန်ထည့်ပေးတဲ့ကရုဏာတွေ ထမင်းချိုင့်တစ်ဆင့်ကို တစ်လှည့်စီ ခွံ့ပြီး မဝရေစာ ပျော်ရွှင်ချိန်များ… ဆိုင်ကယ်အပျက်လေး တစ်လှည့်စီတွန်းရင်း သီချင်းတွေ အော်ဆိုဖူးတာ ထီလက်မှတ်လေးကိုင်ရင်း အနာဂတ်ကို အော်ဟစ်ရင်ခုန်မိတဲ့အချိန်တွေ ယောက်ျားရင့်မာကြီးဆိုပေမယ့် အရမ်းဝမ်းနည်းတဲ့အခါ နင့်ရင်ခွင်ထဲ ခေါင်းထည့်ငိုချင်တယ်။ ထူးထူးဆန်းဆန်း စုံတွဲပေါ့… တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း တစ်ယောက်ပခုံး တစ်ယောက်မှီရင်း လမ်းခွဲဖို့ ဆွေးနွေးဖြစ်ကြတယ် ။ အရမ်းချစ်သူတိုင်း လမ်းမခွဲဖြစ်ဘူးလို့ ထင်သလား ဘဝတစ်လျှောက်လုံး အသက်ရှူချောင်ဖို့အတွက် အသက်ရှူကြပ်ခဲ့ရတဲ့ အချိန်တွေ ။ ဆန္ဒ/ခံယူချက်/အတွေးအခေါ် တစ်ခုမှမ...

လူသတ်သမားရဲ့ညစာ (နှင်းခါးမိုး) translated by Dr.Soe Than

Image
လူသတ်သမားရဲ့ညစာ   -နှင်းခါးမိုး လူသတ်သမားက သွေးအေးတယ် ။ သွေး မခြောက်သေးတဲ့လက်နဲ့ စီးကရက်ကို မီးညှိပုံ  သူသတ်ထားတဲ့ အလောင်းရဲ့ အင်္ကျီရင်ဘတ် ကြယ်သီးတွေကို ဆွဲစေ့ပေးပုံ ၊ ကော်ဖီဆိုင်ထဲက ထလာသလို လေကလေးချွန်ပြီး လျှောက်သွားလိုက်သေးသတဲ့။ ဥဩသံတွေ ဆူညံ ရဲတွေ ရောက်လာ သတင်းစာ မျက်နှာဖုံးမှာ ခေါင်းကြီးစာလုံးမည်းကြီးနဲ့ ပါလာ အသတ်ခံရသူရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို တီဗွီက မကြာမကြာ ထုတ်လွှင့်နေ တစ်မြို့လုံး ကလည်း ဒီအမှုအကြောင်းပဲ ပြောနေကြ ။ ရွှေကို လိုလို့ သတ်သလား လူကို လိုလို့ သတ်သလား တခါက ရန်ငြိုးလား စိတ္တဇ လူသတ်သမားလား ။ အသေဆိုးလေခြင်းလို့ စုပ်သပ်သူက သပ် အတင့်ရဲလေခြင်းလို့ ဒေါကန်သူက ကန် ရှေ့က လမ်းချိုးကွေ့ အမှောင်ရိပ်ထဲ  လူသတ်သမား စောင့်နေမလားလို့ ကြောက်လန့်သူတွေလည်း ရှိရဲ့ ၊ ( ဒီလိုနဲ့ ) မြို့ကလေးထဲ ညအမှောင်ထုက တွားသွားဝင်လာ တံခါးတွေ စောစောပိတ်  မီးတွေ စောစော မှိတ်ကြ  စောစောတော့ အိပ်မပျော်နိုင်ကြ ။ လူသတ်သမားကော ဒီအချိန်ဆို ညစာ စားနေလောက်ပြီ ၀ိုင်ကလေး သောက်လိုက် စပျစ်သီးလေး မြုံ့လိုက်နဲ့လေ ပြ...

တခါတခါ (မင်းလူ) translated by Dr.Soe Than

Image
" တခါတခါ " တခါတခါ အချစ်ဟာ သွေးနဲ့တူတယ်။ တစက်ဆို တစက် တန်ဖိုး တက်တတ်တယ် ။ at times love is like blood: even just a drop, its value tends to increase. တခါတခါ အချစ်ဟာ ချွေးနဲ့တူတယ်။ ငုပ်နေရင်လည်း မကောင်း လွန်သွားရင်လည်း အန္တရာယ်ပဲ ။ at times love is like sweat: it's bad if you don't sweat, too much sweat is dangerous. တခါတခါ အချစ်ဟာ တံတွေးနဲ့တူတယ် ။ မြုံထားမှ တန်ဖိုးရှိတယ် ။ at times love is like spittle: it's better when held in mouth. တခါတခါ အချစ်ဟာ သေးနဲ့တူတယ်။ စွန့်ထုတ်လိုက်တာနဲ့  အညစ်အကြေး ဖြစ်သွားတာပဲ ။ at times love is like urine: once released, it becomes waste. တခါတခါ အချစ်ဟာ ချေးနဲ့တူတယ်။ သိပ်ချုပ်လွန်းရင် အန္တရာယ်ဖြစ်တတ်တယ် ။ at times love is like faeces: chronic constipation is harmful. တခါတခါ အချစ်ဟာ အတွေးနဲ့တူတယ်။ လွဲချော်မှုက၊ လက်တွေ့ဖြစ်မလာတာက ပိုများတယ်။ at times love is like thoughts: there are more hitches and glitches than realization of hopes. တခါတခါ အချစ်ဟာ ကလေးနဲ့တူတယ်။ ဘာမှမသိသေးတဲ...