Posts

မာန် (ဒေါင်းနွယ်ဆွေ)

Image
  မာန်  အပွင့်ကိုခူး အဖူး ငါ့မှာ ကျန်သေးတယ် ။ အဖူးကို ဖျက် အခက် ငါ့မှာ ကျန်သေးတယ် ။ အခက်ကို ချိုး အရိုး ငါ့မှာ ကျန်သေးတယ် ။ အရိုးကို နှုတ် အငုတ် ငါ့မှာ ကျန်သေးတယ် ။ အငုတ်ကို ပယ်ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် ။ မနက်ဖြန်ဆို ငါပင်ပျိုသည် ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ မြေကမ္ဘာမှာ သာယာဝင့်လန်း မေတ္တာဖျန်းပြီး ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။ ဒေါင်းနွယ်ဆွေ

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ

Image
လူတိုင်းမှာ ဘယ်တော့မှမဆုံနိုင်ပေမယ့် ဘယ်လိုမှမေ့မရတဲ့လူတစ်ယောက်တော့ ရှိခဲ့ကြမယ်… နှစ်တွေကြာတဲ့အခါ ပြင်းပြင်းရှရှ မလွမ်းတော့ပေမယ့် ပြန်တွေးတိုင်း မျက်ရည်ဝဲစေမယ့် အမှတ်တရတွေ… " အတူပျော်ဖူးတဲ့လူထက်   အတူငိုဖူးတဲ့လူကို ပိုသတိရတယ် "ဆိုလား ငါတို့နှစ်ဦးသား တစ်ယောက်မျက်ရည်တစ်ယောက်သုတ်ခဲ့တာ ပေါင်မုန့်တစ်ခုကို တစ်ယောက်တစ်ဝက်ဖဲ့စားခဲ့တာ ၂၀၀တန်တစ်ရွက်ကို တစ်ယောက်အိပ်ကပ်ထဲတစ်ယောက်တစ်လှည့်စီ ပြန်ထည့်ပေးတဲ့ကရုဏာတွေ ထမင်းချိုင့်တစ်ဆင့်ကို တစ်လှည့်စီ ခွံ့ပြီး မဝရေစာ ပျော်ရွှင်ချိန်များ… ဆိုင်ကယ်အပျက်လေး တစ်လှည့်စီတွန်းရင်း သီချင်းတွေ အော်ဆိုဖူးတာ ထီလက်မှတ်လေးကိုင်ရင်း အနာဂတ်ကို အော်ဟစ်ရင်ခုန်မိတဲ့အချိန်တွေ ယောက်ျားရင့်မာကြီးဆိုပေမယ့် အရမ်းဝမ်းနည်းတဲ့အခါ နင့်ရင်ခွင်ထဲ ခေါင်းထည့်ငိုချင်တယ်။ ထူးထူးဆန်းဆန်း စုံတွဲပေါ့… တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း တစ်ယောက်ပခုံး တစ်ယောက်မှီရင်း လမ်းခွဲဖို့ ဆွေးနွေးဖြစ်ကြတယ် ။ အရမ်းချစ်သူတိုင်း လမ်းမခွဲဖြစ်ဘူးလို့ ထင်သလား ဘဝတစ်လျှောက်လုံး အသက်ရှူချောင်ဖို့အတွက် အသက်ရှူကြပ်ခဲ့ရတဲ့ အချိန်တွေ ။ ဆန္ဒ/ခံယူချက်/အတွေးအခေါ် တစ်ခုမှမ...

လူသတ်သမားရဲ့ညစာ (နှင်းခါးမိုး) translated by Dr.Soe Than

Image
လူသတ်သမားရဲ့ညစာ   -နှင်းခါးမိုး လူသတ်သမားက သွေးအေးတယ် ။ သွေး မခြောက်သေးတဲ့လက်နဲ့ စီးကရက်ကို မီးညှိပုံ  သူသတ်ထားတဲ့ အလောင်းရဲ့ အင်္ကျီရင်ဘတ် ကြယ်သီးတွေကို ဆွဲစေ့ပေးပုံ ၊ ကော်ဖီဆိုင်ထဲက ထလာသလို လေကလေးချွန်ပြီး လျှောက်သွားလိုက်သေးသတဲ့။ ဥဩသံတွေ ဆူညံ ရဲတွေ ရောက်လာ သတင်းစာ မျက်နှာဖုံးမှာ ခေါင်းကြီးစာလုံးမည်းကြီးနဲ့ ပါလာ အသတ်ခံရသူရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို တီဗွီက မကြာမကြာ ထုတ်လွှင့်နေ တစ်မြို့လုံး ကလည်း ဒီအမှုအကြောင်းပဲ ပြောနေကြ ။ ရွှေကို လိုလို့ သတ်သလား လူကို လိုလို့ သတ်သလား တခါက ရန်ငြိုးလား စိတ္တဇ လူသတ်သမားလား ။ အသေဆိုးလေခြင်းလို့ စုပ်သပ်သူက သပ် အတင့်ရဲလေခြင်းလို့ ဒေါကန်သူက ကန် ရှေ့က လမ်းချိုးကွေ့ အမှောင်ရိပ်ထဲ  လူသတ်သမား စောင့်နေမလားလို့ ကြောက်လန့်သူတွေလည်း ရှိရဲ့ ၊ ( ဒီလိုနဲ့ ) မြို့ကလေးထဲ ညအမှောင်ထုက တွားသွားဝင်လာ တံခါးတွေ စောစောပိတ်  မီးတွေ စောစော မှိတ်ကြ  စောစောတော့ အိပ်မပျော်နိုင်ကြ ။ လူသတ်သမားကော ဒီအချိန်ဆို ညစာ စားနေလောက်ပြီ ၀ိုင်ကလေး သောက်လိုက် စပျစ်သီးလေး မြုံ့လိုက်နဲ့လေ ပြ...

တခါတခါ (မင်းလူ) translated by Dr.Soe Than

Image
" တခါတခါ " တခါတခါ အချစ်ဟာ သွေးနဲ့တူတယ်။ တစက်ဆို တစက် တန်ဖိုး တက်တတ်တယ် ။ at times love is like blood: even just a drop, its value tends to increase. တခါတခါ အချစ်ဟာ ချွေးနဲ့တူတယ်။ ငုပ်နေရင်လည်း မကောင်း လွန်သွားရင်လည်း အန္တရာယ်ပဲ ။ at times love is like sweat: it's bad if you don't sweat, too much sweat is dangerous. တခါတခါ အချစ်ဟာ တံတွေးနဲ့တူတယ် ။ မြုံထားမှ တန်ဖိုးရှိတယ် ။ at times love is like spittle: it's better when held in mouth. တခါတခါ အချစ်ဟာ သေးနဲ့တူတယ်။ စွန့်ထုတ်လိုက်တာနဲ့  အညစ်အကြေး ဖြစ်သွားတာပဲ ။ at times love is like urine: once released, it becomes waste. တခါတခါ အချစ်ဟာ ချေးနဲ့တူတယ်။ သိပ်ချုပ်လွန်းရင် အန္တရာယ်ဖြစ်တတ်တယ် ။ at times love is like faeces: chronic constipation is harmful. တခါတခါ အချစ်ဟာ အတွေးနဲ့တူတယ်။ လွဲချော်မှုက၊ လက်တွေ့ဖြစ်မလာတာက ပိုများတယ်။ at times love is like thoughts: there are more hitches and glitches than realization of hopes. တခါတခါ အချစ်ဟာ ကလေးနဲ့တူတယ်။ ဘာမှမသိသေးတဲ...

က စား သူ (ဖြိုးဝေအောင်) translated by HZH

Image
က  စား  သူ သူ့ လော ဘ က သူ့ ကို ကု လား ဖန် ထိုး တော့ သူ့ အ မှန် တ ရား တွေ ခါး ကျိုး ကုန် ပါ ရော့ လား ။  ။ ရိ က္ခာ ကို မျှော် ရင်း နဲ့ ပစ် ချ လိုက် တဲ့ သိ က္ခာ အ ချပ် ချပ် တွေ က သူ့ သ မိုင်း သူ့ ဇာတ် မှာ နေ ရာ မ လပ် အ ထပ် ထပ် ရယ် ။  ။ တစ် ခွင် နိုင် ဖို့ အ ရေး သူ့ တွေး ပုံ ကြံ ပုံ အ ကု သိုလ် တွေ စုံ လိုက် တာ ဂျော် ကာ မ တက် ဖဲ မ ပျက် ခင် သူ့ အ တ္တ က ကု လား ဖန် အ ခါ ခါ ထိုး သူ့ ခါး ရိုး ကို ချိုး တော့ မယ် ။  ။                                     ဖြိုး ဝေ အောင် ( S U O E ) ကိုကြီးရဲ့ နောက်ထပ်ကဗျာကောင်းလေး တစ်ပုဒ်ပါ၊ ကဗျာလေးဖတ်ရင်း လူတချို့အကြောင်းကို တွေးမိတာပါ။ တကယ်တော့ တချို့သောလူတွေဟာ ကဗျာလေးထဲက 'ကစားသူ' နဲ့ တူတယ်။ ကိုယ်ရဲ့လောဘက ကိုယ့်ကို စေ့ဆော်လိုက်တဲ့အခါ ကိုယ်ရဲ့သိက္ခာတွေ အကျင့်တွေ အားလုံးကို ကိုယ်တိုင်ချိုးဖျက်ပစ်ဖို့ ဝန်မလေးကြတော့ဘူး။ ကိုယ်တိုင်လက်ခံထားတဲ့ အမှန်တရားတွေအားလုံး၊ လူ့ကျင့်ဝတ်တွေအားလုံးကို လောဘကြောင့် ချိုးဖောက်ကြတော့ပဲ။ ဒါကြောင့် လောဘ...

ချယ်ရီမြင်တိုင်းလွမ်းတယ် (မိုင်မျိုးမျိုးဆန်း)

Image
ချယ်ရီမြင်တိုင်းလွမ်းတယ် ချယ်ရီမြင်တိုင်းလွမ်းတယ် ဆယ်ကျော်သက်ဆိုတာ ပုရစ်ဖူး မြေးဦးရတဲ့ထိမမေ့မယ့်သူကိုရူးတယ် . . ပြောတဲ့သူကတော့မေ့နေမှာပါ နားထောင်ခဲ့ဖူးသူသာ တစ်ထောင့်တစ်ညချယ်ရီပုံပြင်တွေနဲ့ အိပ်ယာဝင်တိုင်း အတွေးတွေလွန့် လူး  မပြယ်မယ့်သစ္စာတွေ အဆက်မပြတ်ဖူးခဲ့တယ်. . ညီမလေးရေ . . . တဲ့  ခေါ်သံလေးက တစ်ဝက်တစ်ပျက် အေးပေါ့လေ  ဆယ်စုနှစ်တစ်ခုစာအလွန်မှာ ဆေးသားလေးတွေ မှိန်သင့်ပြီပေါ့  တယူသန်တဲ့ငါ့မှာသာ မပြယ်သေးတဲ့အဆွေးတစ်ချို့ နဲ့  ချယ်ရီပွင့်တဲ့မြို့ တွေရောက်တိုင်းလွမ်းတယ်. . ရေစက်ဆိုတာ  ရှားပါးလွန်းခဲ့တယ် အချစ်ဦးရယ်  မျက်ဝန်းတချို့ ဆိုတာတောင်  မမေ့နိုင်လွန်းလို့ လက်ချိုးရေမိခဲ့တာပါ  နင်သိရဲ့ လား  (ငါလေ. . .) ချယ်ရီမြင်တိုင်း လွမ်းတတ်တုန်းပဲ . .။                                မိုင်မျိုးမျိုးဆန်း

မျှော်​နေသူတ​စ်ယောက်​ရဲ့​နေ့ - အမုံ (မရမ်းမြေ)

 ​မျှော်​နေသူတ​စ်ေ​ယာက်​ရဲ့​နေ့ မွန်းမတည့်သေးဘူး သတိရခြင်းတွေက တလိမ့်​လိမ့်​တက်လာပြီ ဒီနေ့ ဘယ်လိုနေဝင်ရမလဲ  ဆည်းဆာက ပုပ်အဲ့​နေဦးမှာသေချာတယ် အရုပ်ဆိုးနေတဲ့ ညရယ် လွမ်းနေတဲ့ ငါရယ် အရာရာဟာ အလာ့ဂျစ်ဆန်နေတယ် စိတ်ကိုတင်းတယ် ငါပြုံးနေတယ် မနက်ဖြန်များစွာအတွက် ဒီနေ့များစွာကိုအံတုရဦးမယ် မှောင်နေတဲ့တောင်ကုန်း ဘယ်တော့များအလင်းတွေဖြာမလဲ အချစ်ဟာအတော်ဈေးကြီးသလား ပေးဆပ်ခဲ့သမျှ ရေပေါ်ရေးတဲ့ အရုပ်လို ခေါက်သိမ်းထားတဲ့စာမျက်နှာတွေကိုမှ တမေ့တမောဖတ်ချင်နေမိတယ် ဆောင်းတွေသာနွေဆန်သွားရဲ့ ပြန်မလာသူတစ်ယောက်ရဲ့အလွမ်းဟာ ကိုယ်နဲ့ဝေးရာဆီ ။                          အမုံ(မရမ်းမြေ))