ရှုခင်းလေးများ ( ဖြိုးဝေအောင်) Get link Facebook X Pinterest Email Other Apps May 01, 2018 ရှုခင်းလေးများ သွေးသားမရှိတဲ့ သူ့ကိုယ်ထဲဝင်ကြည့်မိတော့ သူအသက်ရှင်နေတယ် စီးဆင်းစရာ သွေးနီနီတွေမရှိပေမယ့် သူ့နှလုံးခုံသံတွေက ဟီး လို့ပါလား သူလှနေတယ်ဆိုတာ သိနေသ၍ ကိုယ်လည်းကျန်းမာ လန်းဖြာလျက်ပေါ့။ ။ ဖြိုးဝေအောင် (SUOE) Get link Facebook X Pinterest Email Other Apps Comments
အချစ်လို့တွေးမိတာနဲ့ (စုယဉ်ယဉ်စိန်) October 27, 2017 အချစ်လို့တွေးမိတာနဲ့ အချစ်လို့တွေးမိတာနဲ့ အေးစက်ထုံကျဉ်တဲ့ ဆောင်းနံနက်ခင်းမှာ နွေးထွေးတဲ့နေခြည်ရဲ့ ပက်ဖျန်းခြင်းကိုခံရသလို နွေးထွေးလုံခြုံပြီး ပြည့်စုံသာယာနေတာမျိုး။ အချစ်လို့တွေးမိတာနဲ့ မရေရာတဲ့မနက်ဖြန်တွေကို ရေရာသေချာနေတဲ့ ပုံသေအစီစဉ်တွေနဲ့ စိတ်ကူးကြည်နူးမိတာမျိုး။ အချစ်လို့တွေးမိတာနဲ့ ပူပန်မှုစပ်စပ်တွေ ချဉ်းနင်းဝင်ရောက်လာပြီး ဆုံးရှုံးမှုဆိုတဲ့အရာကို ကြောက်တတ်လာတာမျိုး။ အချစ်လို့တွေးမိတာနဲ့ အမှောင်အတိပြည့်နေတဲ့ မဟူရာလမိုက်ညမှာ ဝင်းဝင်းပပသာလေတဲ့ လမင်းကြီးကိုအားပါးတရ မော်ကြည့်ရသလိုမျိုး။ အချစ်လို့တွေးမိတာနဲ့ ကမ္ဘာလောတစ်ခုလုံး မိန်းမောအိပ်မောကျ တိတ်ဆိတ်ငြိမ်သက်ပြီး အရာရာအေးချမ်းနေသလိုမျိုး။ အချစ်လို့တွေးမိတာနဲ့ အချစ်ပန်းတွေစိုက်ပျိုး အကြင်နာပန်းတွေပွင့်လန်း သစ္စာတရားတွေထုံသင်း သူပျော်ဖို့အတွက် ယုယမှုအသီးတွေး အလျှံပယ်ခူးကျွေးချင်တာမျိုး။ အချစ်လို့တွေးမိတာနဲ့ သူသာရှိလျှင် အရာရာပြီးပြည့်စုံတာမျိုးပေါ့။ စုယဉ်ယဉ်စိန် Read more
တပည့်ဆရာမလောင်းသို့ (၂) (မိုင်မျိုးမျိုးဆန်း) November 06, 2019 တပည့်ဆရာမလောင်းသို့ (၂) (Ideal) သမီးရေ . . . ဒီနေ့ တော့ Ideal ဆိုတဲ့စကားလုံးလေး အကြောင်းပြောပြချင်တယ် တစ်ကယ်တော့ ပညာရေးလောကသားတိုင်း ဒီစကားလုံး လေးနဲ့ရင်းနှီးပြီးသားပါ . . အဓိပ္ပါယ်ကတော့ စံနမူနာဖြစ်သောပေါ့ . . . ထပ်ပြောရရင် ldeal ဆိုတာ အတုယူချင်လောက်အောင်ကို နှစ်သက်စရာကောင်းနေတာမျိုးပေါ့ . . Ideal person ဆိုရင် စံပြပုဂ္ဂိုလ်လို့တို့ တွေ မြန်မာ မှုပြုလေ့ရှိကြတယ် . . . တို့ တွေ စံပြပုဂ္ဂိုလ်တွေအများကြီးကို သိကြတယ် ဥပမာ - ငြိမ်းချမ်းစွာ ဆန္နပြတဲ့နေရာမှာမဟတ္တမဂန္ဒီဟာ ideal person,မေတ္တာတရားကို အလေးထားတဲ့နေရာမှာ မာသာထရီဇာဟာ ideal person ,မိန်းကလေးတွေစာတတ်မြောက်ခွင့်ရရေးကြိုးပမ်းတဲ့နေရာမှာ "မာလာလာ" သည် ideal person ပေါ့ . . ဒါပေမယ့် . . တို့ တွေဟာ မဟတ္တမဂန္ဒီရဲ့ ငြိမ်းချမ်းမှုကို အတုယူကောင်းယူမယ် သူ့ ရဲ့ ဟန်ပန်ကို အတုယူလေ့မရှိဘူး.... မာသာထရီဇာကို နှစ်သက်ပေမယ့် သူ့ ရဲ့ ဝတ်စားဆင်ယဉ်မှုကို အတုမယူလေ့ဘူး. . . မာလာလာရဲ့့စိတ်ဓါတ်ကိုလေးစားပေမယ့် သူ့ ရဲ့ လေယူလေသိမ်းကိုအတုမခိုးဘူး. . ဒါပေမယ့် သမီးရေ . . ဆရာ/မ ဆိုတာကတော့ကမ္ဘာမကျော်ပေမယ့်အပြုအမူ အပြောအဆို အနေအထ... Read more
နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်) November 04, 2019 နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်) (၁) ဘဝမှာ ကိုယ့်လောက် စာမေးပွဲ ဖြေဖူးသူ ရှိခဲ့လျှင်တောင် တော်တော်တော့ ရှားမည်ဟု ဒေါက်တာအောင်ကျော် တွေးမိသည်။ ကျခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ အောင်ခဲ့သည့် စာမေးပွဲတွေကလည်း အများကြီး။ သည်လောက် စာမေးပွဲပါး ဝနေတာတောင် စာမေးပွဲတစ်ခု ဖြေဖို့ စောစောစီးစီး ကတည်းက လုံလောက်စွာ စနစ်တကျ ကြိုတင် ပြင်ဆင်ခဲ့သည်ဟု တစ်ခါမှ မရှိခဲ့စဖူး။ တကယ် ဖြေရတော့မည် ဆိုမှပဲ နေ့မီး ၊ ညမီးနှင့် ဝုန်းဒိုင်း ကျဲရတာချည်းသာ။ သူ့ကို စာမေးပွဲ ဖြေရတာ ပျော်နေသည်ဟု လူငယ်တွေက ထင်တတ်ကြသည်။ တကယ်တော့ စာမေးပွဲ ဖြေရတာ သူ တစ်ခါမှ မပျော်ပါ။ လုပ်စရာ အလုပ်တစ်ခုကို လုပ်ချိန်တန်လျှင် ရှောင်လွှဲ မသွားတတ်သော သူ့ဝသီကြောင့် စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေနေရခြင်း ဖြစ်ပါသည်။ တကယ်တော့ စာမေးပွဲ ဖြေတာက လွဲလျှင် သူ လုပ်ရတာ ပျော်သော အလုပ်တွေက အများကြီး။ ငယ်စဉ်ကဆိုလျှင် ရုပ်ရှင်ကို ရုံမှာ သွားတန်းစီ ကြည့်ရတာကိုလည်း သူ ပျော်သည်။ အပေါင်းအသင်းတွေနှင့် ခရီးသွားရတာကိုလည်း သူ ပျော်သည်။ အတန်းပညာနှင့် လုံးလုံးမသက်ဆိုင်လျှင် ဘာစာ ဖတ်ရဖတ်ရ သူ ပျော်သည်။ နည်းနည်း အရွယ်ရလာ တီဗွီ ပေါ်လာတော့ တီဗွီရှေ့ ထိုင်ရတာကိ... Read more
Comments
Post a Comment