စစ်ကိုင်း သို့မဟုတ် ချစ်သောမြို့ (ဖြိုးဝေအောင်)
စစ်ကိုင်း သို့မဟုတ် ချစ်သောမြို့
အလွမ်းတွေကို စိပ်ချဖို့
ပုတီးမလိုပါဘူး
တရုတ်စကားပန်းလေးတွေရှိတယ်
စေတီအသွယ်သွယ်နား
ငြိမ်းချမ်းခြင်းတွေချထားတယ်
သတိတရားနဲ့ကောက်ယူပေါ့
ဧရာရဲ့ပါးပြင်ကိုကျော်
အင်းဝခေတ်ဆီ လှမ်းမျှော်နိုင်တယ်
ရှည်လျားသွယ်တန်း ကမ်းနားလမ်းမှာပေါ့။ ။
ဖြိုးဝေအောင် (SUOE)
Comments
Post a Comment