ည (ဖြိုးဝေအောင်)
ည
လူသံတိတ်ဆိတ်တယ်
ကားသံတိတ်ဆိတ်တယ်
စကားသံတိတ်ဆိတ်တယ်
ဆူညံမှုတွေ တိတ်ဆိတ်တယ်
ဒါပေမယ့်
တိတ်ဆိတ်မှုတွေတော့ ဆူညံနေလေရဲ့
လူတွေရဲ့
အတ္တတွေ အိပ်မောကျချိန်
ညဟာ
တိတ်ဆိတ်မှုတစ်ခုကို
ဟစ်ကြွေးရင်း
လူတွေရဲ့ လောဘကြောင့်
ညဟာ ကွယ်ပျောက်ရပြန်တယ်
ဒါပေမယ့်
ညဟာ
ညကိုပြန်ရဖို့
လူတွေရဲ့
အတ္တကို အိပ်ငွေ့ချလိုက်တယ်
အတ္တတွေ အိပ်ပျော်ပါစေဆုတောင်းရင်း
ညဟာ
အမှောင်ထုနဲ့အတူ
အိပ်ပျော်သွားတော့တယ်။
ဖြိုးဝေအောင်
Comments
Post a Comment