စ စသတ်စစ် (ဖြိုးဝေအောင်)
စ စသတ်စစ်
အာဃာတတွေရဲ့ကြား
ငြိမ်းချမ်းရေးအကြောင်း
မကြားမိဘူးလားမေမေ
ကျည်သံဗုံးသံတွေ တဖွဲဖွဲ
သားမနေရဲဘူးမေမေ
ယမ်းငွေ့ယမ်းနံ့တွေတထောင်းထောင်း
လုံခြုံတဲ့နေရာပြောင်းရအောင်မေမေ
သားတို့ကျောင်းမှာလည်း
ခေါင်းလောင်းသံတွေအ
ကျောင်းမနေရတော့ဘူးလားမေမေ
ဖေဖေသေခဲ့ရတဲ့စစ်
မေမေကြေကွဲရတဲ့စစ်
စကိုစသတ်တဲ့စစ်
စစ်ဖူးစစ်မြစ်တွေကန်း
ငြိမ်းချမ်းရေးပန်းတွေလန်းပါစေ
စစ်ရွက်စစ်ခက်တွေသေ
ငြိမ်းချမ်းရေးပန်းတွေဝေပါစေ။ ။
ဖြိုးဝေအောင်
Comments
Post a Comment