သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍ ''ကဗျာမှာ အချက်(၄)ချက်ရှိတယ်'' ၁။ Choice of words (စကားလုံး ရွေးချယ်မှု)၊ ၂။ Thought (အတွေး)၊ ၃။ Sensibility (အာရုံခံစားမှု)၊ ၄။ အလင်္ကာ၊ ကဗျာကောင်းတစ်ပုဒ်က အဲဒီလေးချက် တစ်ခုခုနဲ့ ငြိနေရတယ်။ ကဗျာကောင်းတစ်ပုဒ်က ဥပမာပြောရရင် ကြိမ်လုံး(၄)လုံးပူးပြီး ရိုက်သလိုပေါ့။ ဘယ်ကြိမ်လုံးနဲ့ထိသလဲတော့ မသိဘူး။ Choice of words ဆိုတဲ့ စကားလုံးရွေးချယ်မှု ကြိမ်လုံးလား၊ Thought (အတွေး) ကြိမ်လုံးလား၊ တစ်ခုခုနဲ့ပေါ့။ ငြိကို ငြိနေတယ်။ ကိုလေး(အင်းဝဂုဏ်ရည်) ------------------------------------------------ ကဗျာကို ချစ်မြတ်နိုးသည်ဟု ယနေ့ခေတ် ပြောနေကြသည်။ ကိုယ့်ကဗျာကိုယ် ကိုယ်မြတ်နိုးရုံနှင့် မလုံလောက်ပါ။ သူတပါး၏ ကဗျာများကို ချစ်မြတ်နိုးတတ်ဖို့ အလွန်အရေးကြီးသည်။ ယနေ့အထိ ကမ္ဘာလောကကြီး၌ ကဗျာဟူ၍ တင့်တင့်တယ်တယ် ရှိနေခြင်းကား သူတပါး၏ကဗျာများကို ချစ်မြတ်နိုးသူတို့ ရှိနေသော ကြောင့်သာဖြစ်လေသည်။ နှိုင်းယှဉ်သစ္စာစကားနှင့်ပြောရလျှင် ကမ္ဘာပေါ်၌ ကဗျာဆရာဆိုသည်က လက်တစ်ဆုပ်စာသာရှိသည်။ ကဗျာဆရာမဟုတ်ဘဲ ကဗျာကိုချစ်မြတ်နိုး နေသူတွေက မရေမတွက်နိုင်အောင် ရှိနေသည်။ ကဗျာသာမက အနုပညာအားလုံ...
Comments
Post a Comment