တစ်နေ့တော့(ထွဏ်းသွေးအိမ်)
တစ်နေ့တော့  တစ်နေ့တော့ မြူခိုးတွေပြည့်နေတဲ့ တောင်ကုန်းမို့မို့ တစ်ခုပေါ်မှာ သစ်သားအိမ်လေး တစ်လုံးဆောက်မယ် လေကလည်း တဝူးဝူးတိုက်နေတော့ မင်းအမြဲထည်လဲဝတ်ဖို့ မာဖလာလှလှလေးတွေ ကြိုဝယ်ထားမယ်လေ ကော်ဖီပူပူလေးလည်း ဖျော်တိုက်ပါ့မယ် ရုပ်ရှင်ဇာတ်ကားတွေလည်း ဘယ်ကားပြီးရင် ဘယ်ကားပြရမယ် ဆိုတာလည်း ကြိုတွေးထားပါ့မယ် ခြံထဲမှာ သီးပင်စားပင်လေးတွေ ကြို ပျိုးထားမယ် ဒန်းလေးတစ်ခုလုပ်ထားမယ် မင်းကိုပဲထိုင်စီးခိုင်းပြီး ကလေးလေး တစ်ယောက်လို မင်းပေါ့ပါးလွတ်လပ် ပျော်ရွှင်နေတာကို ကိုယ်ထိုင်ကြည့်နေပါ့မယ် ကိုယ်က စာဖိုမှူးသင်တန်းအောင်ခဲ့ပြီးပြီ နောက်ဖေး မီးဖိုချောင်လေးမှာ မြန်မြန်ရတဲ့ yum yum ကနေ မင်းစားချင်တဲ့ ဟင်းမှန်သမျှ မင်းကို ချက်ကျွေးဖို့ အဆင့်သင့်ပဲ မင်း ဘာဆို ဘာမှ မလုပ်ပါနဲ့ ကိုယ့်ကို ချစ်နေရင်ပဲ လုံလောက်ပါပြီ ကဗျာအသစ်လေး ကိုယ်ရေးဖြစ်တဲ့အခါ တောင်ကုန်းအစွန်လေးမှာ ကိုယ်တို့ နှစ်ယောက် သွားထိုင်မယ် အဲဒီကဗျာလေး မင်းကို ရွတ်ပြမယ် အဲဒီကဗျာအပြင် မင်း ထပ်နားထောင်မယ...