နှင်းဆီ (ဖြိုးဝေအောင် SUOE)

နှင်းဆီ


ကမ္ဘာဦးကတည်းက
ဆူးတွေရှိခဲ့တာ

ကြောက်နေရင်တော့
မခူးနဲ့ပေါ့
ဆူးဆိုတာ စူးမှာပဲ

ဆူးတွေပေါ်ကျော်ရဲလို့လည်း
သူ့ပွင့်ဖတ်တွေ ရဲနေတာလေ

နမ်းချင်ရင်တော့ 
သတ္တိမွေး
သူကတော်ဝင်ပန်းကလေးနော်
                  ဖြိုးဝေအောင် (SUOE)

Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍

ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B (ဒေါက်တာဖြိုးသီဟ)