မျက်ရည်က သူ့အလိုလိုကျလာတာ မိဝေ (ထွဏ်းသွေးအိမ်) translated by Dr. Soe Than

(ကျွန်တော်သဘောကျတဲ့ မန္တလေးက ကဗျာဆရာ ထွဏ်းသွေးအိမ်။ သူ့ရဲ့ မိဝေ ကဗျာလေးတွေကို ကြိုက်တာ။ ဒီတစ်ပုဒ်က စိတ်မကောင်းလို့ ဘာသာမပြန်တော့ဘူးလို့ဆိုပေမဲ့ ကဗျာဆရာကိုယ်တိုင်က ပြန်ပေးပါလို့ တောင်းဆိုလာလို့။)















မျက်ရည်က သူ့အလိုလိုကျလာတာ မိဝေ



















၂၄-၁၀-၂၀၁၈







ထွဏ်းသွေးအိမ်







1-11-2018 ( 8:28 pm )











I couldn't hold back my tears, Mi Wai.











သင်္ဘောကြီး ကပ်တော့မယ် ထင်လို့







ဆိပ်ကမ်းကို မင်းနာမည်ပေးခဲ့တာ







ကမ်းစပ်ကို







ဘယ်လိုရှင်းပြရမှာလဲ ဟာ







Thinking the ship's approaching the port,







I named the quayside after you.







How can I explain it







to the seashore now?











ရွှေပြည်မိုးရောက်တော့







စားပွဲထိုးလေး က အမကြီးအတွက်







ထပ်တရာ ကြိုမှာထားရမလား







မေးတော့







ငါ အဲဒီကောင်လေးကို







ဘယ်လိုပြောလိုက်ရမှာလဲ







Last time I was at 'Shwe Pyi Moe'







a busboy asked me if I would order







a plate of parata in advance







for you!







What should I tell







that busboy?











အိမ်ရှေ့က ခိုလေးတွေ







လန့်ပြီး ခဏ ထပျံသွားကြတယ်







သူတို့ ပြန်လာနားမှာပါ







ငါသာ တစ်ဘဝလုံး







လန့်နေရတော့မှာ







The pigeons before my house







have taken flight out of fright.







I'm sure they will come back here;







but I'm the one who will be







living out my life in fear.











ဆောင်းက







အမှောင်ကို အစောကြီးခေါ်လာလို့







မင်း အိမ်ပြန်နောက်ကျတဲ့ ရက်တွေ







လိုက်ပို့ခွင့် မရှိတော့ဘူး







As the winter this year







brought along the dark earlier,







on the days you go home late







I cannot accompany you.











၇၈ လမ်းပေါ်ရောက်ရင်







ဆိုင်ကယ်လမ်းကပဲ မင်းမောင်းပါ







အင်တာနက်ဆိုင်ရှေ့ ရောက်ရင်







မင်းဆိုင်ကယ်ကို







ဇာတ်သော့ခပ်ပါ







When you're on 78th street,







do stay on the bike lane.







When you reach the Internet cafe,







ensure to







lock your bike.











၂၄ ရက်နေ့ နောက်ပိုင်း







ကြယ်တွေနဲ့ ပိုရင်းနှီးလာတယ်







အိပ်လို့မရတော့ ကပ်မှန်လေးဖွင့်ပြီး







မင်းနေတဲ့ အရပ်ကို မျက်နှာမူလို့







မင်း ကျန်းမာပါစေ







အသံထွက်ပြီး ဆုတောင်းပါတယ်







On the days after the 24th,







I feel closer to the stars up there.







Unable to sleep, I opened the louver,







looked toward your place,







and prayed out loud







for your good health.











ကမ္ဘာပေါ်မှာ







မျက်ရည်နဲ့ ရောပြီး







ကဗျာစရေးသူဟာ ကျွန်တော်ပါ







In this whole world







I am the pioneer who







mixed tears with ink to compose a poem.











အခုနောက်ပိုင်း







ခွေးကလေး မိုက်ကယ်ကို







ကျွန်တော် ပိုဂရုစိုက်ပါတယ်







တစ်နေ့







ခွေးချစ်တတ်တဲ့ သူနဲ့







မိတ်ဆက်ပေးမယ် ဆိုပြီး







These days







I've been taking better care of







our puppy, Michael.







Hoping one day,







I would introduce him







to a dog lover.











ချစ်သော တနင်္ဂနွေတွေဟာ







ပျောက်ဆုံးခဲ့ပါပြီ







All my beloved Sundays







are gone forever.











အခုတော့







ကဗျာရေးလို့ ပြီးသွားတဲ့ အခါ







ဘယ်သူ့ အရင်ပြရမှာလဲ







Now







after I've written a poem,







whom should I show it first?











အခုတော့ ကဗျာထဲက







စာလုံးပေါင်းတွေ ဘယ်သူစစ်ပေးမှာလဲ







Now, who will proofread







my poems, looking for typos?











အခုတော့







ဆို့နစ်ကြေကွဲနေတဲ့ အသံကို







ဘယ်သူကြားမှာလဲ







Now, who will hear







this voice,







full of sadness.











မိဝေရယ်







ဘယ်စာမျက်နှာ







ဘယ်ချိန်လာလှန်လှန်







မင်းအကြောင်းတွေပါပဲ







Mi Wai,







When I turn to







any page, any time,







it's all about you.











လိမ္မာလာလို့







ဆရာမက ရှေ့ဆုံးတန်းပို့မှ







မင်းက ကျောင်းမလာတော့ဘူး







Just as the teacher sent you







To the front seat for your improved manners,







You've deciede to quit school!











သစ္စာတရားနဲ့ ဆောက်နဲ့ အိမ်လေး







လှေခါးတပ် မယ်လုပ်မှ







ကျူးဆိုပြီး ဖြိုချခဲ့ရတယ်







As I planned to build stairs







for the house built of trust,







they called it illegal and torn it down.











ကမ္ဘာပေါ်မှာ







ငါသာ မင်းကို အချစ်ဆုံးပါ







ဘုရားလည်း သိတယ်







In this universe







No one can rival my love for you!







God knows this too.











အဖြစ်အပျက်မှာ







နှာခေါင်းသွေးတွေ ထွက်ခဲ့တာ ငါပါ







မိဝေ







In what happened,







I was the one who got hurt,







Mi Wai.











အဲဒီ ဆိပ်ကမ်းမှာ







ငါ တစ်ဘဝလုံး စောင့်နေပါ့မယ်







မင်း ဘယ်အချိန်ပြန်လာလာ







ငါ အမြဲရှိနေပါ့မယ် မိဝေ







By that quayside







I will sit and wait for life.







You may come back any time,







I'm right here waiting, Mi Wai.











Translation: Soe Thann

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ