မွန် မြတ် ခြင်း မှာ (မောင်သိန်းဇော်)

မွန် မြတ် ခြင်း မှာ




ငါတို့ရဲ့ရန်သူဟာ

ငါတို့ ကိုယ်တိုင် ဖြစ်တယ် ၊


ကောက်ကျစ်တဲ့ အချစ်

ရိုးဖြောင့်တဲ့ အမုန်း


ဘယ်ဟာမှ သုံးမရဘူး ။


ကမ္ဘာပေါ်က

တစ်ချို့ ဂုဏ်သရေရှိလူကြီးမင်းတွေ

"ယုတ်မာပြီဟေ့" ဆိုရင်

လူကို လက်ဖျားနဲ့တောင်မထိဘူး ၊

နိုင်ငံသမိုင်းကိုဘဲ မထနိုင်အောင်ရိုက်တာ


အမှန်တရားကိုယ်စီနဲ့

ငါတို့အားလုံး ရှုံးနေကြရတယ် ၊


ကဲ ဘယ်သူက စ, အရှုံးပေးမလဲ?

အားလုံး အရှူံးပေးနိုင်တဲ့နေ့ဟာ

အားလုံးအနိုင်ရတဲ့ နေ့ ။ ။


မောင်သိန်းဇော်

    ( ၂၀၁၈ )

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ

ခရီးဖော် (မောင်မိုးအိမ်)