နာမည်ခေါ်ပေးပါလား (ထွဏ်းသွေးအိမ်) Translated by Dr.Soe Than

နာမည်ခေါ်ပေးပါလား (ထွဏ်းသွေးအိမ်)


Call My Name


မင်း ခရီးသွားတိုင်း

ဘုရားစင်ရှေ့ ပုံမှန်ထက် (၂) ခေါက် ပိုရောက်တယ်

ဖုန်းထဲလည်း ဘေလ် လုံလုံလောက်လောက် ထည့်ရ

ဘယ်နား ရောက်ပြီလဲ ဆက်ရ

ဂရုစိုက်ပါလို့ စာတွေပို့ရ


ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ


Whenever you travel,

I find myself before the shrine twice more than usual.

I top up my phone sufficiently,

and call to find out where you are,

send you messages, asking you to take care.


Well, that's what love is all about.


အခုအနေထားထက် မင်း ငါ့ကို ပိုမြင်လာရင်

ကော်ဖီတူတူသောက်မယ်

ကဗျာတွေ ရွတ်ပြမယ်

မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ သူတွေရဲ့ အိမ်ရှေ့

လက်ချင်းချိတ်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်မယ်


ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ


If you could consider me more favorably,

we would have coffee together,

and I would recite you poems.

We would walk hand in hand many times in front of

the houses of those who said you would never love me.


Well, that's what love is all about.


ကိုယ် ထင်ပါတယ်

မင်းရဲ့ တစ်နေ့တာ ဖြတ်သန်းမှု မှာ ကိုယ့်လိုပဲ

မင်း အငွေ့အသက်တွေနဲ့ နေ့တစ်ဝက်လောက် လွမ်းရ

ကိုယ်က အယူသီးတယ်

မျက်စိရှေ့ စီးနေတဲ့ စမ်းချောင်းလေးမှာ

အမှိုက်တွေ ပိတ်နေရင်တောင် ဆင်း ဆယ်လိုက်တယ်

မင်းနဲ့သွားမယ့် လမ်းလေး သာယာစေချင်တာ


ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ


I guess

Your daily life is just like mine.

Absorbed in your bodyscents, I miss you nearly half day.

I am superstitious.

If the streamlet under my nose is clogged

with garbage, I'd get down to clean it up.

I wish the path we take would be pleasant.


Well, that's what love is all about.


လူပဲ

စိတ်ဆိုးတာပေါ့ ရန်ဖြစ်တာပေါ့

စကားများတိုင်း မင်းပဲ လျော့လျော့ပေးခဲ့တဲ့

ကျေးဇူးတွေ အများကြီးလည်း ရေးမှတ်ထားပါတယ်


ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ


Being human,

we get mad, we have rows.

Whenever we have words, you step back;

I've noted down that I owe you big time.


Well, that's what love is all about.


ကြိုးမှာလည်း အထုံးတွေ အဆက်တွေ များခဲ့ပြီ

ပျောက်ဆုံးနေတဲ့ ယုံကြည်မှု မြေပုံစာရွက်ကိုလည်း

မင်းတွေ့ခဲ့ပြီ ဆိုတော့

ငါတို့ သီချင်းဆိုရအောင်လေ

ငါတို့ ခရီးတွေ သွားရအောင်လေ

ငါတို့ ကြယ်လေးတွေကို မျက်လှည့်ပြရအောင်လေ


ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ


There were too many knots in the rope.

As you found

the map of trust we'd lost,

Let's sing songs together.

Let's go on journeys together.

Let's work our magic on little stars.


Well, that's what love is all about.


အကြာကြီး တည်ဆောက်ခဲ့ပြီးမှ

နာမည် ပေါက်တော့ လိုချင်တာပေါ့

ကျေးဇူးပြုပြီး

နာမည်ခေါ်ပေးပါ့လား


Having spent ages on building this,

I do want it in my name.

Would you kindly

call my name?


ထွဏ်းသွေးအိမ်


Translation: Soe Than

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ