Posts

Showing posts from November, 2017

သူစိမ်း ကိုယ်စိမ်း (နေအိမ်ဝန်း)

Image
သူစိမ်း ကိုယ်စိမ်း  နေကောင်းလားလို့ မမေးဖြစ်တော့သလို ကျန်းမာရေးဂရုစိုက်ပါလို့ မပြောဖြစ်တော့ဘူး အိပ်ရေးဝဝအိပ်ပါလို့မပြောဖြစ်တော့ အိပ်ရာစောစောဝင်ပါဆိုပြီး သတိမပေး ဖြစ်ပြန်ဘူး ဒီနေ့ ဘာလုပ်တယ်လို့ မပြောတော့ ဒီနေ့ ဘာဖြစ်တယ်ဆိုတာ မသိကြတော့ဘူး သေနေတဲ့ ဖုန်းနံပါတ်ကလေးလို သေနေတဲ့ သတိရခြင်းဟာ သေနေသလို ။ ။ နေအိမ်ဝန်း ၂၈. ၉ .၂၀၁၆ ကဗျာလမ်း Facebook Page မှ ကူးယူဖော်ပြသည်။

အချစ် (မောင်စိန်ဝင်း - ပုတီးကုန်း)

Image
" အချစ် " ဘယ်မှာ ရှိရှိ ကြည့်တိုင်းမြင်တယ် . . . ဘယ်လောက် ကြာကြာ ထာဝရသစ် ရင်ခုန်ဖြစ်တယ် . . . နှစ်ကာလများ  နှလုံးသားကို တိုက်စား ပွန်းပဲ့ မဖြို နိုင်  ။ မောင်စိန်ဝင်း(ပုတီးကုန်း) "love" wherever you may be i see you when i take a look. no matter how long it's been, ours is eternally pristine - faster my heart beats. those long years are incapable of  eroding my heart at all. Translation: Dr. Soe Than

လျော်ကြေး (တာရာမင်းဝေ)

Image
လျော်ကြေး  အသင်၌ ပျိုးမကြဲသော လက်တို့သည် ရှိကြကုန်၏  ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့ အိပ်မက်ထဲ၌ပင် သင် … လာရန်မလို ….။ ။ တာရာမင်းဝေ

ရည်းစားစာ (တာရာမင်းဝေ)

Image
ရည်းစားစာ  စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့ ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ မပျံသန်းနိုင်တဲ့ငှက်လို့ပြောတိုင်း ပင်ကွင်းငှက်ကိုပြေးမြင်ရင် နင့်ကိုငါ မခေါ်ချင်ဘူး ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့ ကျောင်းသွားဖော်လေး ဖတ်စေချင်တာ ငါ့စေတနာပါ ..။ နင့်နှလုံးသားကိုဖုန်းခေါ်ပါ ပြီးမှငါ့ကိုစာပြန်ပါ …။ တာရာမင်းဝေ 

သားချစ် (ခိုင်မြဲကျော်စွာ)

Image
သားချစ် ======= မင်းကြိမ်လုံးယူလာ ဒီမှာ ဒူးထောက် ! မတ်တပ်ရပ်စမ်း ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့ ငါတို့အမျိုးတွေပြောတယ် ။ မဟုတ်ဘူး . . . ။ ငါဒီလိုမလုပ်နိုင်ဘူး လူဆိုတာ ရတနာပဲ ဒုလ္လဘတရားနဲ့လူဖြစ်လာတဲ့ သားချစ်ဟာ ငါ့အတွက် ရတနာပဲ ။ ကျောပိုးအိတ်ထဲ ခါးကျိုးအောင် စာအုပ်တွေ အပြည့်အသိပ်ထည့် ခေါင်းငိုက်စိုက်ချ စာချည်းပဲ ကျက်မနေနဲ့ ကွန်ပျူတာတစ်ဂျောက်ဂျောက်  ကြိုက်သလောက် နှိပ်လိုက်စမ်း ပြတင်းပေါက်မှန်ကွဲအောင်  ဘောလုံးကန်ချင် ကန်လိုက်စမ်း ။ ကလေးဘ၀ရဲ့စိမ်းလန်းခြင်းများ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်မောင်းသမား ဖမ်းသလို ငါလက်လှမ်းတားမှာ မဟုတ်ဘူး ။ မင်းကြီးလာရင် ဆရာဝန်ကြီးလုပ်မှာလား စစ်ဗိုလ်ကြီး လုပ်မှာလား တစ်ဘ၀တာ ကြိုက်သလောက်စံပြီး သံသရာမှာ ကျသလောက်ခံမယ့်လူ မဖြစ်စေချင်ဘူး ။ မင်းအစ်ကိုကြီးက ချစ်လို့ပါပြောပြီး ကံမကောင်းတဲ့ ရွှေငါးလေးတွေ လှောင်ကန်ထဲထည့်ထားတာ မင်းမြင်တယ်မဟုတ်လား ရွှေငါးလေးတွေ ဒုက္ခစာနာတတ်ဖို့ မင်းစာများများ ဖတ်စေချင်တယ် ။ ကမ္ဘာ့မြေပုံကြီး ရှေ့ချပြီး တူအောင် အဆွဲကျင့်နေတာနဲ့ မင်းနဲ့ ကမ္ဘာကြီး နီးလာမှာ မဟုတ်ဘူး အဲဒီမြေပုံပေါ်မှာနေတဲ့ လူတွေကို ချစ်တတ်အောင် မင်း စာများများ ဖတ်စေချင်တယ် ။ ဘ၀မှာ ဘာမှမ

နယ်စပ်ဒေသ (မင်းလူ) translated by Dr.Soe Than

Image
နယ်စပ်ဒေသ နေ့ နဲ့ ည ကြားမှာ တစက္ကန့် ပဲ ခြားတယ် ။ တစ် ဒီဂရီနဲ့  သုံးရာခြောက်ဆယ် ဒီဂရီကြားမှာ တစ် ဒီဂရီပဲ ခြားတယ်။ ဆောင်းနဲ့ နွေကြားမှာ လေတဝှေ့ ပဲ ခြားတယ် ။ အပြာနဲ့ အစိမ်းကြားမှာ အဝါတစက်ပဲ ခြားတယ် ။ ရှင်ခြင်းနဲ့ သေခြင်းကြားမှာ မျက်တောင်တခတ်ပဲ ခြားတယ် ။ အချစ်နဲ့ အမုန်း ကြားမှာ မျဉ်းတကြောင်းပဲ ခြားတယ် ။ ဟိုဘက်ကို ကူးဖို့ ဆိုတာ လွယ်လွယ်ကလေးပါ ။ ။ မင်းလူ border line there's only one second between day and night. there's just one degree between one degree and three hundred and sixty degrees. just a puff of wind is bewteen winter and summer. just a yellow dot is bewteen blue and green. a blink of eye divides bewteen living and death. a mere line stands in the middle of love and hate. it's so easy to cross over to the other side. Translation: Dr.Soe Than

ပန်းပွင့်များ (မိုးသွေး)

Image
" ပန်းပွင့်များ " အလွမ်းဆိုတာ ပန်းတပွင့်ဖြစ်ရင် ဒီပန်းကို မင်း မပန်စေချင်ဘူး ။ ကိုယ့်ချစ်သူဟာ ပန်းတပွင့်ဖြစ်ရင် ဒီပန်းဟာ ထာဝရ တပွင့်တည်းပါ ။ သတိရခြင်းဟာ ပန်းတပွင့်ဆိုရင် အမြဲ ကိုယ် မင်းအတွက် သိမ်းထားမယ် ။ ဆုံဆည်းမှုဟာ ပန်းတပွင့်ဖြစ်ရင် ဒီပန်းဟာ ကိုယ်တို့အတွက် ဖြစ်ပါစေ ။ ခွဲခွာခြင်းဟာ ပန်းတပွင့်ဆိုရင် နွမ်းသွားမယ့် အချိန်ကို စောင့်နေမိတယ် ။ မိုးသွေး Credit - ကဗျာလမ်း Facebook Page မှကူးယူဖော်ပြသည်။

သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍

Image
သူတို့ပြောသမျှ ကဗျာနှင့် ပတ်သက်၍ ''ကဗျာမှာ အချက်(၄)ချက်ရှိတယ်'' ၁။ Choice of words (စကားလုံး ရွေးချယ်မှု)၊ ၂။ Thought (အတွေး)၊ ၃။ Sensibility (အာရုံခံစားမှု)၊ ၄။ အလင်္ကာ၊ ကဗျာကောင်းတစ်ပုဒ်က အဲဒီလေးချက် တစ်ခုခုနဲ့ ငြိနေရတယ်။ ကဗျာကောင်းတစ်ပုဒ်က ဥပမာပြောရရင် ကြိမ်လုံး(၄)လုံးပူးပြီး ရိုက်သလိုပေါ့။ ဘယ်ကြိမ်လုံးနဲ့ထိသလဲတော့ မသိဘူး။ Choice of words ဆိုတဲ့ စကားလုံးရွေးချယ်မှု ကြိမ်လုံးလား၊ Thought (အတွေး) ကြိမ်လုံးလား၊ တစ်ခုခုနဲ့ပေါ့။ ငြိကို ငြိနေတယ်။ ကိုလေး(အင်းဝဂုဏ်ရည်) ------------------------------------------------ ကဗျာကို ချစ်မြတ်နိုးသည်ဟု ယနေ့ခေတ် ပြောနေကြသည်။ ကိုယ့်ကဗျာကိုယ် ကိုယ်မြတ်နိုးရုံနှင့် မလုံလောက်ပါ။ သူတပါး၏ ကဗျာများကို ချစ်မြတ်နိုးတတ်ဖို့ အလွန်အရေးကြီးသည်။ ယနေ့အထိ ကမ္ဘာလောကကြီး၌ ကဗျာဟူ၍ တင့်တင့်တယ်တယ် ရှိနေခြင်းကား သူတပါး၏ကဗျာများကို ချစ်မြတ်နိုးသူတို့ ရှိနေသော ကြောင့်သာဖြစ်လေသည်။ နှိုင်းယှဉ်သစ္စာစကားနှင့်ပြောရလျှင် ကမ္ဘာပေါ်၌ ကဗျာဆရာဆိုသည်က လက်တစ်ဆုပ်စာသာရှိသည်။ ကဗျာဆရာမဟုတ်ဘဲ ကဗျာကိုချစ်မြတ်နိုး နေသူတွေက မရေမတွက်နိုင်အောင် ရှိနေသည်။ ကဗျာသာမက အနုပညာအားလုံ

ငါ၏ရိုမီယိုသို့...... (မိုင်မျိုးမျိုးဆန်း)

Image
ငါ၏ရိုမီယိုသို့...... ( ၁ ) ချစ်တယ်လို့ နောက်တစ်ခါပြောဖို့ မာနဘယ်လောက်များများ ချခင်းရမလဲ . . . မဆုံနိုင်တာသိရဲ့ နဲ့ ကျောချင်းကပ်ထားခဲ့မိတာ မှားတယ် . . ငါဆိုတဲ့ အမိုက်အမဲက နောင်တရဖူးတယ်ဆိုလဲ ဒီထက်ပို လက်မဆွဲထားခဲ့မိလို့ ပဲဖြစ်မှာပါ ငါ့ရဲ့ ရိုမီယို . . ငါ့အချစ်ကို နင်မယုံကြည်တာ ရင်အနာရဆုံးပါပဲ . . . ( ၂ ) ရန်ဖြစ်တယ် ပြန်ချစ်တယ် လူပြောများတဲ့ ဖြစ်စဉ်တစ်ခုပါပဲ နင်နဲ့ငါကျမှ ရန်ဖြစ်ချိန်က ပြန်ချစ်ချိန်ထက် ဘာလို့ ပိုပိုများနေရတာလဲ တစ်ခုခုတော့ မှားနေပြီ . . ( ၃ ) မျက်ရည်တွေမိုးလိုရွာချလိုက်ရုံနဲ့ ရင်တစ်ခုလုံးပေါ့သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ ဝဋ်ကြွေးဆိုတာ ဘယ်လောက်ဆပ်ဆပ်မကုန်ဘူးထင်ပါရဲ့. . . . ( ၄ ) ဝေးကြပြီဆိုမှတော့ လွမ်းနေလိုက်ရုံပေါ့ နှစ်ဦးနှစ်ဘက်ချစ်မှ အချစ်လို့ခေါ်သလား ငါတစ်ယောက်ထဲချစ်နေလဲ ဒီအချစ်က လျော့ နည်းသွားမှာမှ မဟုတ်တာဘဲကွယ် . . . ( ၅ ) သတိရတယ်ဆိုတာ ဆံပင်တိုတို ညှပ်ရမလားလို့ တိုင်ပင်ချင်တာမျိုး . . . ကောင်မလေးတွေနဲ့ ဝေးဝေးနေနော်လို့ သတိပေးချင်တာမျိုး. . . နင့်ငါ့ကို မချစ်ဘူးလို့ အရင်လိုဂျစ်တိုက်ချင

စိတ်ကူးယဉ်မဆန်တဲ့ မနက်ဖြန် (ဆန်းမြင့်အောင်)

Image
စိတ်ကူးယဉ်မဆန်တဲ့ မနက်ဖြန် မနာကျင်ရမယ့်  မျက်ရည်ရှိရင် ငါ---ငိုချင်ပါတယ်။ အရှုံးမပါတဲ့ ပြိုင်ပွဲရှိရင် ငါ---ပြိုင်ချင်ပါတယ်။ အမုန်းမလာတဲ့ အချစ်ရှိရင် ငါ---ပိုင်ချင်ပါတယ်။ ဆန္ဒတွေအဆိပ်မတက်ရင် အိပ်ခက်တဲ့အိပ်မက်တွေနဲ့ ငါ---အိပ်စက်ချင်ပါတယ်။ ခုတော့--- သူငယ်ချင်းတို့ အလှောင်ခံ ဒီဇာတ်လမ်းရဲ့မနက်ဖြန် တို့နှစ်ယောက်ရဲ့လက်ကျန် တိတ်တိတ်လေးအထီးကျန်လို့ အကျည်းတန်နေခဲ့မှာပါလေ။     ။                                                                       မောင်ဆန်း

ငါ (မိုင်မျိုးမျိုးဆန်း)

ငါ ဘယ်တုန်းကမှ မနီးဖူးတာကို ဝေးလှပါချည်ရဲ့ ဆိုပြီး တမျှော်တခေါ်လွမ်းသတဲ့  ငါဆိုတဲ့ကောင်က အဲ့လို ဗရမ်းဗတာ . . လွမ်းလှပါပြီအော်လဲမကြားနိုင်သူကို တိတ်တခိုး စိတ်တွေကောက်လိုကောက် ပြီးတော့လဲ . . ကိုယ့်အချစ်နဲ့ကိုယ်ပဲ အာပတ်ဖြေရတယ်  အဲ့လို မရေမရာနဲ့ ငါ . . . ဟာတာတာ ရင်ဘတ်ကိုပိုက်ထားပြီး မညှာမတာ ရက်စက်ရက်သူလို့   လက်ညိုးတွေထိုးလိုထိုး  မျက်ရည်မိုးဆိုတာလဲ  ကိုယ်ပဲရွာ ကိုယ်ပဲတိတ်လိုက်နဲ့  ငါ့အရိပ်နဲ့ ငါပဲ ရူးနေသူ . . ထားခဲ့မယ်ဆိုတော့ လက်ကိုဆွဲ  နေခဲ့မယ်ဆိုတော့လဲ ဘာသိဘာသာ  မရေမရာနဲ့ ဒီလမ်းကိုလျှောက်ဖို့  ငါပဲ မတွန့် မဆုတ် ရွေးချယ်ခဲ့တာ . . ရင်နာလိုက်စမ်း အဖန်တရာတေတဲ့ ဒီလိုအချိုးတွေနဲ့  သေသေရှင်ရှင် လှည့်မကြည့်စတမ်းဆိုရင်  လွတ်လမ်းက လက်တစ်ကမ်းမှာပဲလေ . . ဒါပေမယ့် . . ငါဆိုတဲ့ အမိုက်အမဲကလဲ  ကြိုသူမဲ့တဲ့ ဒီကမ်းမှာပဲ ကပ်ချင်သူ မငြူ စူစတမ်းပေါ့လေ  ကျွတ်တမ်းမှ မဝင်ချင်တာ . .။                             မိုင်မျိုးမျိုးဆန်း

ဆန္ဒ (ဒေါက်တာစိုးသန်း)

Image
ဆန္ဒ သနပ်ခါးမလိမ်း မိတ်ကပ်မချယ် ရိုးရှင်းတင့်တယ်တဲ့ မင်းရဲ့မျက်နှာ မနက်ခင်းတိုင်းမှာ တွေ့ခွင့်ပေးပါ.... wish without thanaka or makeup on, simply elegant- your face. do allow me to see it every morn to come. Both by Dr. Soe Than 

ငါး (မြင့်မိုးအောင်)

Image
ငါး.. ငါးအသေကောင် လိုချင်ရင် ဈေးမှာဝယ်ပါ ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင် ပိုက်ကွန်တွေနဲ့ ဖမ်းပါ ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင် ငါးမျှားချိတ်မှာ အစာတပ်ပြီးမျှားပါ အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင် မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ ငါးအစစ် တစ်ကောင် လိုချင်ရင်တော့ ကျောက်ဆောင်တစ်ခုလို ရပ်နေပါ ရင်ဘတ်ကို ဖွင့်ထားပါ လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က မင်းရဲ့ နှလုံးသားကိုတောင်ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ အသက်ရှုသံတွေနဲ့ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ ပျော်ရွှင်စွာ ကစားနေမယ့် ငါးအစစ်တစ်ကောင် ကိုရရှိမှာ မင်းရဲ့ လက်ချောင်း တွေနဲ့  သူ့ကိုဖမ်းဖို့ မကြိုးစားတဲ့အထိသာ။ မြင့်မိုးအောင်