ငါး (မြင့်မိုးအောင်)


ငါး..


ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ
ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာတပ်ပြီးမျှားပါ
အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှုသံတွေနဲ့ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင် ကိုရရှိမှာ
မင်းရဲ့ လက်ချောင်း တွေနဲ့ 

သူ့ကိုဖမ်းဖို့ မကြိုးစားတဲ့အထိသာ။

မြင့်မိုးအောင်




Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)

ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)