သားချစ် (ခိုင်မြဲကျော်စွာ)


သားချစ်=======


မင်းကြိမ်လုံးယူလာဒီမှာ ဒူးထောက် !
မတ်တပ်ရပ်စမ်းကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့ငါတို့အမျိုးတွေပြောတယ် ။
မဟုတ်ဘူး . . . ။
ငါဒီလိုမလုပ်နိုင်ဘူးလူဆိုတာ ရတနာပဲဒုလ္လဘတရားနဲ့လူဖြစ်လာတဲ့ သားချစ်ဟာငါ့အတွက် ရတနာပဲ ။
ကျောပိုးအိတ်ထဲခါးကျိုးအောင် စာအုပ်တွေ အပြည့်အသိပ်ထည့်ခေါင်းငိုက်စိုက်ချ စာချည်းပဲ ကျက်မနေနဲ့ကွန်ပျူတာတစ်ဂျောက်ဂျောက် ကြိုက်သလောက် နှိပ်လိုက်စမ်းပြတင်းပေါက်မှန်ကွဲအောင် ဘောလုံးကန်ချင် ကန်လိုက်စမ်း ။
ကလေးဘ၀ရဲ့စိမ်းလန်းခြင်းများဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်မောင်းသမား ဖမ်းသလိုငါလက်လှမ်းတားမှာ မဟုတ်ဘူး ။
မင်းကြီးလာရင်ဆရာဝန်ကြီးလုပ်မှာလားစစ်ဗိုလ်ကြီး လုပ်မှာလားတစ်ဘ၀တာ ကြိုက်သလောက်စံပြီးသံသရာမှာ ကျသလောက်ခံမယ့်လူမဖြစ်စေချင်ဘူး ။
မင်းအစ်ကိုကြီးကချစ်လို့ပါပြောပြီးကံမကောင်းတဲ့ ရွှေငါးလေးတွေ လှောင်ကန်ထဲထည့်ထားတာမင်းမြင်တယ်မဟုတ်လားရွှေငါးလေးတွေ ဒုက္ခစာနာတတ်ဖို့မင်းစာများများ ဖတ်စေချင်တယ် ။
ကမ္ဘာ့မြေပုံကြီး ရှေ့ချပြီးတူအောင် အဆွဲကျင့်နေတာနဲ့မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူးအဲဒီမြေပုံပေါ်မှာနေတဲ့ လူတွေကို ချစ်တတ်အောင်မင်း စာများများ ဖတ်စေချင်တယ် ။
ဘ၀မှာဘာမှမလုပ်တတ်ချင်နေဘာမှမယုတ်ပတ်စေချင်ဘူး ။
ဂတ်စ်ထည့်တဲ့အနား မင်းသွားရင်ဂတ်စ်နံ့တော့ ရှုရမှာပဲလိုအပ်တဲ့အခါဂတ်စ်နံ့စွဲအောင် မီးခြစ်လည်း ခြစ်ရဲရမှာပေါ့ ။
မင်းတစ်နေ့ကြီးပြင်းလာမှာအသက်ကြီးတဲ့အခါ အချိန်စီးပါစေကွာငါဆွဲလက်စ ဖဲချပ်ဟာမင်းအတွက်မင်းလက်ခံတဲ့အခါအမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီးဘာနဲ့မှ ဆေးပေးမီးယူမလုပ်လိုက်နဲ့။ ။


ခိုင်မြဲကျော်စွာ


မော်ဒန်ကဗျာ Facebook Page မှ ကူးယူဖော်ပြသည်။

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ