သူစိမ်း ကိုယ်စိမ်း (နေအိမ်ဝန်း)

သူစိမ်း ကိုယ်စိမ်း 

နေကောင်းလားလို့ မမေးဖြစ်တော့သလို

ကျန်းမာရေးဂရုစိုက်ပါလို့ မပြောဖြစ်တော့ဘူး

အိပ်ရေးဝဝအိပ်ပါလို့မပြောဖြစ်တော့

အိပ်ရာစောစောဝင်ပါဆိုပြီး

သတိမပေး ဖြစ်ပြန်ဘူး

ဒီနေ့ ဘာလုပ်တယ်လို့ မပြောတော့

ဒီနေ့ ဘာဖြစ်တယ်ဆိုတာ

မသိကြတော့ဘူး

သေနေတဲ့ ဖုန်းနံပါတ်ကလေးလို

သေနေတဲ့ သတိရခြင်းဟာ

သေနေသလို ။ ။



နေအိမ်ဝန်း

၂၈. ၉ .၂၀၁၆



ကဗျာလမ်း Facebook Page မှ ကူးယူဖော်ပြသည်။

Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)

တပည့်ဆရာမလောင်းသို့ (၂) (မိုင်မျိုးမျိုးဆန်း)