ငါ (မိုင်မျိုးမျိုးဆန်း)


ငါ

ဘယ်တုန်းကမှ မနီးဖူးတာကို

ဝေးလှပါချည်ရဲ့ ဆိုပြီး တမျှော်တခေါ်လွမ်းသတဲ့ 

ငါဆိုတဲ့ကောင်က

အဲ့လို ဗရမ်းဗတာ . .


လွမ်းလှပါပြီအော်လဲမကြားနိုင်သူကို

တိတ်တခိုး စိတ်တွေကောက်လိုကောက်

ပြီးတော့လဲ . .

ကိုယ့်အချစ်နဲ့ကိုယ်ပဲ အာပတ်ဖြေရတယ် 

အဲ့လို မရေမရာနဲ့ ငါ . . .


ဟာတာတာ ရင်ဘတ်ကိုပိုက်ထားပြီး

မညှာမတာ ရက်စက်ရက်သူလို့  

လက်ညိုးတွေထိုးလိုထိုး 

မျက်ရည်မိုးဆိုတာလဲ 

ကိုယ်ပဲရွာ ကိုယ်ပဲတိတ်လိုက်နဲ့ 

ငါ့အရိပ်နဲ့ ငါပဲ ရူးနေသူ . .


ထားခဲ့မယ်ဆိုတော့ လက်ကိုဆွဲ 

နေခဲ့မယ်ဆိုတော့လဲ ဘာသိဘာသာ 

မရေမရာနဲ့ ဒီလမ်းကိုလျှောက်ဖို့ 

ငါပဲ မတွန့် မဆုတ် ရွေးချယ်ခဲ့တာ . .


ရင်နာလိုက်စမ်း

အဖန်တရာတေတဲ့ ဒီလိုအချိုးတွေနဲ့ 

သေသေရှင်ရှင် လှည့်မကြည့်စတမ်းဆိုရင် 

လွတ်လမ်းက လက်တစ်ကမ်းမှာပဲလေ . .


ဒါပေမယ့် . .

ငါဆိုတဲ့ အမိုက်အမဲကလဲ 

ကြိုသူမဲ့တဲ့ ဒီကမ်းမှာပဲ ကပ်ချင်သူ

မငြူ စူစတမ်းပေါ့လေ 

ကျွတ်တမ်းမှ မဝင်ချင်တာ . .။

      

                     မိုင်မျိုးမျိုးဆန်း

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ