Posts

သစ္စာ (မိုင်မျိုးမျိုးဆန်း)

Image
သစ္စာ သစ္စာဟာ ရောဂါထူလာတယ် သစ္စာဟာ သေကောင်ပေါင်းလဲ  သစ္စာဟာ နေရာတကျ မြဲနေဖို့ ခက်ခဲသွားတယ် . . သစ္စာဟာ မျိုးသုန်းလု သတ္တဝါ သစ္စာဟာ ဒီနေ့ ခေတ်ရဲ့ မျက်နှာမွဲ  သစ္စာဟာ ပွဲတိုင်းမှာ အနိုင်ရခဲလာတယ် . . . သစ္စာဟာ အဆိပ် သစ္စာဟာ ဆုပ်ကိုင်သူတိုင်းကိုရူးစေတယ် . . သစ္စာဟာ ဆူးအထပ်ထပ် သစ္စာဟာ ဖက်တွယ်ထားသူကိုနာကျင်စေပြန်ရော. . သစ္စာဟာ အရယ်မောရဆုံး ပျက်လုံးတစ်ခု သစ္စာဟာ ပြောလို့ ကောင်းရုံပုံပြင်တစ်ပုဒ် သစ္စာဟာ အရူးတွေရဲ့ မျှော်လင့်ချက်  သစ္စာဟာ ဂုဏ်ဒြပ်တွေအတွက်  ခပ်ညံ့ညံ့ပြိုင်ဘက်တစ်ခုသာဖြစ်တယ် . . သစ္စာဟာ ဓါးစာခံ သစ္စာဟာ ရေလဲသုံးပြီးစွန့် ပစ်ခံရတဲ့ ကစားစရာ သစ္စာဟာ အပြောသက်သက်အတွက် ဖန်တီးခံ  သစ္စာဟာ လူသုံးနည်းတဲ့ ဖိနပ်တစ်ရံသာသာပဲဖြစ်တယ်. . . သစ္စာကို ရှာတဲ့သူဟာ အရူးဖြစ်တယ်  ဒါမှမဟုတ်  အရူးတွေသာ သစ္စာကို ရှာဖွေကြတယ် . . မည်သို့ ပင်ဆိုစေကာမူ  သစ္စာမျှော်ဖူးသူ ငါသည်လဲ  သူရူးတစ်ယောက်သာ ဖြစ်တယ် . .။                                      မိုင်မျိုးမျိုးဆန်...

လူသတ်သမားရဲ့ညစာ (နှင်းခါးမိုး) Translated by Dr.Soe Than

လူသတ်သမားရဲ့ညစာ   -နှင်းခါးမိုး လူသတ်သမားက သွေးအေးတယ် ။ သွေး မခြောက်သေးတဲ့လက်နဲ့ စီးကရက်ကို မီးညှိပုံ  သူသတ်ထားတဲ့ အလောင်းရဲ့ အင်္ကျီရင်ဘတ် ကြယ်သီးတွေကို ဆွဲစေ့ပေးပုံ ၊ ကော်ဖီဆိုင်ထဲက ထလာသလို လေကလေးချွန်ပြီး လျှောက်သွားလိုက်သေးသတဲ့။ ဥဩသံတွေ ဆူညံ ရဲတွေ ရောက်လာ သတင်းစာ မျက်နှာဖုံးမှာ ခေါင်းကြီးစာလုံးမည်းကြီးနဲ့ ပါလာ အသတ်ခံရသူရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို တီဗွီက မကြာမကြာ ထုတ်လွှင့်နေ တစ်မြို့လုံး ကလည်း ဒီအမှုအကြောင်းပဲ ပြောနေကြ ။ ရွှေကို လိုလို့ သတ်သလား လူကို လိုလို့ သတ်သလား တခါက ရန်ငြိုးလား စိတ္တဇ လူသတ်သမားလား ။ အသေဆိုးလေခြင်းလို့ စုပ်သပ်သူက သပ် အတင့်ရဲလေခြင်းလို့ ဒေါကန်သူက ကန် ရှေ့က လမ်းချိုးကွေ့ အမှောင်ရိပ်ထဲ  လူသတ်သမား စောင့်နေမလားလို့ ကြောက်လန့်သူတွေလည်း ရှိရဲ့ ၊ ( ဒီလိုနဲ့ ) မြို့ကလေးထဲ ညအမှောင်ထုက တွားသွားဝင်လာ တံခါးတွေ စောစောပိတ်  မီးတွေ စောစော မှိတ်ကြ  စောစောတော့ အိပ်မပျော်နိုင်ကြ ။ လူသတ်သမားကော ဒီအချိန်ဆို ညစာ စားနေလောက်ပြီ ၀ိုင်ကလေး သောက်လိုက် စပျစ်သီးလေး မြုံ့လိုက်နဲ့လေ ပြီးတော့ မနက်က သွေးစွန်းခဲ့တဲ့ သ...

မိုး

Image
မိုး ဟစ်ကြွေးလိုက်တဲ့ သူ့အသံတွေထဲ လျှပ်နွယ်တွေကို ဝဲ လို့ တလိမ့်လိမ့်ဆင်းလာတဲ့ သူ့ခြေရာတွေအောက် ဖုန့်မှုန့်တွေလည်း ပျောက် ခဲ့ပြီ ခုဆို အေးမြတဲ့သူ့အနမ်းတွေနဲ့ ပန်းကလေးများလည်း လန်း ခဲ့ပြီ။      ။                                               ဖြိုးဝေအောင် (SUOE)

အချိန်တစ်ခုကုန်လွန်သွားတဲ့အခါ.... (မိုင်မျိုးမျိုးဆန်း)

Image
အချိန်တစ်ခုလွန်သွားတဲ့အခါ . . တစ်ခါချော့လိုက်ရုံနဲ့ မကျေနပ်တာမှန်သမျှ မေ့ထားတတ်တဲ့  မိန်းကလေးဟာ ကိုယ်မဟုတ်တော့ဘူး. . အလွမ်းတွေကို တခမ်းတနား ဖွဲ့ ဆိုတတ်တာ ကိုယ်မဟုတ်တော့ဘူး. . အသေးအဖွဲကအစ တွေးရင်းနဲ့ ဝမ်းနည်းတတ်တာ ကိုယ်မဟုတ်တော့ဘူး. . ကတိစကားတစ်ခွန်းကိုယုံစားလို့  ဖြစ်မလာသမျှ ခံစားတတ်တာ  ကိုယ်မဟုတ်တော့ဘူး. . အဲ့ဒီအခါမှာ . . အချစ်ဆိုတဲ့ အရာဟာလေ ရင်ခွင်ထဲ ပိုက်ထားခဲ့ဖူးတဲ့ ဝက်ဝံရုပ်ကလေးလို  ချောင်တစ်ချောင်မှာ ငြိမ်သက်နေကောင်းပါရဲ့ . . . စွဲလန်းဖူးတဲ့ အတုအယောင်အကြင်နာတွေဟာလဲ  ဆောင်းဦးရဲ့ သစ်ရွက်လေးတွေလို လေအဝေ့မှာ  လွင့်မြောသွားလိမ့်မယ် . . ထုထည်ကြီးလှတဲ့ အလွမ်းဆိုတာလဲ  တစ်ခါပြောဖြစ်မှ တစ်ခါပဲသတိရမိတော့မယ်ထင်ပါရဲ့ . . ကိုယ်ခေါ်ဖူးတဲ့ နာမ်စားလေးတစ်ခုဟာလဲ  မတော်တဆ ကြားမိတဲ့အခါမျိုးမှာ ပြုံးရုံလေးပဲ ပြုံးမိသွားလောက်တဲ့အထိ ဟောင်းနွမ်းသွားလိမ့်မယ် . . အဲ့ဒီအခါ အေးစက်စက် ဥပေက္ခာတွေနဲ့  ဖန်တရာတေနေတဲ့ နာကျင်မှုတွေကိ...

တံခါးနှစ်ချပ်ပုံပြင် (မိုင်မျိုးမျိုးဆန်း)

Image
တံခါးနှစ်ချပ်ပုံပြင် မာနကိုယ်စီ ရင်မှာချိတ် မျိုသိပ်လို့ နာကြည်းကြတဲ့အခါ နှလုံးသားတံခါးနှစ်ချပ်လဲ တိတ်တဆိတ် ပိတ်သွားကြလေတယ်. . ဘေးစကားတွေကို အဆိပ်ငွေ့လို  ကိုယ်စီမျိုချ ညဥ့်နက်နက်တိုင်း ငိုကြွေးဖို့  အမှတ်တရတွေကို ပိုးလိုမွေးထားပေမယ့် အပြင်ကမ္ဘာမှာတော့ သူစိမ်းဆန်ဆန် ခါးနေလေ့ရှိကြတယ်. . ရင်ထဲမှာ နွေတစ်ရာဆိုပေမယ့် အပြင်မှာတော့ ခပ်ဟဟ ရယ်မောလို့  တိတ်တဆိတ်လွမ်းတာလူမသိအောင် မေ့နိုင်ပြီဆိုတဲ့ဆိုင်းဘုတ်ကိုယ်စီ ချိတ်ထားကြလေရဲ့ . . အတ္တအဆိပ်သင့်သူနှစ်ဦးအတွက် လုံလောက်တဲ့ဖြေဆေးက သံယောဇဉ်ဆိုပေမယ့် အနိုင်လိုသူနှစ်ဦးကတော့ အလံဖြူကိုယ်စီ ရိုက်ချိုးထားနေဆဲ. . ဒီလိုနဲ့ပဲ. . ရက်စွဲတွေတစ်ခါသစ်တိုင်း မျှော် လင့်ခြင်းကို တစ်ခါသတယ် တစ်ယောက်ကတစ်ယောက်ထက်ပိုချစ်ခဲ့ရင် ဖြေရှင်းဖို့ လွယ်တဲ့ ပုစ္စာဆိုပေမယ့်. . . မာနကိုယ်စီ ရင်မှာချိတ်လို့  သူတို့ . . နှလုံးသားတံခါး ပိတ်ထားကြလေတယ်. . .။                                       ...

ကိုယ်..ဒီကဗျာကို ခေါင်းစဉ်မတပ်ပါရစေနဲ့ (မိုင်မျိုးမျိုးဆန်း)

Image
ကိုယ်..ဒီကဗျာကို ခေါင်းစဉ်မတပ်ပါရစေနဲ့ ဒဏ်ရာပေါ် ဒဏ်ရာထပ်တော့  ဒဏ်ရာတွေ အဆက်မပြတ်  ဒဏ်ခတ်ခံရတယ်  လူပြောများကြတာတော့  ဝဋ်ကြွေးဆိုတာ ဆပ်ဖို့ မလွယ်ဘူးတဲ့  ချစ်မိတာကိုက ဝဋ်နာ ကံနာ ထင်ပါရဲ့  . . အရှုံးလို့ အမည်မပေးရက်တဲ့ အရှုံးတွေနဲ့  တဖြည်းဖြည်း အချစ်က နိဂုံးဆန်လာတယ်  မေးထူးခေါ်ပြောအဆင့်နဲ့ပဲ  အကြင်နာတွေက လေတိုက်တိုင်းလွင့်ပါးသွားကြတယ်  ငါက မာနကြီးတယ်ဆိုရင်  မင်းကိုယ်မင်း ရက်စက်ခြင်းလို့ ခေါင်းစဉ်တပ်ပါလေ . . ညဥ့်နက်တိုင်း မျက်စိကိုစုံမှိတ်လို့  အိပ်မပျော်ပဲ အလွမ်းအိပ်မက်တွေမက်မက်နေတာခက်တယ်  သတိရခြင်း ၁ သတိရခြင်း ၂  သတိရခြင်း ၃  အိပ်စက်ခြင်းကတော့ လုံးလုံးရောက်မလာခဲ့ဘူး ရေတွက်ဖို့ ခက်တဲ့ သတိရခြင်းတွေနဲ့လေ . . အမှောင်ကမ္ဘာမှာ ပုန်းကွယ်ရမလား လွမ်းရတာတောင် တိုးတိုးတိတ်တိတ်  ဆိတ်ငြိမ်ရာအရပ်က ဆုတောင်းခွင့်ပြုပါ  နီးစပ်ဖို့ မလုံလောက်ခဲ့ရင်  လုံလောက်စွာ ဝေးပါရစေသား. . . အလားတူ တေးသွားမျိုးနဲ့ ငြီးတွားလို့ နာကျင်ရခြင်းမှ ဝေးပါစေ . . . သံသရာ အဆက်ဆက် . . သံသရာ အဆက်ဆက်အထိပေါ့ . . .။...

ချစ်လို့ရေးတဲ့ကဗျာ(၁) အောင်ဝေး

Image
ချစ်လို့ရေးတဲ့ကဗျာ(၁)                               ဒီတစ်ခါ သေပြီးရင် နောက်ထပ် မသေတော့ဘူး မြစ်က။ အချစ်လည်း ဒီလိုပဲ ဘယ်လိုလဲဆိုတော့ကာ ဟိုလေ … ။ မြစ်ကို သေအောင်သတ်ပြီးမှ ရေလည်း မစီးဘူး လှိုင်းလည်း မခွပ်ဘူး ကမ်းပါးလည်း မညွှတ်ဘူး မပြောနဲ့။ အချစ်က တစ်သက်မှာ တစ်ခါပဲ ရှင်ရတာ။ မြစ်ကလည်း တစ်ခေတ်မှာ တစ်ခါပဲ ဖြတ်သန်းရတာ။ ” ခေတ်ကြီးက မစွံပါဘူးရှင် ” မတရား မပြောပါနဲ့ ခင်ရယ်။ သတ္တိရှိရင် ရဲရဲချစ်လိုက်ပါ ခင်ဖြတ်သန်းနေတဲ့ ခေတ်ကို ချစ်လိုက်ပေါ့ ။ ဗမာပြည်မှာ ချစ်လို့သေတဲ့မသာ မရှိပါဘူး။ ။ အောင်ဝေး