Posts

Showing posts from July, 2018

လူသတ်သမားရဲ့ညစာ (နှင်းခါးမိုး) translated by Dr.Soe Than

Image
လူသတ်သမားရဲ့ညစာ   -နှင်းခါးမိုး လူသတ်သမားက သွေးအေးတယ် ။ သွေး မခြောက်သေးတဲ့လက်နဲ့ စီးကရက်ကို မီးညှိပုံ  သူသတ်ထားတဲ့ အလောင်းရဲ့ အင်္ကျီရင်ဘတ် ကြယ်သီးတွေကို ဆွဲစေ့ပေးပုံ ၊ ကော်ဖီဆိုင်ထဲက ထလာသလို လေကလေးချွန်ပြီး လျှောက်သွားလိုက်သေးသတဲ့။ ဥဩသံတွေ ဆူညံ ရဲတွေ ရောက်လာ သတင်းစာ မျက်နှာဖုံးမှာ ခေါင်းကြီးစာလုံးမည်းကြီးနဲ့ ပါလာ အသတ်ခံရသူရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို တီဗွီက မကြာမကြာ ထုတ်လွှင့်နေ တစ်မြို့လုံး ကလည်း ဒီအမှုအကြောင်းပဲ ပြောနေကြ ။ ရွှေကို လိုလို့ သတ်သလား လူကို လိုလို့ သတ်သလား တခါက ရန်ငြိုးလား စိတ္တဇ လူသတ်သမားလား ။ အသေဆိုးလေခြင်းလို့ စုပ်သပ်သူက သပ် အတင့်ရဲလေခြင်းလို့ ဒေါကန်သူက ကန် ရှေ့က လမ်းချိုးကွေ့ အမှောင်ရိပ်ထဲ  လူသတ်သမား စောင့်နေမလားလို့ ကြောက်လန့်သူတွေလည်း ရှိရဲ့ ၊ ( ဒီလိုနဲ့ ) မြို့ကလေးထဲ ညအမှောင်ထုက တွားသွားဝင်လာ တံခါးတွေ စောစောပိတ်  မီးတွေ စောစော မှိတ်ကြ  စောစောတော့ အိပ်မပျော်နိုင်ကြ ။ လူသတ်သမားကော ဒီအချိန်ဆို ညစာ စားနေလောက်ပြီ ၀ိုင်ကလေး သောက်လိုက် စပျစ်သီးလေး မြုံ့လိုက်နဲ့လေ ပြီးတော့ မနက်က သွေးစွန်း

တခါတခါ (မင်းလူ) translated by Dr.Soe Than

Image
" တခါတခါ " တခါတခါ အချစ်ဟာ သွေးနဲ့တူတယ်။ တစက်ဆို တစက် တန်ဖိုး တက်တတ်တယ် ။ at times love is like blood: even just a drop, its value tends to increase. တခါတခါ အချစ်ဟာ ချွေးနဲ့တူတယ်။ ငုပ်နေရင်လည်း မကောင်း လွန်သွားရင်လည်း အန္တရာယ်ပဲ ။ at times love is like sweat: it's bad if you don't sweat, too much sweat is dangerous. တခါတခါ အချစ်ဟာ တံတွေးနဲ့တူတယ် ။ မြုံထားမှ တန်ဖိုးရှိတယ် ။ at times love is like spittle: it's better when held in mouth. တခါတခါ အချစ်ဟာ သေးနဲ့တူတယ်။ စွန့်ထုတ်လိုက်တာနဲ့  အညစ်အကြေး ဖြစ်သွားတာပဲ ။ at times love is like urine: once released, it becomes waste. တခါတခါ အချစ်ဟာ ချေးနဲ့တူတယ်။ သိပ်ချုပ်လွန်းရင် အန္တရာယ်ဖြစ်တတ်တယ် ။ at times love is like faeces: chronic constipation is harmful. တခါတခါ အချစ်ဟာ အတွေးနဲ့တူတယ်။ လွဲချော်မှုက၊ လက်တွေ့ဖြစ်မလာတာက ပိုများတယ်။ at times love is like thoughts: there are more hitches and glitches than realization of hopes. တခါတခါ အချစ်ဟာ ကလေးနဲ့တူတယ်။ ဘာမှမသိသေးတဲ

က စား သူ (ဖြိုးဝေအောင်) translated by HZH

Image
က  စား  သူ သူ့ လော ဘ က သူ့ ကို ကု လား ဖန် ထိုး တော့ သူ့ အ မှန် တ ရား တွေ ခါး ကျိုး ကုန် ပါ ရော့ လား ။  ။ ရိ က္ခာ ကို မျှော် ရင်း နဲ့ ပစ် ချ လိုက် တဲ့ သိ က္ခာ အ ချပ် ချပ် တွေ က သူ့ သ မိုင်း သူ့ ဇာတ် မှာ နေ ရာ မ လပ် အ ထပ် ထပ် ရယ် ။  ။ တစ် ခွင် နိုင် ဖို့ အ ရေး သူ့ တွေး ပုံ ကြံ ပုံ အ ကု သိုလ် တွေ စုံ လိုက် တာ ဂျော် ကာ မ တက် ဖဲ မ ပျက် ခင် သူ့ အ တ္တ က ကု လား ဖန် အ ခါ ခါ ထိုး သူ့ ခါး ရိုး ကို ချိုး တော့ မယ် ။  ။                                     ဖြိုး ဝေ အောင် ( S U O E ) ကိုကြီးရဲ့ နောက်ထပ်ကဗျာကောင်းလေး တစ်ပုဒ်ပါ၊ ကဗျာလေးဖတ်ရင်း လူတချို့အကြောင်းကို တွေးမိတာပါ။ တကယ်တော့ တချို့သောလူတွေဟာ ကဗျာလေးထဲက 'ကစားသူ' နဲ့ တူတယ်။ ကိုယ်ရဲ့လောဘက ကိုယ့်ကို စေ့ဆော်လိုက်တဲ့အခါ ကိုယ်ရဲ့သိက္ခာတွေ အကျင့်တွေ အားလုံးကို ကိုယ်တိုင်ချိုးဖျက်ပစ်ဖို့ ဝန်မလေးကြတော့ဘူး။ ကိုယ်တိုင်လက်ခံထားတဲ့ အမှန်တရားတွေအားလုံး၊ လူ့ကျင့်ဝတ်တွေအားလုံးကို လောဘကြောင့် ချိုးဖောက်ကြတော့ပဲ။ ဒါကြောင့် လောဘက ကုလားဖန်ထိုးလာတဲ့အခါ မြှောက်ထိုးပင့်ကော် လုပ်လာတဲ့အခါ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ကြဖို့ သိပ္အေရးႀကီးတာေ

ချယ်ရီမြင်တိုင်းလွမ်းတယ် (မိုင်မျိုးမျိုးဆန်း)

Image
ချယ်ရီမြင်တိုင်းလွမ်းတယ် ချယ်ရီမြင်တိုင်းလွမ်းတယ် ဆယ်ကျော်သက်ဆိုတာ ပုရစ်ဖူး မြေးဦးရတဲ့ထိမမေ့မယ့်သူကိုရူးတယ် . . ပြောတဲ့သူကတော့မေ့နေမှာပါ နားထောင်ခဲ့ဖူးသူသာ တစ်ထောင့်တစ်ညချယ်ရီပုံပြင်တွေနဲ့ အိပ်ယာဝင်တိုင်း အတွေးတွေလွန့် လူး  မပြယ်မယ့်သစ္စာတွေ အဆက်မပြတ်ဖူးခဲ့တယ်. . ညီမလေးရေ . . . တဲ့  ခေါ်သံလေးက တစ်ဝက်တစ်ပျက် အေးပေါ့လေ  ဆယ်စုနှစ်တစ်ခုစာအလွန်မှာ ဆေးသားလေးတွေ မှိန်သင့်ပြီပေါ့  တယူသန်တဲ့ငါ့မှာသာ မပြယ်သေးတဲ့အဆွေးတစ်ချို့ နဲ့  ချယ်ရီပွင့်တဲ့မြို့ တွေရောက်တိုင်းလွမ်းတယ်. . ရေစက်ဆိုတာ  ရှားပါးလွန်းခဲ့တယ် အချစ်ဦးရယ်  မျက်ဝန်းတချို့ ဆိုတာတောင်  မမေ့နိုင်လွန်းလို့ လက်ချိုးရေမိခဲ့တာပါ  နင်သိရဲ့ လား  (ငါလေ. . .) ချယ်ရီမြင်တိုင်း လွမ်းတတ်တုန်းပဲ . .။                                မိုင်မျိုးမျိုးဆန်း

မျှော်​နေသူတ​စ်ယောက်​ရဲ့​နေ့ - အမုံ (မရမ်းမြေ)

 ​မျှော်​နေသူတ​စ်ေ​ယာက်​ရဲ့​နေ့ မွန်းမတည့်သေးဘူး သတိရခြင်းတွေက တလိမ့်​လိမ့်​တက်လာပြီ ဒီနေ့ ဘယ်လိုနေဝင်ရမလဲ  ဆည်းဆာက ပုပ်အဲ့​နေဦးမှာသေချာတယ် အရုပ်ဆိုးနေတဲ့ ညရယ် လွမ်းနေတဲ့ ငါရယ် အရာရာဟာ အလာ့ဂျစ်ဆန်နေတယ် စိတ်ကိုတင်းတယ် ငါပြုံးနေတယ် မနက်ဖြန်များစွာအတွက် ဒီနေ့များစွာကိုအံတုရဦးမယ် မှောင်နေတဲ့တောင်ကုန်း ဘယ်တော့များအလင်းတွေဖြာမလဲ အချစ်ဟာအတော်ဈေးကြီးသလား ပေးဆပ်ခဲ့သမျှ ရေပေါ်ရေးတဲ့ အရုပ်လို ခေါက်သိမ်းထားတဲ့စာမျက်နှာတွေကိုမှ တမေ့တမောဖတ်ချင်နေမိတယ် ဆောင်းတွေသာနွေဆန်သွားရဲ့ ပြန်မလာသူတစ်ယောက်ရဲ့အလွမ်းဟာ ကိုယ်နဲ့ဝေးရာဆီ ။                          အမုံ(မရမ်းမြေ))

ကိုယ့်ကမ္ဘာဦး (မျက်မှန်ဖြူ) Translated by HZH

Image
ကိုယ့်ကမ္ဘာဦး ကမ္ဘာဦးက ချစ်သူနှစ်ဦး ကဗျာရေးဖူးသလား ကိုယ်မသိဘူး။ မင်းအတွက်ဆိုပြီး ကိုယ်ကဗျာရေးတဲ့အခါ မင်းဆီ ရောက်အောင်  မပို့တတ်ခဲ့ပြန်ဘူး။ အင်းလေ ကိုယ်တို့က ချစ်သူတွေမှ မဟုတ်ခဲ့ပဲ။ သူ အဆင်ပြေပါစေလို့ ဆုတောင်းပေးမိတယ် ကိုယ် အဆင်ပြေပြေ မပြေပြေပေါ့။ ကိုယ့်အချစ်မှာ အလျားအနံတွေမလိုသလို အသွားအပြန်တွေမှ မလိုတာ။ မင်းကို ချစ်နေသမျှ ကာလပတ်လုံး ထူးထူးခြားခြား ရူးရတာပဲ ကိုယ်ဘဝင်မြင့်မိပြန်ရော။ ပေးတိုင်းပြန်ရမယ်ဆိုတာမျိုး ကိုယ့်ဒဿ     နမရှိဘူး။ မယောင်ရာ ဆီလူးတဲ့သူဟာ ဘယ်သူလဲမေးရင် ကိုယ့်ကိုသာ  လက်ညှိုးထိုးပြပါတော့။ ကိုယ်ကမ္ဘာ့ဦးပုံပြင်ထဲမှာတော့ မင်းနဲ့ကိုယ်နဲ့ ဧဒင်ဥယျာဉ်ကြီးထဲ  လက်တွဲ လမ်းလျှောက်နေကြတယ်ဆိုပါတော့။                                                                                             မျက်မှန်ဖြူ My first love or My imaginary Eve                                         I'm not sure The first two lovers of the world wrote poems about love each other.  So as me,  I'm writing poems dedicated to you But not know how to

"ငါတို့မြို့က လူငယ်ခြေပျက်လေးအချို့" (ဆန်းကျော်စွာဝင်း)

Image
"ငါတို့မြို့က လူငယ်ခြေပျက်လေးအချို့" ငွေ၂၀၀ရှိရင် ကွမ်းယာသည်မလေးကို ရိသဲ့သဲ့လုပ်ခွင့်ရတဲ့ခေတ်မှာ.. တရုတ်ဆိုင်ကယ် အိတ်ဇောဖြဲစီးတဲ့ကောင် ဂေါင်ပဲ လူကြားထဲ ဆိုင်ကယ် မကြွတကြွထောင်ရင် အကောင်ပဲ… မျက်လုံးနဲ့ကြည့်ရင် ငြိ ချင်တယ် လမ်းမပေါ် ဆိုင်ကယ်ကျော်မတက်နဲ့ အသက်အသေခံပြီး ပြန်ကျော်လိမ့်မယ်… စီနီယာကျော်ပြီး ကွမ်းယာမဝယ်နဲ့ ဆိုင်ရှေ့တင် အသက်ထွက်သွားမယ်… ဂါရဝတရားကို အချင်းချင်းအော်ဆဲရတာလောက် ဒီကောင်တွေ မကြိုက်ဘူး… ဒီကောင်တွေ စာမတတ်ဘူး.. ဒီကောင်တွေ စာမဖတ်ဘူး.. ဒီကောင်တွေ စာတတ်လည်း စာမဖတ်ဘူး… လက်ဖက်ရည်ဆိုင်မှာ ဆူညံခွင့်ရတာကိုက သူတို့ရဲ့ လစ်ဘရယ်ဝါဒ… လူစုံရင် အရက်သောက်မယ် လူမစုံရင် လိုက်စုမယ်.. လမ်းထောင့်မှာ ပုလင်းထောင်ဝိုင်းဖွဲ့ဖြစ်ရင် အခမ်းနားဆုံး သုခ… ကမ္ဘာကိုကယ်တင်ချင်တဲ့ လူငယ်လေးတွေ သူတို့အမေ ခေါင်းမှာ ဈေးဗန်းကြီး မနိုင်မနင်းနဲ့… ပတ်ဝန်းကျင်ကို ဂရုမစိုက်ဟန်နဲ့ ပစ်ခနဲ ထွေးထုတ်လိုက်တဲ့ကွမ်းသွေးလို အသုံးမကျတဲ့ သွေးဟာရဲရဲနီထွေး.. လွဲနေတဲ့ သတ္တိတွေ လွဲနေတဲ့ လွတ်လပ်မှုတွေ ပျော်စရာကို အပျက်ထဲရှာနေတဲ့ ငါတို့မြို့က လူငယ်ခြေပျက်လေးတွေ…။ ။ _________________