ချယ်ရီမြင်တိုင်းလွမ်းတယ် (မိုင်မျိုးမျိုးဆန်း)
ချယ်ရီမြင်တိုင်းလွမ်းတယ်
ချယ်ရီမြင်တိုင်းလွမ်းတယ်
ဆယ်ကျော်သက်ဆိုတာ ပုရစ်ဖူး
မြေးဦးရတဲ့ထိမမေ့မယ့်သူကိုရူးတယ် . .
ပြောတဲ့သူကတော့မေ့နေမှာပါ
နားထောင်ခဲ့ဖူးသူသာ
တစ်ထောင့်တစ်ညချယ်ရီပုံပြင်တွေနဲ့
အိပ်ယာဝင်တိုင်း အတွေးတွေလွန့် လူး
မပြယ်မယ့်သစ္စာတွေ အဆက်မပြတ်ဖူးခဲ့တယ်. .
ညီမလေးရေ . . . တဲ့
ခေါ်သံလေးက တစ်ဝက်တစ်ပျက်
အေးပေါ့လေ
ဆယ်စုနှစ်တစ်ခုစာအလွန်မှာ
ဆေးသားလေးတွေ မှိန်သင့်ပြီပေါ့
တယူသန်တဲ့ငါ့မှာသာ
မပြယ်သေးတဲ့အဆွေးတစ်ချို့ နဲ့
ချယ်ရီပွင့်တဲ့မြို့ တွေရောက်တိုင်းလွမ်းတယ်. .
ရေစက်ဆိုတာ
ရှားပါးလွန်းခဲ့တယ် အချစ်ဦးရယ်
မျက်ဝန်းတချို့ ဆိုတာတောင်
မမေ့နိုင်လွန်းလို့ လက်ချိုးရေမိခဲ့တာပါ
နင်သိရဲ့ လား
(ငါလေ. . .)
ချယ်ရီမြင်တိုင်း လွမ်းတတ်တုန်းပဲ . .။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment