က စား သူ (ဖြိုးဝေအောင်) translated by HZH

က  စား  သူ


သူ့ လော ဘ က
သူ့ ကို ကု လား ဖန် ထိုး တော့
သူ့ အ မှန် တ ရား တွေ
ခါး ကျိုး ကုန် ပါ ရော့ လား ။  ။

ရိ က္ခာ ကို မျှော် ရင်း နဲ့
ပစ် ချ လိုက် တဲ့
သိ က္ခာ အ ချပ် ချပ် တွေ က
သူ့ သ မိုင်း သူ့ ဇာတ် မှာ
နေ ရာ မ လပ် အ ထပ် ထပ် ရယ် ။  ။

တစ် ခွင် နိုင် ဖို့ အ ရေး
သူ့ တွေး ပုံ ကြံ ပုံ
အ ကု သိုလ် တွေ စုံ လိုက် တာ
ဂျော် ကာ မ တက် ဖဲ မ ပျက် ခင်
သူ့ အ တ္တ က
ကု လား ဖန် အ ခါ ခါ ထိုး
သူ့ ခါး ရိုး ကို ချိုး တော့ မယ် ။  ။
           
                       ဖြိုး ဝေ အောင် ( S U O E )

ကိုကြီးရဲ့ နောက်ထပ်ကဗျာကောင်းလေး တစ်ပုဒ်ပါ၊ ကဗျာလေးဖတ်ရင်း လူတချို့အကြောင်းကို တွေးမိတာပါ။ တကယ်တော့ တချို့သောလူတွေဟာ ကဗျာလေးထဲက 'ကစားသူ' နဲ့ တူတယ်။ ကိုယ်ရဲ့လောဘက ကိုယ့်ကို စေ့ဆော်လိုက်တဲ့အခါ ကိုယ်ရဲ့သိက္ခာတွေ အကျင့်တွေ အားလုံးကို ကိုယ်တိုင်ချိုးဖျက်ပစ်ဖို့ ဝန်မလေးကြတော့ဘူး။ ကိုယ်တိုင်လက်ခံထားတဲ့ အမှန်တရားတွေအားလုံး၊ လူ့ကျင့်ဝတ်တွေအားလုံးကို လောဘကြောင့် ချိုးဖောက်ကြတော့ပဲ။ ဒါကြောင့် လောဘက ကုလားဖန်ထိုးလာတဲ့အခါ မြှောက်ထိုးပင့်ကော် လုပ်လာတဲ့အခါ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ကြဖို့ သိပ်အရေးကြီးတာပေါ့။
ငါးရှိရာ ငါးစာချသူဟာ ငါရချင်နဲ့လောဘနဲ့ပါ။ ထို့အတူပါပဲ၊ ဖဲဝေတဲ့သူကလည်း သူအကုန်စားရမယ်ဆိုတဲ့ လောဘနဲ့ ဝေလိုက်တာပါပဲ၊ ကျွန်တော်တို့လည်း တစ်ခုခုကို ရချင်တဲ့လောဘနဲ့ ကိုယ်ရဲ့သိက္ခာတွေကို အကြိမ်ကြိမ် ချခင်းခဲ့ကြပြီလား၊ လူတွေဟာ တစ်ခုခုကို တမ်းတမ်းစွဲ ဖြစ်တဲ့အထိ လောဘတက်လာရင် သိက္ခာဆိုတာတွေမေ့လာကြ၊ လွယ်လွယ်စွန့်ပစ်လာကြရောတဲ့။
အနိုင်ရဖို့ အတွက် ဘယ်နည်းနဲ့မဆို ကြိုးစားလာကြမယ်၊ 'ဘယ်သူသေသေ ငတေမာရင် ပြီးရော" ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေနဲ့ ကိုယ့်ကောင်းဖို့အတွက် လောဘတက်လာရင် နည်းပေါင်းစုံနဲ့ ကြိုးစားလာကြပါတယ်။
ဒီလိုနဲ့ နောက်ဆုံးဇာတ်မသိမ်းခင် ဘဝမဆုံးခင်အထိ ကိုယ်လော့ဘ ကိုယ်မသတ်နိုင်ဖြစ်ပြီး ကိုယ်ရဲ့ကျောရိုးတမျှ အရေးကြီးတဲ့ ကိုယ်ကျင့်တရားကို ကိုယ့်ဘာသာအပျက်စီးခံပြီး ကစားပွဲကြီးကို အဆုံးမသတ်နိုင်ဖြစ်ရင်း ဘဝကို အကျိုးမရှိဘဲ ကုန်ကြရရောတဲ့။ ကောင်းလိုက်တဲ့ကဗျာ။ အမေရိကန် ကဗျာဆရာကြီး Robert Frost ပြောသလို 'A poem begins in pleasure and ends in wisdom' 'ကဗျာကောင်းတစ်ပုဒ်ဆိုတာ ရသတစ်မျိုးမျိုးနဲ့ စပြီး အသိဥာဏ်ပညာနဲ့ အဆုံးသတ်တယ်' တဲ့။ ဒါကြောင့် ကျွန်တော့်အတွက်တော့ ဒီကဗျာလေးဟာ အဖိုးမဖြတ်နိုင်တဲ့ ကဗျာတစ်ပုဒ်ပါ။ လိုအပ်ချက်တွေ အများကြီး ရှိမှန်းသိပေမယ့် ကြိုးစားပြီး ဘာသာပြန်ကြည့်ထားတယ်။ (English တိုးတက်လာတဲ့အခါ ထပ်ပြီး ကြိုးစားပြန်ပါဦးမယ်)

A player in an endless game


due to his avarice,
when he shuffles a deck,
all his morals and truth are broken up.

with a burning desire to get what he wants,
his own dignity is given up by himself;
it's oft-repeated throughout his past.
as lots of cards dealed out are being spread over every space of the gambling table.
so as to win his card game,
what he thinks and what he does
are all evilly done by himself.

till 'joker' is faced up,
due to his self-seeking desire,
as he often shffules the deck,
then it breaks up
all his morals that's like his backbone.

HZH

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ