"ငါတို့မြို့က လူငယ်ခြေပျက်လေးအချို့" (ဆန်းကျော်စွာဝင်း)


"ငါတို့မြို့က လူငယ်ခြေပျက်လေးအချို့"



ငွေ၂၀၀ရှိရင် ကွမ်းယာသည်မလေးကို ရိသဲ့သဲ့လုပ်ခွင့်ရတဲ့ခေတ်မှာ..
တရုတ်ဆိုင်ကယ် အိတ်ဇောဖြဲစီးတဲ့ကောင် ဂေါင်ပဲ
လူကြားထဲ ဆိုင်ကယ် မကြွတကြွထောင်ရင် အကောင်ပဲ…

မျက်လုံးနဲ့ကြည့်ရင် ငြိ ချင်တယ်
လမ်းမပေါ် ဆိုင်ကယ်ကျော်မတက်နဲ့
အသက်အသေခံပြီး ပြန်ကျော်လိမ့်မယ်…

စီနီယာကျော်ပြီး ကွမ်းယာမဝယ်နဲ့
ဆိုင်ရှေ့တင် အသက်ထွက်သွားမယ်…
ဂါရဝတရားကို အချင်းချင်းအော်ဆဲရတာလောက်
ဒီကောင်တွေ မကြိုက်ဘူး…

ဒီကောင်တွေ စာမတတ်ဘူး..
ဒီကောင်တွေ စာမဖတ်ဘူး..
ဒီကောင်တွေ စာတတ်လည်း စာမဖတ်ဘူး…

လက်ဖက်ရည်ဆိုင်မှာ ဆူညံခွင့်ရတာကိုက
သူတို့ရဲ့ လစ်ဘရယ်ဝါဒ…
လူစုံရင် အရက်သောက်မယ်
လူမစုံရင် လိုက်စုမယ်..
လမ်းထောင့်မှာ ပုလင်းထောင်ဝိုင်းဖွဲ့ဖြစ်ရင်
အခမ်းနားဆုံး သုခ…

ကမ္ဘာကိုကယ်တင်ချင်တဲ့ လူငယ်လေးတွေ
သူတို့အမေ ခေါင်းမှာ ဈေးဗန်းကြီး မနိုင်မနင်းနဲ့…

ပတ်ဝန်းကျင်ကို ဂရုမစိုက်ဟန်နဲ့
ပစ်ခနဲ ထွေးထုတ်လိုက်တဲ့ကွမ်းသွေးလို
အသုံးမကျတဲ့ သွေးဟာရဲရဲနီထွေး..

လွဲနေတဲ့ သတ္တိတွေ
လွဲနေတဲ့ လွတ်လပ်မှုတွေ
ပျော်စရာကို အပျက်ထဲရှာနေတဲ့
ငါတို့မြို့က လူငယ်ခြေပျက်လေးတွေ…။ ။
________________________________  

ဆန်းကျော်စွာဝင်း

BagOfSchool
#Syl

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ