မျှော်​နေသူတ​စ်ယောက်​ရဲ့​နေ့ - အမုံ (မရမ်းမြေ)



​မျှော်​နေသူတ​စ်ေ​ယာက်​ရဲ့​နေ့




မွန်းမတည့်သေးဘူး

သတိရခြင်းတွေက

တလိမ့်​လိမ့်​တက်လာပြီ

ဒီနေ့

ဘယ်လိုနေဝင်ရမလဲ 

ဆည်းဆာက

ပုပ်အဲ့​နေဦးမှာသေချာတယ်

အရုပ်ဆိုးနေတဲ့ ညရယ်

လွမ်းနေတဲ့ ငါရယ်

အရာရာဟာ အလာ့ဂျစ်ဆန်နေတယ်

စိတ်ကိုတင်းတယ်

ငါပြုံးနေတယ်

မနက်ဖြန်များစွာအတွက်

ဒီနေ့များစွာကိုအံတုရဦးမယ်

မှောင်နေတဲ့တောင်ကုန်း

ဘယ်တော့များအလင်းတွေဖြာမလဲ

အချစ်ဟာအတော်ဈေးကြီးသလား

ပေးဆပ်ခဲ့သမျှ

ရေပေါ်ရေးတဲ့ အရုပ်လို

ခေါက်သိမ်းထားတဲ့စာမျက်နှာတွေကိုမှ

တမေ့တမောဖတ်ချင်နေမိတယ်

ဆောင်းတွေသာနွေဆန်သွားရဲ့

ပြန်မလာသူတစ်ယောက်ရဲ့အလွမ်းဟာ

ကိုယ်နဲ့ဝေးရာဆီ ။


                         အမုံ(မရမ်းမြေ))

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ

ခရီးဖော် (မောင်မိုးအိမ်)