တခါတခါ (မင်းလူ) translated by Dr.Soe Than

" တခါတခါ "




တခါတခါ
အချစ်ဟာ သွေးနဲ့တူတယ်။
တစက်ဆို တစက်
တန်ဖိုး တက်တတ်တယ် ။

at times
love is like blood:
even just a drop,
its value tends to increase.

တခါတခါ
အချစ်ဟာ ချွေးနဲ့တူတယ်။
ငုပ်နေရင်လည်း မကောင်း
လွန်သွားရင်လည်း အန္တရာယ်ပဲ ။

at times
love is like sweat:
it's bad if you don't sweat,
too much sweat is dangerous.

တခါတခါ
အချစ်ဟာ တံတွေးနဲ့တူတယ် ။
မြုံထားမှ တန်ဖိုးရှိတယ် ။

at times
love is like spittle:
it's better when held in mouth.

တခါတခါ
အချစ်ဟာ သေးနဲ့တူတယ်။
စွန့်ထုတ်လိုက်တာနဲ့ 
အညစ်အကြေး ဖြစ်သွားတာပဲ ။

at times
love is like urine:
once released,
it becomes waste.

တခါတခါ
အချစ်ဟာ ချေးနဲ့တူတယ်။
သိပ်ချုပ်လွန်းရင်
အန္တရာယ်ဖြစ်တတ်တယ် ။

at times
love is like faeces:
chronic constipation
is harmful.

တခါတခါ
အချစ်ဟာ အတွေးနဲ့တူတယ်။
လွဲချော်မှုက၊ လက်တွေ့ဖြစ်မလာတာက
ပိုများတယ်။

at times
love is like thoughts:
there are more hitches and glitches
than realization of hopes.

တခါတခါ
အချစ်ဟာ ကလေးနဲ့တူတယ်။
ဘာမှမသိသေးတဲ့အချိန်ဟာ
အကောင်းဆုံးပဲ ။

at times
love is like a child:
the time of innocence
is simply the best.

တခါတခါ
အချစ်ဟာ သူဌေးနဲ့တူတယ်။
ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။

at times
love is like a boss:
it couldn't care less!

တခါတခါ
အချစ်ဟာ အမေးနဲ့တူတယ်။
အမှန်ကိုဖြေဖို့
ခက်လှတယ် ။

at times
love is like a question:
it's tough
to give a correct answer.

တခါတခါ
အချစ်ဟာ အကြွေးနဲ့တူတယ်။
ပြန်မပေးဆပ်နိုင်မှာ
သေချာတယ် ။ ။

at times
love is like debt:
it certainly
can't be paid back.

မင်းလူ
Translation: Soe Than

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ