Posts

Showing posts from October, 2017

လမ်းခွဲ (မိုင်မျိုးမျိုးဆန်း)

Image
လမ်းခွဲ  တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ရတာထက်  တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်နားမလည်တာခံရခက်တယ် . . ဝေးသွားလို့ ရတဲ့ဝေဒနာဆိုတာ စိတ်စိတ်ချင်းအပေါ်မှာမူတည်တာပါကွဲ့  နင်မလိုဘူးလို့ ပြောပြထားဖူးရင် ငါဘယ်နှစ်ခါထပ်ပေးမိလို့ လဲ  စေတနာပဲဖြစ်ဖြစ် အကြင်နာပဲဖြစ်ဖြစ်လေ . . ရန်တစ်ခါဖြစ်တိုင်း ငါတို့ တစ်ခါဝေးကြရမယ်ဆို  နားလည်မှုတွေကို ငါတို့ ဘာလို့ ခဲရာခဲဆစ်စုဆောင်းနေကြမလဲ  အချစ်ဆိုတာ သဲနဲ့ရေးတဲ့စာလေးပါပဲ  ပျောက်လွယ် ပျက်လွယ်ရှိလွန်းလိုက်တာ . . နား နား ပြီးမုန်းပါ  တစ်နေ့ ထက်တစ်နေ့ ပိုပြီးမုန်းပါ  ချစ်စရာကောင်းတာ မမြင်နိုင်ဘူးဆိုရင်  မုန်းစရာကောင်းတာ ရှာတွေးကြည့်လေ  ချစ်တာပဲဖြစ်ဖြစ် မုန်းတာပဲဖြစ်ဖြစ် သတိမရဘဲ လုပ်ယူလို့ မှမရတာ  ငါကတော့ မင်းကို နေ့ တိုင်းမုန်းတယ် . . ဟောဒီမှာ ငါ့အချစ်တွေ  သဲထဲရေသွန်သလို အောချလိုက်တယ် . . ဟောဒီမှာ ငါ့အချစ်တွေ  ရောက်ချင်ရာရောက် မျှောလွှတ်လိုက်တယ် . . ဟောဒီမှာ ငါ့အချစ်တွေ  အမှိုက်တွေလို သွန်ချလိုက်တယ် . . နောက်ဆုံးအနေနဲ့ မြင်အောင်ကြည့်ထား  ငါ့လွမ်းဆွတ်ခြင်း သက်တမ်းကုန်ပြီ . . ဒီကဗျာဟာ နောက်ဆုံးကမ္ဘာပဲ  ငိုကြွေးစရာလဲ ကုန်ပြီလေ ။  

လူတစ်ယောက်ကိုချစ်တယ်ဆိုတာ (မိုးမြင့်မာန်; Translated by Dr.Soe Than)

Image
လူတစ်​ယောက်​ကို ချစ်​တယ်​ဆိုတာက အဲ့ဒီချစ်​တယ်​ဆိုတဲ့​နေရာ​လေးမှာ ရပ်​လိုက်​တာ အ​ကောင်းဆုံးပဲ ...!!! when you've fallen in love with someone, it's the best thing to do to halt it at that 'love' stage. ပိုင်​ဆိုင်​စရာမလိုဘူး... သဝန်တိုစရာမရှိဘူး... အနားမှာရှိခွင့်​တွေမပါဘူး... ရန်​ဖြစ်​ရခြင်း​တွေမရှိဘူး... ​သေချာတယ်​အဲ့အချစ်​က သိပ်​အေးချမ်းတယ် ။ no need for possession no room for jealousy no right to stay close to them no fights nor quarrels, certainly, such love is very peaceful. စိတ်​တိုင်းကျလည်း ချစ်​ခွင့်​ရှိတယ်​... ဂရုစိုက်​ခွင့်​ရှိတယ်​။ you may love to your heart's content, and take care of them as you wish. ကိုယ်​သူ့ကို သိပ်​ချစ်​တယ်​ ဒါ​ကြောင့် ချစ်​တယ်​ဆိုတဲ့​နေရာမှာပဲထားခဲ့တယ်... i love her very much, so i left it at that stage called love. Moe Myint Man(မိုးမြင့်မာန်) Translation: Dr.Soe Than 

မီးတောက်ရမ်သမ် (တာရာမင်းဝေ)

Image
မီးတောက်ရမ်သမ် ~~~~~~~~~ {1} အခုလို … လှပအေးစက်နေတဲ့ညမှာပဲ ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ … ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ် တိမ်လွှာမျဉ်းကောက်တွေကလည်း ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ ရွှေမျက်ရည်တွေ စိုလက်လာပြီလို့ မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို တီးတိုးပြောကြားလိုက်တယ် “ချစ်ခြင်းမေတ္တာဟာ”… ဟာ မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို နောက်ဆုံးမှာ … မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့ နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ် လူငယ်တစ်ယောက်ကို ပြုစားဖို့ ဘယ်နတ်ဘုရားထံမှာ နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ … ငါ့ရာဇဝင် ခပ်ကျဲကျဲကို ငရဲမီးထဲ တွန်းချလိုက်ချင်တယ် သံယောဇဉ်…ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ … လောကဓံဦးတုန်းက … အလွန်းအကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက် ခုမှ…စံပယ်ရွက်ပေါ်မူးလဲ… အသည်းကွဲတယ်…ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက … ထိရှခဲ့တဲ့…သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ… သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့ နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက ငါ့ကို…ဆီးမိုးထားတယ်… စက်ရုပ်ကို ဒူးထောက်ကျစေတဲ့ နင့်ရဲ့…မျက်ဝန်းစိမ်းလဲ့မှာ… ငါ…ဘယ်လိုမှ မေ့မရတဲ့ မဟာလကာင်္ တစ်ပိုင်းတစ်စ…ရှိနေေ

မာယာရှင်သို့ အညံ့ခံခြင်း (နေကြာ)

Image
မာယာရှင်သို့ အညံ့ခံခြင်း ငါ့နှလုံးသားကို ခွင့်မတောင်းပဲ ချည်သည် ခုမှ မသိဟန်ဆောင်တာ ဘယ်အညှိုးများကြောင့်လဲ။ ကျေးငှက်တို့  စိုးစိုးစာစာမြည်ပြီ အိပ်မပျော်နိုင်ခဲ့တာ ဘယ်နှစ်ညတိုင်ခဲ့ပြီလဲ။ မျှော်လင့်ခြင်းဖြင့် နိုးထသော မနက်တိုင်းမှသည်~ မျက်ရည်တို့ဖြင့် ကုန်လွန်ရသော ညနက်နက်တို့ထိ နာ"ကျင်" လွမ်းနေခြင်းသည်... ငါ့သစ္စာ ငါ့စွဲလမ်းမှု၏ သက်သေပြချက်များ ဖြစ်သည်။ ထို့အပြင်.. သူ့မာယာ သူ့နိုင်လိုမှုကို နာခံ အရှုံးပေးခြင်းလည်း မည်၏။ မာယာရှင်ငဲ့.. ရက်စက်ရင်း ပျော်နိုင်ပါစေလေ..... ။                                 နေကြာ

အချစ်လို့တွေးမိတာနဲ့ (စုယဉ်ယဉ်စိန်)

Image
အချစ်လို့တွေးမိတာနဲ့ အချစ်လို့တွေးမိတာနဲ့ အေးစက်ထုံကျဉ်တဲ့ ဆောင်းနံနက်ခင်းမှာ နွေးထွေးတဲ့နေခြည်ရဲ့ ပက်ဖျန်းခြင်းကိုခံရသလို နွေးထွေးလုံခြုံပြီး ပြည့်စုံသာယာနေတာမျိုး။ အချစ်လို့တွေးမိတာနဲ့ မရေရာတဲ့မနက်ဖြန်တွေကို ရေရာသေချာနေတဲ့ ပုံသေအစီစဉ်တွေနဲ့ စိတ်ကူးကြည်နူးမိတာမျိုး။ အချစ်လို့တွေးမိတာနဲ့ ပူပန်မှုစပ်စပ်တွေ ချဉ်းနင်းဝင်ရောက်လာပြီး ဆုံးရှုံးမှုဆိုတဲ့အရာကို ကြောက်တတ်လာတာမျိုး။ အချစ်လို့တွေးမိတာနဲ့ အမှောင်အတိပြည့်နေတဲ့ မဟူရာလမိုက်ညမှာ ဝင်းဝင်းပပသာလေတဲ့ လမင်းကြီးကိုအားပါးတရ မော်ကြည့်ရသလိုမျိုး။ အချစ်လို့တွေးမိတာနဲ့ ကမ္ဘာလောတစ်ခုလုံး မိန်းမောအိပ်မောကျ တိတ်ဆိတ်ငြိမ်သက်ပြီး အရာရာအေးချမ်းနေသလိုမျိုး။ အချစ်လို့တွေးမိတာနဲ့ အချစ်ပန်းတွေစိုက်ပျိုး အကြင်နာပန်းတွေပွင့်လန်း သစ္စာတရားတွေထုံသင်း သူပျော်ဖို့အတွက် ယုယမှုအသီးတွေး အလျှံပယ်ခူးကျွေးချင်တာမျိုး။ အချစ်လို့တွေးမိတာနဲ့ သူသာရှိလျှင် အရာရာပြီးပြည့်စုံတာမျိုးပေါ့။                                စုယဉ်ယဉ်စိန်

တိတ်တခိုး (မောင်စိန်ဝင်း-ပုတီးကုန်း)

Image
တိတ်တခိုး ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင် အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ ဒီလိုရည်စူးပြီး ဖူးပွင့်လို့အစဉ် ခင်ကြိုက်ရင် ညှာကိုချိုး မြတ်နိုးတော့ ပန်ချင်ပန် မပန်ချင်ပစ်လိုက်ပေါ့ ဆင်ချင်မှဆင်…. မဆင်လို့ပဲပစ်ပစ် မမြင်လို့ပဲဖြစ်ဖြစ် ပင်ယံ ဟိုစိမ်းရွက်ကြား မွှေးရနံ့အစဉ် မကြင်လို့ပဲပစ်ပစ် မခင်လို့ပဲဖြစ်ဖြစ် ခင်သိရင် တို့ကျေနပ်လို့ အပင်ထက်မှာ ပွင့်သွားဖို့အစဉ်။                        မောင်စိန်ဝင်း(ပုတီးကုန်း)

အလွမ်းဆိုတာ အလေ့ကျပေါက်ပင်မဟုတ်ရင်ကောင်းမယ် (မိုင်မျိုးမျိုးဆန်း)

Image
အလွမ်းဆိုတာ အလေ့ကျပေါက်ပင်မဟုတ်ရင်ကောင်းမယ် ဒီခရီးကို ဒီမှာစပြီး ဒီခရီးကို ဒီမှာဆုံးမယ်ဆိုလဲ ဆုံးလိုက်ကြရုံ . . ရှေးရေစက်ဆိုတာမျိုးက ကိုယ့်စိတ်ကြိုက်ဖြစ်ရိုးထုံးစံမှ မရှိတာပဲ. . အေးစက်သွားတာမျိုးတော့မဟုတ်ဘူး ဘယ်အရာကိုမှ ရွေးချယ်ခွင့်မရှိတဲ့အခါ အေးစက်ဖို့ ကိုပဲရွေးချယ်လိုက်ရရုံ. . နေညိုချိန်နဲ့ကြုံလာမှတော့  ကိုယ့်ရင်ခုန်သံတွေဆိုတာကိုလဲ  ကိုယ်ကိုယ်တိုင်ပဲ အေးခဲလိုက်ရတယ်  ပုပ်သိုးသွားမှာ စိုးလို့ ပါကွယ် . . ရည်ရွယ်ချက်ရှိရှိနဲ့ တိတ်ဆိတ်နေတာမျိုးလဲမဟုတ်ဘူး  ဘယ်လိုစကားလုံးမျိုးနဲ့မှ အကြုံးမဝင်တော့တဲ့အခါ တိတ်ဆိတ်ခြင်းတစ်ခုကိုပဲ စိတ်လိုလက်ရ ရွေးချယ်လိုက်ရရုံ . . တစ်နည်းအားဖြင့်တော့ . . မျက်စိကိုစုံမှိတ်ပြီး ဆွံ့အ လိုက်ရတယ်ဆိုရုံပါပဲ . . ကိုယ်ဟာ . . ဘယ်တုန်းကနဲ့မှမတူတဲ့ ငြိမ်သက်ခြင်းမျိုးနဲ့ ကိုယ်ကိုယ်တိုင်တောင် အံ့သြရလောက်အောင်ငြိမ်သက်မိတယ် . . တကယ်တော့ . . ငြိမ်သက်ခြင်းက  ပိုပြီးတော့ ဆူညံတယ်ဆိုတာကိုလဲ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် . . နာစရာရှိတာတော့ နာတာပေါ့ လွမ်းစရာတွေမက

အချစ်လို့တွေးမိတာနဲ့ (စုယဉ်ယဉ်စိန်)

Image
အချစ်လို့တွေးမိတာနဲ့ အချစ်လို့တွေးမိတာနဲ့ အေးစက်ထုံကျဉ်တဲ့ ဆောင်းနံနက်ခင်းမှာ နွေးထွေးတဲ့နေခြည်ရဲ့ ပက်ဖျန်းခြင်းကိုခံရသလို နွေးထွေးလုံခြုံပြီး ပြည့်စုံသာယာနေတာမျိုး။ အချစ်လို့တွေးမိတာနဲ့ မရေရာတဲ့မနက်ဖြန်တွေကို ရေရာသေချာနေတဲ့ ပုံသေအစီစဉ်တွေနဲ့ စိတ်ကူးကြည်နူးမိတာမျိုး။ အချစ်လို့တွေးမိတာနဲ့ ပူပန်မှုစပ်စပ်တွေ ချဉ်းနင်းဝင်ရောက်လာပြီး ဆုံးရှုံးမှုဆိုတဲ့အရာကို ကြောက်တတ်လာတာမျိုး။ အချစ်လို့တွေးမိတာနဲ့ အမှောင်အတိပြည့်နေတဲ့ မဟူရာလမိုက်ညမှာ ဝင်းဝင်းပပသာလေတဲ့ လမင်းကြီးကိုအားပါးတရ မော်ကြည့်ရသလိုမျိုး။ အချစ်လို့တွေးမိတာနဲ့ ကမ္ဘာလောတစ်ခုလုံး မိန်းမောအိပ်မောကျ တိတ်ဆိတ်ငြိမ်သက်ပြီး အရာရာအေးချမ်းနေသလိုမျိုး။ အချစ်လို့တွေးမိတာနဲ့ အချစ်ပန်းတွေစိုက်ပျိုး အကြင်နာပန်းတွေပွင့်လန်း သစ္စာတရားတွေထုံသင်း သူပျော်ဖို့အတွက် ယုယမှုအသီးတွေး အလျှံပယ်ခူးကျွေးချင်တာမျိုး။ အချစ်လို့တွေးမိတာနဲ့ သူသာရှိလျှင် အရာရာပြီးပြည့်စုံတာမျိုးပေါ့။                                စုယဉ်ယဉ်စိန်