မာယာရှင်သို့ အညံ့ခံခြင်း (နေကြာ)


မာယာရှင်သို့ အညံ့ခံခြင်း


ငါ့နှလုံးသားကို
ခွင့်မတောင်းပဲ ချည်သည်
ခုမှ မသိဟန်ဆောင်တာ
ဘယ်အညှိုးများကြောင့်လဲ။

ကျေးငှက်တို့ 
စိုးစိုးစာစာမြည်ပြီ
အိပ်မပျော်နိုင်ခဲ့တာ
ဘယ်နှစ်ညတိုင်ခဲ့ပြီလဲ။

မျှော်လင့်ခြင်းဖြင့် နိုးထသော
မနက်တိုင်းမှသည်~
မျက်ရည်တို့ဖြင့် ကုန်လွန်ရသော
ညနက်နက်တို့ထိ
နာ"ကျင်" လွမ်းနေခြင်းသည်...
ငါ့သစ္စာ ငါ့စွဲလမ်းမှု၏
သက်သေပြချက်များ ဖြစ်သည်။

ထို့အပြင်..
သူ့မာယာ သူ့နိုင်လိုမှုကို
နာခံ အရှုံးပေးခြင်းလည်း မည်၏။

မာယာရှင်ငဲ့..
ရက်စက်ရင်း ပျော်နိုင်ပါစေလေ..... ။

                                နေကြာ

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ