လမ်းခွဲ (မိုင်မျိုးမျိုးဆန်း)
လမ်းခွဲ
တစ်ယောက်မျက်နှာ
တစ်ယောက်မမြင်ရတာထက်
တစ်ယောက်ရဲ့ စိတ်ကို
တစ်ယောက်နားမလည်တာခံရခက်တယ် . .
ဝေးသွားလို့ ရတဲ့ဝေဒနာဆိုတာ
စိတ်စိတ်ချင်းအပေါ်မှာမူတည်တာပါကွဲ့ 
နင်မလိုဘူးလို့ ပြောပြထားဖူးရင်
ငါဘယ်နှစ်ခါထပ်ပေးမိလို့ လဲ
စေတနာပဲဖြစ်ဖြစ်
အကြင်နာပဲဖြစ်ဖြစ်လေ . .
ရန်တစ်ခါဖြစ်တိုင်း
ငါတို့ တစ်ခါဝေးကြရမယ်ဆို
နားလည်မှုတွေကို
ငါတို့ ဘာလို့ ခဲရာခဲဆစ်စုဆောင်းနေကြမလဲ
အချစ်ဆိုတာ
သဲနဲ့ရေးတဲ့စာလေးပါပဲ
ပျောက်လွယ် ပျက်လွယ်ရှိလွန်းလိုက်တာ . .
နား နား ပြီးမုန်းပါ
တစ်နေ့ ထက်တစ်နေ့ ပိုပြီးမုန်းပါ
ချစ်စရာကောင်းတာ မမြင်နိုင်ဘူးဆိုရင်
မုန်းစရာကောင်းတာ ရှာတွေးကြည့်လေ
ချစ်တာပဲဖြစ်ဖြစ် မုန်းတာပဲဖြစ်ဖြစ်
သတိမရဘဲ လုပ်ယူလို့ မှမရတာ
ငါကတော့ မင်းကို နေ့ တိုင်းမုန်းတယ် . .
ဟောဒီမှာ ငါ့အချစ်တွေ
သဲထဲရေသွန်သလို အောချလိုက်တယ် . .
ဟောဒီမှာ ငါ့အချစ်တွေ
ရောက်ချင်ရာရောက် မျှောလွှတ်လိုက်တယ် . .
ဟောဒီမှာ ငါ့အချစ်တွေ
အမှိုက်တွေလို သွန်ချလိုက်တယ် . .
နောက်ဆုံးအနေနဲ့ မြင်အောင်ကြည့်ထား
ငါ့လွမ်းဆွတ်ခြင်း သက်တမ်းကုန်ပြီ . .
ဒီကဗျာဟာ
နောက်ဆုံးကမ္ဘာပဲ
ငိုကြွေးစရာလဲ ကုန်ပြီလေ ။ ။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment