တိတ်တခိုး (မောင်စိန်ဝင်း-ပုတီးကုန်း)



တိတ်တခိုး


ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင်

အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ
ဒီလိုရည်စူးပြီး ဖူးပွင့်လို့အစဉ်
ခင်ကြိုက်ရင် ညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်

မပန်ချင်ပစ်လိုက်ပေါ့ ဆင်ချင်မှဆင်….
မဆင်လို့ပဲပစ်ပစ် မမြင်လို့ပဲဖြစ်ဖြစ်
ပင်ယံ ဟိုစိမ်းရွက်ကြား မွှေးရနံ့အစဉ်
မကြင်လို့ပဲပစ်ပစ် မခင်လို့ပဲဖြစ်ဖြစ်

ခင်သိရင် တို့ကျေနပ်လို့

အပင်ထက်မှာ ပွင့်သွားဖို့အစဉ်။

                       မောင်စိန်ဝင်း(ပုတီးကုန်း)

Comments

Popular posts from this blog

ချစ်ခြင်း (ဖြိုးဝေအောင်) translated by HZH

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)