Posts

Showing posts from May, 2019

ဂွတ်နိုက် (မိုင်မျိုးမျိုးဆန်း))

Image
ဂွတ်နိုက် အချစ်ရေ . . ဝေးရမယ့် ရာသီမျိုးမှာမှ  ကိုယ်တို့ တွေ ပျိုးကြဲမိခဲ့တာလား ပြိုမှာစိုးတဲ့ ကိုယ်တို့ ရဲ့ ကောင်းကင်ကြီးကို  လက်ဗလာနဲ့ဖြစ်ဖြစ် ကာထားကြစို့ရဲ့ . . ဟိုးဝေးဝေးမှာ "အနာဂါတ်သို့". .ဆိုတဲ့ လမ်းညွှန်မြှားလေးရှိတယ်  အချစ်ရေ . . တစ်ယောက်တစ်ကမ္ဘာစီခြားနေရင်တောင် လှမ်းမျှော်ရာအရပ်တူကြစို့ ရဲ့ . . စိတ်မညစ်ပါနဲ့ကွယ် . . ခြားနားခြင်းတွေက ဘာအရေးလဲ  ကိုယ့်ကိုချစ်တဲ့စိတ်ကလေးကိုပဲ  ငြိမ်းမသွားအောင် ကာထားပေးပါ  ယူဇနာတစ်သောင်းဆိုရင်လဲ  စိတ်စိတ်ချင်း ခရီးနှင်ဖို့ အတွက်ဆိုရင်  ဝေးလွန်းလှတဲ့အရပ်တော့ မဟုတ်ပါဘူးကွယ် . . မှတ်ထားနော် . . တမ်းတခြင်းတွေ ကြီးစိုးလာတဲ့အခါ . . ကိုယ်ရှိရာ အရပ်ကိုတည့်တည့်မှန်းပြီး သတိရနေတဲ့စိတ်ကို လေးညှို့ကလွှတ်ပါ  တဟုန်ထိုးပြေးလာတဲ့ ကိုယ့်ရဲ့ စိတ်နဲ့ အလွမ်းရဲ့ ဆုံမှတ်မှာ တွေ့ကြမယ် . . စိတ်မပူပါနဲ့ အချစ်ရယ် . . . . မနက်မိုးသောက်တဲ့အခါ ကိုယ်တို့ မျှော်လင့်နေတဲ့ကမ္ဘာ  ရောက်ချင်လဲ ရောက်လာမှာပေါ့   အခုညတော့ . . မင်းရဲ့ မျက်လွှာလေးကိုပိတ်  ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ အိပ်ရာဝင်ပါ. . အိပ်မက်ကမ္ဘာ

ငါဟာ ကာတွန်းကားထဲကလို အမြဲ ရှုံးနေတဲ့ ကြောင်ပါ မင်းလည်း နိုင်ပါ မိဝေ (ထွဏ်းသွေးအိမ်)

Image
ငါဟာ ကာတွန်းကားထဲကလို အမြဲ ရှုံးနေတဲ့ ကြောင်ပါ  မင်းလည်း နိုင်ပါ မိဝေ ————————————— ရေတံခွန် ရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ စမ်းချောင်းလိုပါပဲ သိမ်ငယ်မှုတွေ နဲ့ ပဲ စီးဆင်းလို့ နီးမလိုလိုနဲ့ ဝေးဝေးသွားတဲ့ လမ်းပေါ် မင်းခြေသံကို အလွတ်မှတ်မိနေတဲ့ ပိုးစုန်းကြူးလေး တွေ က ညကျ စကားတွေ လာလာပြောရဲ့ တစ်ခါက ဒီတနင်္ဂနွေတွေ အသက်ဝင်ခဲ့တာ ကို သမိုင်းစာအုပ်ထဲ အတိအကျ ရှိခဲ့ပါတယ် မင်း မျက်မှန်ကိုင်းဟောင်းလေး မှာ သေချာရှာကြည့်ရင် တွဲလဲခိုနေတဲ့ အလွမ်းတွေ မြင်ရမှာ မျက်နှာကြက်က အိမ်မြှောင် လက်ပေါ်ပြုတ်ကျတဲ့ နေ့က ငါ အကောင်းပဲ တွေး ခဲ့တာ ပါ မိဝေ တရားဓမ္မ က နေ လည်း ငါ့ကို ဆုံးမပါ ငါ လိမ္မာပါ့မယ် ဘဝထဲ ကိုယ့်ဘူတာလေး နဲ့ ကိုယ် ဖြစ်တော့မှ မင်း ရထား လာ မရပ်တော့ဘူး ဆို သံသရာဆိုတာကြီး ထဲ ကိုယ် ခုန်ချနေခဲ့တော့မယ်  မိဝေ စတိုး ဆိုင်ထဲ ဝင်ကြည့်တော့ မင်း ရယ်သံ တွေ က ဝယ်လို့မရဘူး လှေခါးထစ် တစ်ခု ကျန်အုံးမယ် ဆို ချန်ထားပေးပါ့လား မိဝေ “ ကံ ” ဆိုတာကြီး က မျက်နှာသာပေးခဲ့ ရင် မင်း ဘုံ နား လာချင်လို့ပါ ထွဏ်းသွေးအိမ် ၂၄-၂-၂၀၁၉

ခွင့်လွှတ်ပါ Emerald Mon translated by ဆရာ​ဒေါက်တာစိုးသန်း

ခွင့်လွှတ်ပါ။ အလွမ်း ဓါတ်ခံရှိတော့ မင်းဟိုဘက် ငေးနေရင်တောင် ကိုယ့်ကို ပစ်ပြေးဖို့တွေးတယ် လို့ ထင်နေမိတာ. . .။ Emerald Mon Forgive me. I'm such a hopeless emo! When you're gazing the other way, I even entertained the thought- You're going to dump me. translation: Dr. Soe Than

လင်းမာအိုရေးတဲ့ကဗျာများ

ပြတင်းပေါက်မှန်မှာ လာမှန်ပြီး  လိမ့်ဆင်းသွားတဲ့ မိုးစက်လေးတွေကို ငေးကြည့်နေမိတယ် ဒီလိုနေ့မျိုးမှာ  နင့်လက်ဖဝါးလေးကို ဖျစ်ညှစ်ဆုပ်ကိုင်ရင်း ငါတို့ကို မသိတဲ့ လူတွေကြားမှာ လျှောက်သွားချင်နေမိတယ် မုန့်စားနေတဲ့ နင့်ပုံရိပ်လေးတိုင်းဟာ ငါအကြိုက်ဆုံး ပန်းချီကားချပ်ဖြစ်တယ် အခုတော့ ငါတစ်ယောက်တည်း  အခန်းကျဉ်းလေးထဲ...။ လင်းမာအို

အိမ်ပြေး (လင်းယံမြတ်)

အိမ်ပြေး  မီးရထား​တွေ အိပ်​မက်​မက်​တဲ့ညမှာ ကျ​နော်​က နယ်​မြို့​လေးရဲ့ အ​ဝေးမှာ။ အညို​ရောင်​ကော်​ဖီကို​သောက်​၊ ဂီတတ​ဒေါင်​ဒေါင်​ခေါက်​ပြီး ​ယောင်​ချာချာ​ခြောက်​ကပ်​တဲ့ ညနက်​ရှည်​တွေ ဖြတ်​သန်းရင်း အ​မေ့အိမ်​ကို လွမ်း​ခဲ့ရ။ မာနကို​ဘေးချိတ်​၊ သိတတ်​မှု​တွေချပြရင်း အပြုံး​တုများရဲ့​နောက်​ကွယ်​မှာလည်း ရိုက်​ငိုခဲ့ရ။ ကျ​နော်​က နယ်​မြို့​လေးရဲ့အ​ဝေးမှာ စိတ်အစဉ်​က အ​မေ့အိမ်​မှာ။ ဘ၀ဆိုတာ ဘာများလဲ.... အတ္တကို​ခြေနင်းထားပြီး​ခေါင်းငုံ့ခဲ့ရခြင်း​တွေ ပကာသနအနံ့ကို ရှူ ရှိုက်​ကြတဲ့ ပတ်​၀န်းကျင်​ထဲ ကိုယ်​ရဲ့ရိုးသားမှုကို အ​ရောင်​မစွန်း​အောင်​ထုတ်​ပိုးထားခဲ့ရခြင်း​တွေ ​လေစိမ်း​တွေ တိုက်​တိုင်း ၊​လေ​ပြေလို ညင်​သာခဲ့ရခြင်း​တွေ။ ​အောင်​မြင်​မှုများရဲ့​နောက်​ကွယ်​က ရှုံးနိမ့်​မှု​တွေ အပြုံးတုများရဲ့ မျက်​ကွယ်​က အမုန်းထုထည်​တွေ သည်းခံခြင်းရဲ့​ကျောဘက်​က စာနာမှု​တွေ ချစ်​ခြင်း​မေတ္တာ​ရဲ့ အခြားတစ်​ဖက်​က​စောင့်​စည်းခြင်း​တွေ။ ဘ၀ဟာ ဟ၀ှက်​ဖဲတစ်​ချပ်​ဆိုရင်​တောင်​ သူတို့ဘက်​က မမြင်​နိုင်​တဲ့ အခြမ်း​တွေ။ ဘ၀ဟာ ဘယ်​လောက်​ကြမ်းနိုင်​မလ

ဒုတိယမ္ပိ ​သေဆုံးခြင်း(လင်းယံမြတ်)

 ဒုတိယမ္ပိ ​ သေဆုံးခြင်း "မ ​ တွေ့တာ ကြာပြီ ​ နော် ​ "တဲ့ ။ တကယ် တော့ ကိုယ် ​ မညာသင့်ဘူး။ ဒါ ​ ပေမယ့် မင်း ​ ဘေးက လူတစ် ​​ ယောက် ​ ကို ကိုယ် ​ အားနာသင့်တယ် ​ ထင် ​ လို့။ အင်း ​ ပေါ့ ကိုယ် ​ ​ ဖြေလိုက် ​ ရပါတယ် ​ ။ ​ မင်းနဲ့ ​ ဝေးပြီးတဲ့ ​ နောက် ​ .. မဟုတ် ​ ဘူး.. မင်း ချန် ​ ထားခဲ့တဲ့ ​ နောက် ​ အခုချိန် ​ ထိ မင်းကို ​ မေ့ဖို့ ကြိုးစား ​ နေဆဲ ဆိုတာ မင်းသိဖို့ မလိုဘူး ​ လေ။ ကိုယ့်အတွက် ​​ တော့ အိပ် ​ မက် ​ ကောင်းမက် ​ တုန်း လှုပ် ​ နှိုးခံရသလို အဆင် ​ မ ​ ပြေလှဘူး။ ဒိုင် ​ ယာရီမှာ ​​ တောင် ​ မင်းနာမည် ​​ လေး မှင် ​​ ခြောက် ​ အုံးမယ် ​ မထင် ​ ဘူး ​ လေ။ "မ ​ တွေ့တာ ကြာပြီ ​ နော် ​ " တဲ့။ ကိုယ် ​ ဘယ် ​ လို ​ ပြောရမလဲ။ မင်း ​ ပြော ​ ပြော ​ နေတဲ့ အနာဂတ် ​ ခရီးလမ်းကို လက် ​ တွဲသွားချင် ​ သူက မင်း ​ ဘေးက အဲလိုလူတစ် ​​ ယောက် ​ လား။ တကယ်တမ်းကျေ ​ တာ့ ​ ကိုယ် ​ မနာလိုဘူး။ ပြီး ​ တော့ မင်းကို လက် ​ လွှတ် ​ ရမှာစိုးတဲ့စိတ် ​ နဲ့ နှုတ်ေ ​ တာင် ​ မဆက် ​ ချင် ​ ဘူး။ မင်းရဲ့ ဟိုအရင် ​ လို မဟု